လီဗာပူးကစားသမားဟောင်း ဂျွန်အဲဒရစ်က ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးကပဲ ယူနိုက်တက်ရဲ့ ကစားသမားကောင်းတွေဖြစ်ပြီး သူတို့ကလွဲရင် မန်ချက်စတာကလပ်ရဲ့ ကစားသမားတွေက သာမာန်တွေပါလို့ ထုတ်ပြောလာပါတယ်။

၂၀၁၉-၂၀၂၀ ရာသီမှာ ပြည်တွင်းလိဂ်ကို လွှမ်းမိုးခဲ့တဲ့ လီဗာပူးဟာ တည်ငြိမ်မှုရဖို့နဲ့ ဒဏ်ရာပြဿနာတွေကြား ရုန်းကန်ခဲ့ရတာကနေ ဒီရာသီမှာ ပြိုင်ဘက်တွေကို အနောက်မှာ ပိုမိုနီးကပ်လာခွင့် ပေးထားရတယ်ဆိုတာကို နားလည်ထားတာပါ။

ဒါပေမယ့် အဲဒရစ်ခ်ျကတော့ ကလော့ပ်ရဲ့ အသင်းဟာ မန်ချက်စတာက ပြိုင်ဘက်တွေထက် ပိုပြီး အင်အားတောင့်တင်းဆဲ ဖြစ်တယ်လို့ ထင်မြင်နေသလို ဖလားစိန်ခေါ်မယ့်သူတွေကို တိုက်ထုတ်ဖို့ အန်ဖီးကွင်းမှာ ရလာတဲ့ အခွင့်အရေးကနေ ဒါကို သက်သေပြလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂျွန်အဲဒရစ်က “ လီဗာပူးတိုက်စစ်သမားတွေကို သူတို့ အလိုရှိသလို အဆုံးသတ်တာတွေ လုပ်ဖို့နဲ့ လှိမ်ခေါက်တာတွေ လုပ်ခွင့်ကို ပေးမှာဖြစ်ပေမယ့် ယူနိုက်တက် ကစားသမားတွေ ဘယ်နေရာမှာ ကောင်းတယ်ဆိုတာကို သေချာသိအောင်တော့ ယာဂင်ကလော့ပ်က သူ့အသင်းသားတွေကို သတိပေးထားလိမ့်မယ်။

ယူနိုက်တက် ပိုကောင်းတဲ့နေရာက ဘရူနိုဖာနန်ဒက်စ်နဲ့ မားကပ်ရက်ဖို့ဒ်တို့ဆီမှာ ဘောလုံးရှိတဲ့အခါပဲ။ သူတို့က အန္တရာယ်ရှိသူတွေဖြစ်တယ်။ ကျန်တဲ့လူတွေက သာမန်ပါပဲ။ သူတို့နှစ်ယောက်သာ မရှိရင် သူတို့ အဆင့် ၅၊ ၆ လောက်မှာ ရှိနေမှာပါ။

ကလော့ပ်က ဒီတစ်ပတ် ယူနိုက်တက်ကို မြှောက်ပင့်ချီးကျူးနေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းပါ။ ဒါကို သက်သေပြခဲ့ပြီးပါပြီ။ ယူနိုက်တက်က ကျွန်တော်တို့နားကို ပိုပြီးနီးစပ်လာရုံလောက်ပါပဲ။

ကျွန်တော်တို့က အတည်လုပ်နေတယ်ဆိုတာ ပြသရမှာပါ။ အခုက တဖြည်းဖြည်းနဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ အခုကနေ စတင်ရတော့မှာပါ။ အထူးသဖြင့် ယူနိုက်တက်နဲ့ ပွဲမှာပေါ့။ အခုက လမ်းကြောင်းမှန်ပေါ် ပြန်သွားဖို့ အချိန်ပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မီဒီယာတွေမှာတော့ ဒီတစ်ကြိမ် ဇယားထိပ်ဆုံးက အသင်းတွေအဖြစ်နဲ့ ထိပ်တိုက်တွေ့ကြမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲကို အတော်လေး အလေးပေးလိုနေကြပြီး သီတင်းပတ် အကုန် မရောက်ခင်မှာ ဝေဝေဆာဆာတော့ အပြန်အလှန် သုံးသပ်ချက်တွေဖြင့် ပွဲဆူလာဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ဂၽြန္အဲဒရစ္က ဖာနန္ဒက္စ္နဲ႔ ရက္ဖို႔ဒ္တို႔ ႏွစ္ဦးကပဲ ယူႏုိက္တက္ရဲ႕ ကစားသမားေကာင္းေတြျဖစ္ျပီး သူတို႔ကလြဲရင္ မန္ခ်က္စတာကလပ္ရဲ႕ ကစားသမားေတြက သာမာန္ေတြပါလို႔ ထုတ္ေျပာလာပါတယ္။

၂၀၁၉-၂၀၂၀ ရာသီမွာ ျပည္တြင္းလိဂ္ကို လႊမ္းမိုးခဲ့တဲ့ လီဗာပူးဟာ တည္ၿငိမ္မႈရဖို႔နဲ႔ ဒဏ္ရာျပႆနာေတြၾကား ႐ုန္းကန္ခဲ့ရတာကေန ဒီရာသီမွာ ၿပိဳင္ဘက္ေတြကို အေနာက္မွာ ပိုမိုနီးကပ္လာခြင့္ ေပးထားရတယ္ဆိုတာကို နားလည္ထားတာပါ။

ဒါေပမယ့္ အဲဒရစ္ခ္်ကေတာ့ ကေလာ့ပ္ရဲ႕ အသင္းဟာ မန္ခ်က္စတာက ၿပိဳင္ဘက္ေတြထက္ ပိုၿပီး အင္အားေတာင့္တင္းဆဲ ျဖစ္တယ္လို႔ ထင္ျမင္ေနသလို ဖလားစိန္ေခၚမယ့္သူေတြကို တိုက္ထုတ္ဖို႔ အန္ဖီးကြင္းမွာ ရလာတဲ့ အခြင့္အေရးကေန ဒါကို သက္ေသျပလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂြၽန္အဲဒရစ္က “ လီဗာပူးတိုက္စစ္သမားေတြကို သူတို႔ အလိုရွိသလို အဆံုးသတ္တာေတြ လုပ္ဖို႔နဲ႔ လွိမ္ေခါက္တာေတြ လုပ္ခြင့္ကို ေပးမွာျဖစ္ေပမယ့္ ယူႏုိက္တက္ ကစားသမားေတြ ဘယ္ေနရာမွာ ေကာင္းတယ္ဆိုတာကို ေသခ်ာသိေအာင္ေတာ့ ယာဂင္ကေလာ့ပ္က သူ႔အသင္းသားေတြကို သတိေပးထားလိမ့္မယ္။

ယူႏိုက္တက္ ပိုေကာင္းတဲ့ေနရာက ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ မားကပ္ရက္ဖို႔ဒ္တို႔ဆီမွာ ေဘာလုံးရွိတဲ့အခါပဲ။ သူတို႔က အႏၲရာယ္ရွိသူေတြျဖစ္တယ္။ က်န္တဲ့လူေတြက သာမန္ပါပဲ။ သူတို႔ႏွစ္ေယာက္သာ မရွိရင္ သူတို႔ အဆင့္ ၅၊ ၆ ေလာက္မွာ ရွိေနမွာပါ။

ကေလာ့ပ္က ဒီတစ္ပတ္ ယူႏိုက္တက္ကို ေျမႇာက္ပင့္ခ်ီးက်ဴးေနမွာ မဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ပိုေကာင္းတဲ့အသင္းပါ။ ဒါကို သက္ေသျပခဲ့ၿပီးပါၿပီ။ ယူႏုိက္တက္က ကြၽန္ေတာ္တို႔နားကို ပိုၿပီးနီးစပ္လာ႐ုံေလာက္ပါပဲ။

ကြၽန္ေတာ္တို႔က အတည္လုပ္ေနတယ္ဆိုတာ ျပသရမွာပါ။ အခုက တျဖည္းျဖည္းနဲ႔ အေရးႀကီးတဲ့ အခ်ိန္ကို ေရာက္လာၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ အခုကေန စတင္ရေတာ့မွာပါ။ အထူးသျဖင့္ ယူႏိုက္တက္နဲ႔ ပြဲမွာေပါ့။ အခုက လမ္းေၾကာင္းမွန္ေပၚ ျပန္သြားဖို႔ အခ်ိန္ပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အဂၤလန္မီဒီယာေတြမွာေတာ့ ဒီတစ္ၾကိမ္ ဇယားထိပ္ဆံုးက အသင္းေတြအျဖစ္နဲ႔ ထိပ္တိုက္ေတြ႔ၾကမယ့္ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ရဲ႕ ပြဲကို အေတာ္ေလး အေလးေပးလိုေနၾကျပီး သီတင္းပတ္ အကုန္ မေရာက္ခင္မွာ ေဝေဝဆာဆာေတာ့ အျပန္အလွန္ သံုးသပ္ခ်က္ေတြျဖင့္ ပြဲဆူလာဖို႔ ရွိေနပါတယ္။