မန်ချက်စတာယူနိုက်တက်ဟာ ညက ဘန်လေကို အနိုင်ယူပြီးနောက် လီဗာပူးကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား ပထမ နေရာ သိမ်းပိုင်သွားပြီ ဖြစ်ပါတယ်။ ကလော့ပ်နဲ့ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ အန်းဖီးကွင်းမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်တွေ့ချိန် အနိုင်ယူနိုင်မှသာ ပထမနေရာ ပြန် ရယူနိုင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား မာတစ်ကတော့ သူတို့နဲ့ ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ ပထမနေရာ ပြန်ရောက်ပြီးတဲ့နောက် ယုံကြည်မှု အပြည့် ရှိနေပြီး လီဗာပူးနဲ့ ပွဲ အတွက် အသင့် ဖြစ်နေပြီလို့ အသိပေး ပြောဆိုခဲ့ပါတယ်။

” ဒီလို ပွဲမျိုး နိုင်လိုက်တာက ယူနိုက်တက်ဟာ အမှတ်ပေးဖလား ယူဖို့ ပြိုင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဆိုတာ ပြသခဲ့တာပဲလို့ ကျနော် ထင်တယ်။ ကျနော် အသင်း အတွက်၊ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်တွေ အတွက် ပျော်ရွှင်မိပါတယ်။

တနင်္ဂနွေနေ့ လီဗာပူးနဲ့ ပွဲမှာ ဆက်ကြည့်ရအောင်ပါ။ ဒါက အင်္ဂလန်မှာ အကြီးဆုံး ဒါဘီ ပြိုင်ဆိုင်မှု ဖြစ်ပြီး ကျနော်တို့က သူတို့ဆီ သွားရောက် ရင်ဆိုင်ရမှာပါ။ ကျနေ်ာတို့က အင်္ဂလန် အကောင်းဆုံး အသင်းတွေထဲ ပါဝင်နေသေးလား ကြည့်ကြတာပေါ့။ ကျနော်ကတော့ ယူနိုက်တက်ဟာ ဒီပွဲအတွက် အသင့် ရှိနေပြီ လို့ ထင်တယ်။

ကျနော်တို့ ပွဲ ၁၇ ပွဲ ကစားခဲ့တယ်။ အခုဆို ဇယားထိပ်မှာ ရောက်နေပြီ ဒါက တစ်ခုခုကို မြင်သာစေပါတယ်။ ကျနေ်ာတို့ လေး ငါး ခြောက်ပွဲ လောက် ကစားပြီး ကံကောင်းလို့ ထိပ်ရောက်လာတယ် ပြောိလု့ မရတော့ပါဘူး။ ” မာတစ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ လာမယ့် ဇန်နဝါရီ ၁၇ ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီ အန်းဖီးလ်မှာ ထိပ်တိုက်တွေ့ ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲ ပြီးရင်လည်း အက်ဖ်အေဖလား ပွဲ အဖြစ် ထပ်မံ ထိပ်တိုက်တွေ့ကြရဦးမှာပါ။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ ညက ဘန္ေလကို အနိုင္ယူျပီးေနာက္ လီဗာပူးကို ေက်ာ္ျဖတ္ျပီး အမွတ္ေပးဇယား ပထမ ေနရာ သိမ္းပိုင္သြားျပီ ျဖစ္ပါတယ္။ ကေလာ့ပ္နဲ႕ လီဗာပူးအသင္းဟာ တနဂၤေႏြေန႔ အန္းဖီးကြင္းမွာ ယူနိုက္တက္နဲ႕ ရင္ဆိုင္ေတြ႔ခ်ိန္ အနုိင္ယူနိုင္မွသာ ပထမေနရာ ျပန္ ရယူနိုင္မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား မာတစ္ကေတာ့ သူတို႔နဲ႕ ေ၀းကြာေနတာ ၾကာျပီ ျဖစ္တဲ့ ပထမေနရာ ျပန္ေရာက္ျပီးတဲ့ေနာက္ ယံုၾကည္မႈ အျပည့္ ရွိေနျပီး လီဗာပူးနဲ႕ ပဲြ အတြက္ အသင့္ ျဖစ္ေနျပီလို႔ အသိေပး ေျပာဆိုခဲ့ပါတယ္။

” ဒီလို ပြဲမ်ိဳး နုိင္လိုက္တာက ယူနိုက္တက္ဟာ အမွတ္ေပးဖလား ယူဖို႔ ျပိဳင္ဆိုင္နုိင္စြမ္း ရွိေနျပီ ဆိုတာ ျပသခဲ့တာပဲလို႔ က်ေနာ္ ထင္တယ္။ က်ေနာ္ အသင္း အတြက္၊ စြမ္းေဆာင္ရည္နဲ႕ စိတ္ဓာတ္ေတြ အတြက္ ေပ်ာ္ရႊင္မိပါတယ္။

တနဂၤေႏြေန႔ လီဗာပူးနဲ႕ ပြဲမွာ ဆက္ၾကည့္ရေအာင္ပါ။ ဒါက အဂၤလန္မွာ အၾကီးဆံုး ဒါဘီ ျပိဳင္ဆိုင္မႈ ျဖစ္ျပီး က်ေနာ္တို႔က သူတို႔ဆီ သြားေရာက္ ရင္ဆိုင္ရမွာပါ။ က်ေန္ာတို႔က အဂၤလန္ အေကာင္းဆံုး အသင္းေတြထဲ ပါ၀င္ေနေသးလား ၾကည့္ၾကတာေပါ့။ က်ေနာ္ကေတာ့ ယူနိုက္တက္ဟာ ဒီပြဲအတြက္ အသင့္ ရွိေနျပီ လို႔ ထင္တယ္။

က်ေနာ္တို႔ ပြဲ ၁၇ ပြဲ ကစားခဲ့တယ္။ အခုဆို ဇယားထိပ္မွာ ေရာက္ေနျပီ ဒါက တစ္္ခုခုကို ျမင္သာေစပါတယ္။ က်ေန္ာတို႔ ေလး ငါး ေျခာက္ပြဲ ေလာက္ ကစားျပီး ကံေကာင္းလို႔ ထိပ္ေရာက္လာတယ္ ေျပာိလု႔ မရေတာ့ပါဘူး။ ” မာတစ္က ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႕ ယူနိုက္တက္တို႔ဟာ လာမယ့္ ဇန္န၀ါရီ ၁၇ ရက္ တနဂၤေႏြေန႔ ည ၁၁ နာရီ အန္းဖီးလ္မွာ ထိပ္တိုက္ေတြ႔ ရင္ဆုိင္ ကစားၾကေတာ့မွာ ျဖစ္ပါတယ္။ အဲဒီပြဲ ျပီးရင္လည္း အက္ဖ္ေအဖလား ပြဲ အျဖစ္ ထပ္မံ ထိပ္တိုက္ေတြ႔ၾကရဦးမွာပါ။