လီဗာပူး တိုက်စစ်မှူးဟောင်းကြီး ဂျွန် အဲဒရစ်ချ်က အမှတ်ပေးဇယား ထိပ်ပိုင်းနေရာအတွက် အရေးပါတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ လီဗာပူးက စကေးလ်ကျွမ်းတဲ့ တကယ့် ကွင်းလယ်ကောင်း သီယေဂို အယ်ကန်တာရာ ကို ပွဲထုတ်ဖြစ်အောင် ထုတ်ဖို့ ကလော့ပ်အား တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာ လိုအပ်ေ်နတဲ့ အဆုံးအဖြတ် ပေးပို့မှုတွေ ပြုလုပ်နိုင်သူက သီယေဂို ဖြစ်တာကြောင့် ၎င်းကို ပုံမှန် ပွဲကစားခွင့် ပေးသင့်ပြီလို့ အဲဒရစ်ချ်က ထောက်ပြခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့နွေမှာ ဘိုင်ယန်ကနေ ခေါ်ယူခဲ့တဲ့ သီယေဂို ကို မျှော်လင့်ချက်ကြီးစွာ ထားခဲ့ပေမယ့် စပိန်သားက ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်တာတွေကြောင့် ပွဲကစားချိန် သိပ်မရသေးဘဲ ရှိပါတယ်။

၎င်းဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ် ၂ ပွဲ အပါအဝင် ၅ ပွဲသာ ပါဝင်ကစားထားရပါသေးတယ်။ အသက် ၂၉နှစ်အရွယ် ကွင်းလယ်သမားဟာ ကလော့ပ် အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမယ်လို့ အဲဒရစ်ချ်က ယုံကြည်နေပါတယ်။

” ပွဲထွက် ကစားသမားတွေ ရွေးချယ်ဖို့က အသင်း မန်နေဂျာရဲ့ တာဝန်ပါ။ ဒါပေမယ့် ၁၈ကိုက်စည်းထဲမှာ ပြိုင်ဘက်ကို ထိုးဖောက်နိုင်ဖို့ ကစားသမားတွေကို သေချာ စဉ်းစားရပါမယ်။ အန်ဒီရော်ဘတ်ဆန်နဲ့ အလက်ဇန်းဒါး အာနိုးက ဒီနှစ်တွေ အတွင်း သိသိသာသာ ကောင်းမွန်ခဲ့တယ်။

ဒါပေမယ့် ကွင်းလယ်မှာတော့ သီယေဂိုထက် ပိုကောင်းတဲ့ ပေးပို့မှု လုပ်နိုင်တဲ့ ကစားသမား မရှိပါဘူး။ သူက အဲဒီနေရာမှာ ဆရာပဲ။ လီဗာပူးမှာ ဘယ် မန်နေဂျာဘဲ ကိုင်တွယ်နေတာ ဖြစ်ဖြစ် လောလောဆယ်မှာ သီယေဂိုထက် ကောင်းတဲ့ ကွင်းလယ်သမား မရှိနိုင်ဘူးပဲ။ ” ဂျွန်အဲဒရစ်ချ်က ပြောဆိုခဲ့ပါတယ်။

ကြားရက်ပွဲမှာ ယူနိုက်တက်က ဘန်လေကို နိုင်ရင် ဇယားထိပ်မှာ ဦးဆောင် အသာစီးယူပြီး မန်ချက်စတာကလပ် အန်းဖီးလ်ကို လာရောက် ယှဉ်ပြိုင်တာ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Zawgyi – လီဗာပူး တိုက္စစ္မွဴးေဟာင္းၾကီး ဂၽြန္ အဲဒရစ္ခ်္က အမွတ္ေပးဇယား ထိပ္ပိုင္းေနရာအတြက္ အေရးပါတဲ့ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ပြဲမွာ လီဗာပူးက စေကးလ္ကၽြမ္းတဲ့ တကယ့္ ကြင္းလယ္ေကာင္း သီေယဂို အယ္ကန္တာရာ ကို ပြဲထုတ္ျဖစ္ေအာင္ ထုတ္ဖို႔ ကေလာ့ပ္အား တိုက္တြန္း ေျပာဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းမွာ လိုအပ္ေ္နတဲ့ အဆံုးအျဖတ္ ေပးပို႔မႈေတြ ျပဳလုပ္နုိင္သူက သီေယဂို ျဖစ္တာေၾကာင့္ ၄င္းကို ပံုမွန္ ပြဲကစားခြင့္ ေပးသင့္ျပီလို႔ အဲဒရစ္ခ်္က ေထာက္ျပခဲ့ပါတယ္။ လီဗာပူးဟာ ျပီးခဲ့တဲ့ေႏြမွာ ဘိုင္ယန္ကေန ေခၚယူခဲ့တဲ့ သီေယဂို ကို ေမွ်ာ္လင့္ခ်က္ၾကီးစြာ ထားခဲ့ေပမယ့္ စပိန္သားက ဒဏ္ရာနဲ႕ ၾကံ႕ခိုင္မႈ မျပည့္တာေတြေၾကာင့္ ပြဲကစားခ်ိန္ သိပ္မရေသးဘဲ ရွိပါတယ္။

၄င္းဟာ ဒီရာသီ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ ၂ ပြဲ အပါအ၀င္ ၅ ပြဲသာ ပါ၀င္ကစားထားရပါေသးတယ္။ အသက္ ၂၉နွစ္အရြယ္ ကြင္းလယ္သမားဟာ ကေလာ့ပ္ အသင္း အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္လာမယ္လို႔ အဲဒရစ္ခ်္က ယံုၾကည္ေနပါတယ္။

” ပြဲထြက္ ကစားသမားေတြ ေရြးခ်ယ္ဖို႔က အသင္း မန္ေနဂ်ာရဲ႕ တာ၀န္ပါ။ ဒါေပမယ့္ ၁၈ကိုက္စည္းထဲမွာ ျပိဳင္ဘက္ကို ထိုးေဖာက္နုိင္ဖို႔ ကစားသမားေတြကို ေသခ်ာ စဥ္းစားရပါမယ္။ အန္ဒီေရာ္ဘတ္ဆန္နဲ႕ အလက္ဇန္းဒါး အာနုိးက ဒီနွစ္ေတြ အတြင္း သိသိသာသာ ေကာင္းမြန္ခဲ့တယ္။

ဒါေပမယ့္ ကြင္းလယ္မွာေတာ့ သီေယဂိုထက္ ပိုေကာင္းတဲ့ ေပးပို႔မႈ လုပ္နုိင္တဲ့ ကစားသမား မရွိပါဘူး။ သူက အဲဒီေနရာမွာ ဆရာပဲ။ လီဗာပူးမွာ ဘယ္ မန္ေနဂ်ာဘဲ ကိုင္တြယ္ေနတာ ျဖစ္ျဖစ္ ေလာေလာဆယ္မွာ သီေယဂိုထက္ ေကာင္းတဲ့ ကြင္းလယ္သမား မရွိနုိင္ဘူးပဲ။ ” ဂၽြန္အဲဒရစ္ခ်္က ေျပာဆိုခဲ့ပါတယ္။

ၾကားရက္ပြဲမွာ ယူနုိက္တက္က ဘန္ေလကို နုိင္ရင္ ဇယားထိပ္မွာ ဦးေဆာင္ အသာစီးယူျပီး မန္ခ်က္စတာကလပ္ အန္းဖီးလ္ကို လာေရာက္ ယွဥ္ျပိဳင္တာ ရင္ဆုိင္ရဖြယ္ ရွိေနပါတယ္။