လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက အသင်းဖော် ဆာလက်နဲ့ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာကြား သတင်းထွက်နေမှုကို အေးအေးဆေးဆေး တုန့်ပြန်ခဲ့ပါတယ်။

ဖာဘင်ညိုက ဆာလက်ဟာ ထိပ်တန်းကစားသမားဖြစ်လို့ အပြောင်းအရွှေ့တွေထဲ နာမည်ပါဝင်နေမှာက တားဆီးလို့ မရတဲ့ ကိစ္စလို့ မြင်တယ်။ ဒါပေမယ့်လို့ အီဂျစ်သား တိုက်စစ်သမားက အသင်းအတွက် အတော်လေး ကြိုးစားပေးသလို အဝတ်လဲခန်းမှာလည် ပျော်ရွှင်နေပါတယ်လို့ စပိန်သတင်းဌာန AS ကို ဖွင့်ပြောသွားပါတယ်။

ဖာဘင်ညိုကပဲ ” ထိပ်တန်းကစားဆိုတာက အပြောင်းအရွှေ့ ကောလဟာလတွေမှာ နာမည် အမြဲတမ်း ထည့်သွင်းခံရလေ့ရှိပါတယ်။ လီဗာပူးအတွက် ဆာလက် ကစားပေးနေတာဖြစ်ပြီး လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ ဒီတော့ သူနဲ့ အခြားအသင်းတွေ သတင်းထွက်တာက ပုံမှန်ပါပဲ။ အထူးသဖြင့် ခြားနားတဲ့ လိဂ်တွေနဲ့ပေါ့။

ဘာပဲဖြစ်ဖြစ် သူ လီဗာပူးမှာ ပျော်နေတာကို မြင်ရတာနဲ့ ဒီရာသီ သူ့ရဲ့ စွမ်းဆောင်ရည်ကို မြင်ရတာအတွက် ကျေနပ်မိပါတယ်။ သူက သူ့ဘာသာလည်း တောင်းဆိုမှု သိပ်များလွန်းတဲ့ ကစားသမား ဖြစ်ပါတယ်။ သူက အကောင်းဆုံးတွေ လိုချင်တယ်။ အသင်းကို ကူညီပေးလိုပြီး အဲ့အတွက်လည်း အရမ်း ကြိုးစားပါတယ်။

သူက ဂိုးတွေ ဆက်သွင်းနေတာကိုလည်း ပွဲကြည့်တဲ့ သူတိုင်း မြင်ပါတယ်။ အဝတ်လဲခန်းမှာ သူက လူတိုင်းနဲ့ စကားပြောသလို ဟာသလတွေလည်း လုပ်လေ့ရှိပါတယ်။ အပြောင်းအရွှေ့ သတင်းတွေက ဆာလက်အပေါ် သက်ရောက်မှု မရှိပါဘူး။

ကျနော်က ကောလဟာလ သတင်းတွေကို လိုက်စုံစမ်းလေ့ မရှိပါဘူး။ ဒါကြောင့် သတင်းတွေကို သေချာ မသိပါဘူး။ ကျနော် ပြောနိုင်တာက ထိပ်တန်း ကစားသမားတွေက အမြဲတမ်းပဲ ထိပ်တန်း အသင်းတွေနဲ့ သတင်းထွက်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳက အသင္းေဖာ္ ဆာလက္နဲ႔ စပိန္ကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာၾကား သတင္းထြက္ေနမႈကို ေအးေအးေဆးေဆး တုန္႔ျပန္ခဲ့ပါတယ္။

ဖာဘင္ညိဳက ဆာလက္ဟာ ထိပ္တန္းကစားသမားျဖစ္လို႔ အေျပာင္းအေရႊ႔ေတြထဲ နာမည္ပါဝင္ေနမွာက တားဆီးလို႔ မရတဲ့ ကိစၥလို႔ ျမင္တယ္။ ဒါေပမယ့္လို႔ အီဂ်စ္သား တိုက္စစ္သမားက အသင္းအတြက္ အေတာ္ေလး ၾကိဳးစားေပးသလို အဝတ္လဲခန္းမွာလည္ ေပ်ာ္ရႊင္ေနပါတယ္လို႔ စပိန္သတင္းဌာန AS ကို ဖြင့္ေျပာသြားပါတယ္။

ဖာဘင္ညိဳကပဲ ” ထိပ္တန္းကစားဆိုတာက အေျပာင္းအေရႊ႔ ေကာလဟာလေတြမွာ နာမည္ အျမဲတမ္း ထည့္သြင္းခံရေလ့ရွိပါတယ္။ လီဗာပူးအတြက္ ဆာလက္ ကစားေပးေနတာျဖစ္ျပီး လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းပဲ ျဖစ္ပါတယ္။ ဒီေတာ့ သူနဲ႔ အျခားအသင္းေတြ သတင္းထြက္တာက ပံုမွန္ပါပဲ။ အထူးသျဖင့္ ျခားနားတဲ့ လိဂ္ေတြနဲ႔ေပါ့။

ဘာပဲျဖစ္ျဖစ္ သူ လီဗာပူးမွာ ေပ်ာ္ေနတာကို ျမင္ရတာနဲ႔ ဒီရာသီ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ရတာအတြက္ ေက်နပ္မိပါတယ္။ သူက သူ႔ဘာသာလည္း ေတာင္းဆိုမႈ သိပ္မ်ားလြန္းတဲ့ ကစားသမား ျဖစ္ပါတယ္။ သူက အေကာင္းဆံုးေတြ လိုခ်င္တယ္။ အသင္းကို ကူညီေပးလိုျပီး အဲ့အတြက္လည္း အရမ္း ၾကိဳးစားပါတယ္။

သူက ဂိုးေတြ ဆက္သြင္းေနတာကိုလည္း ပြဲၾကည့္တဲ့ သူတိုင္း ျမင္ပါတယ္။ အဝတ္လဲခန္းမွာ သူက လူတိုင္းနဲ႔ စကားေျပာသလို ဟာသလေတြလည္း လုပ္ေလ့ရွိပါတယ္။ အေျပာင္းအေရႊ႔ သတင္းေတြက ဆာလက္အေပၚ သက္ေရာက္မႈ မရွိပါဘူး။

က်ေနာ္က ေကာလဟာလ သတင္းေတြကို လိုက္စံုစမ္းေလ့ မရွိပါဘူး။ ဒါေၾကာင့္ သတင္းေတြကို ေသခ်ာ မသိပါဘူး။ က်ေနာ္ ေျပာႏုိင္တာက ထိပ္တန္း ကစားသမားေတြက အျမဲတမ္းပဲ ထိပ္တန္း အသင္းေတြနဲ႔ သတင္းထြက္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။