ကစားသမားတွေရဲ့ ဂျာစီနောက်က နာမည်တွေဟာ ကျနေ်ာတို့အတွက်တော့ သိပ် ပြဿနာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ဗာဂျယ် ဗန်ဒိုက်က သူ့နာမည်ကို ဗာဂျယ်လို့ပဲ ရေးထိုးထိုး ဗန်ဒိုက်လို့ပဲ ရေးထိုးထိုး ကျနေ်ာတို့အတွက်တော့ မထူးဆန်းပါဘူး။

ဒါပေမယ့်လို့ နယ်သာလန်သား ခံစစ်သမားအတွက်တော့ ဂျာစီမှာ ဗာဂျယ်လို့ ရေးထိုးထားခြင်းရဲ့ နောက်ကွယ်မှာ ခြားနားတဲ့ ဇာတ်လမ်းတစ်ခု ရှိပါတယ်။

နယ်သာလန်သား ဂီနီ ဝိုက်နယ်ဒမ်က သူ့ရဲ့ ဂျာစီမှာ ဝိုက်နယ်ဒမ်လို့ပဲ ရေးထိုးထားတယ်။ ဥပမာထပ်ပေးရရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်း Edwin van der Sar ဟာ ဂျာစီမှာ ဗန်ဒါဆားလို့ပဲ ရေးထိုးသလို Ruud van Nistelrooy တုန်းကလည်း ဗီ နစ္စတယ်ရွိုင်းလို့ပဲ ရေးထိုးပါတယ်။

ဗန်ဒိုက်ကတော့ ပုံမှန်ဟုတ်ဘဲ ဂျာစီမှာ ပထမနာမည်ဖြစ်တဲ့ ဗာဂျယ်ကိုပဲ ရေးထိုးပါတယ်။ သူ့ကစားသမားဘဝ တစ်လျှောက်လုံး ဗာဂျယ်ဆိုတဲ့ နာမည်ကိုပဲ သုံးခြင်းက အကြောင်းရင်း ရှိပါတယ်။ အဲ့တာက ဗာဂျယ် ဗန်ဒိုက်ဟာ ဖခင်နဲ့ ပက်သက်လာရင် စိတ်နာစရာ ဇာတ်လမ်း ရှိခဲ့လို့ပါပဲ။

ဗန်ဒိုက်ရဲ့ ဦးလေးဖြစ်သူက ပြောရာမှာ ” ဗာဂျယ်ရဲ့ ဖခင်က ကလေးသုံးယောက်နဲ့ သူ့မိခင်ကို ခွာပြဲခဲ့တာပေါ့။ ကလေးသုံးယောက်ထဲမှာ ဗာဂျယ်လည်း ပါခဲ့တယ်။ သူ့အတွက်တော့ အဲ့ကိစ္စက ခွင့်လွှတ်ဖို့ သိပ်ခက်ပါတယ်။

အမှန်တရားကတော့ သူ့အတွက် အရေးကြီးတဲ့ နှစ်တွေမှာ သူ့အဖေက အနားမှာ မရှိခဲ့ပေမယ့် သူ့မိခင်ကတော့ ဒီဇာတ်လမ်းအတွက် အဓိက ဟီးရိုးတစ်ယောက် ဖြစ်ခဲ့တာပေါ့။ အကြောင်းရင်း မရှိဘဲ သူက သူ့ဖခင်ရဲ့ နာမည်ကို ဖယ်ထုတ်လိုက်စရာ မလိုဘူးလေ။ ဒါကို လုပ်လိုက်တာက ဗာဂျယ် ဘယ်လိုခံစားရတယ်ဆိုတာ ရှင်းလင်းပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ဗာဂျယ် ဗန်ဒိုက်ရဲ့ မောင်နှမတွေကလည်း ဖခင်နာမည်ကို စွန့်ကာ မိခင်နာမည်ကိုပဲ ယူခဲ့ကြတယ်လို့ သိရတယ်။ ဗာဂျယ်ရဲ့ မိခင်က ကလေးတွေဘဝ တိုးတက်ဖို့အတွက် အချိန်ပြည့် အလုပ်လုပ် ရှာကျွေးခဲ့ပြီး သူမရဲ့ မိခင်ကောင်း ပီသမှုကြောင့် ဗာဂျယ်ဟာ ဘောလုံးကစားသမားကောင်းအဖြစ် ထွန်းတောက်ခွင့်ရလာခဲ့ခြင်းလို့ သိရပါတယ်။

ZAWGYI

ကစားသမားေတြရဲ႕ ဂ်ာစီေနာက္က နာမည္ေတြဟာ က်ေန္ာတို႔အတြက္ေတာ့ သိပ္ ျပႆနာ မဟုတ္ပါဘူး။ ဥပမာအားျဖင့္ ဗာဂ်ယ္ ဗန္ဒိုက္က သူ႔နာမည္ကို ဗာဂ်ယ္လို႔ပဲ ေရးထိုးထိုး ဗန္ဒိုက္လို႔ပဲ ေရးထိုးထိုး က်ေန္ာတို႔အတြက္ေတာ့ မထူးဆန္းပါဘူး။

ဒါေပမယ့္လို႔ နယ္သာလန္သား ခံစစ္သမားအတြက္ေတာ့ ဂ်ာစီမွာ ဗာဂ်ယ္လို႔ ေရးထိုးထားျခင္းရဲ႕ ေနာက္ကြယ္မွာ ျခားနားတဲ့ ဇာတ္လမ္းတစ္ခု ရွိပါတယ္။

နယ္သာလန္သား ဂီနီ ဝိုက္နယ္ဒမ္က သူ႔ရဲ႕ ဂ်ာစီမွာ ဝိုက္နယ္ဒမ္လို႔ပဲ ေရးထိုးထားတယ္။ ဥပမာထပ္ေပးရရင္ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသမားေဟာင္း Edwin van der Sar ဟာ ဂ်ာစီမွာ ဗန္ဒါဆားလို႔ပဲ ေရးထိုးသလို Ruud van Nistelrooy တုန္းကလည္း ဗီ နစၥတယ္ရိြဳင္းလို႔ပဲ ေရးထိုးပါတယ္။

ဗန္ဒိုက္ကေတာ့ ပံုမွန္ဟုတ္ဘဲ ဂ်ာစီမွာ ပထမနာမည္ျဖစ္တဲ့ ဗာဂ်ယ္ကိုပဲ ေရးထိုးပါတယ္။ သူ႔ကစားသမားဘဝ တစ္ေလွ်ာက္လံုး ဗာဂ်ယ္ဆိုတဲ့ နာမည္ကိုပဲ သံုးျခင္းက အေၾကာင္းရင္း ရွိပါတယ္။ အဲ့တာက ဗာဂ်ယ္ ဗန္ဒိုက္ဟာ ဖခင္နဲ႔ ပက္သက္လာရင္ စိတ္နာစရာ ဇာတ္လမ္း ရွိခဲ့လို႔ပါပဲ။

ဗန္ဒိုက္ရဲ႔ ဦးေလးျဖစ္သူက ေျပာရာမွာ ” ဗာဂ်ယ္ရဲ႕ ဖခင္က ကေလးသံုးေယာက္နဲ႔ သူ႔မိခင္ကို ခြာျပဲခဲ့တာေပါ့။ ကေလးသံုးေယာက္ထဲမွာ ဗာဂ်ယ္လည္း ပါခဲ့တယ္။ သူ႔အတြက္ေတာ့ အဲ့ကိစၥက ခြင့္လႊတ္ဖို႔ သိပ္ခက္ပါတယ္။

အမွန္တရားကေတာ့ သူ႔အတြက္ အေရးၾကီးတဲ့ ႏွစ္ေတြမွာ သူ႔အေဖက အနားမွာ မရွိခဲ့ေပမယ့္ သူ႔မိခင္ကေတာ့ ဒီဇာတ္လမ္းအတြက္ အဓိက ဟီးရိုးတစ္ေယာက္ ျဖစ္ခဲ့တာေပါ့။ အေၾကာင္းရင္း မရွိဘဲ သူက သူ႔ဖခင္ရဲ႕ နာမည္ကို ဖယ္ထုတ္လုိက္စရာ မလိုဘူးေလ။ ဒါကို လုပ္လိုက္တာက ဗာဂ်ယ္ ဘယ္လိုခံစားရတယ္ဆိုတာ ရွင္းလင္းပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

ဗာဂ်ယ္ ဗန္ဒိုက္ရဲ႕ ေမာင္ႏွမေတြကလည္း ဖခင္နာမည္ကို စြန္႔ကာ မိခင္နာမည္ကိုပဲ ယူခဲ့ၾကတယ္လို႔ သိရတယ္။ ဗာဂ်ယ္ရဲ႕ မိခင္က ကေလးေတြဘဝ တိုးတက္ဖို႔အတြက္ အခ်ိန္ျပည့္ အလုပ္လုပ္ ရွာေကၽြးခဲ့ျပီး သူမရဲ႕ မိခင္ေကာင္း ပီသမႈေၾကာင့္ ဗာဂ်ယ္ဟာ ေဘာလံုးကစားသမားေကာင္းအျဖစ္ ထြန္းေတာက္ခြင့္ရလာခဲ့ျခင္းလို႔ သိရပါတယ္။