လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် လက်တလော ထူးခြားမှုနဲ့ ပက်သက်လို့ နာမည်ကျော် အားကစားသတင်းထောက်တွေက ဖော်ပြမှုတွေ လုပ်လာခဲ့ပြီဖြစ်ပါတယ်။

စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က ” လီဗာပူးက နာပိုလီအသင်းက ဆားဘီးယား ခံစစ်သမား Nikola Maksimovic ကို လက်မှတ်ထိုးခေါ်ယူဖို့ စောင့်ကြည့်နေတယ်။ ဒါပေမယ့်လို့ စီးရီးအေကလပ်ရဲ့ ဥက္ကဌ ဒီလော့ရန်တစ်က လီဗာပူးက စိတ်ဝင်စားနေပေမယ့် ကမ်းလှမ်းမှု လုပ်လာခြင်း မရှိဘူးလို့ ပြောခဲ့တယ် ” လို့ ဆိုသွားတာဖြစ်တယ်။

အပြောင်းအရွှေ့ဆိုင်ရာ ကျွမ်းကျင်သူ Fabrizio Romano ကလည်း လီဗာပူးအသင်းက ဇန်နဝါရီ ဈေးကွက်ထဲ မဝင်သေးပေမယ့် ပုံမှန် စောင့်ကြည့်မှုတွေတော့ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

” လီဗာပူးက အခွင့်အရေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ တစ်ခုခု ထူးခြားလာရင်တော့ သူတို့က ကစားသမားသစ် တစ်ဦးလောက်ကို ခေါ်ယူသွားဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမယ့်လို့ အူပါမီကာနိုလို တစ်ယောက်ကို ယူရို သန်း ၆၀ ကနေ ၇၀ လောက်ပေးရမယ့် ကစားသမားမျိုးကို ဒီဈေးကွက်ကနေ ခေါ်ယူသွားဖို့တော့ မဖြစ်နိုင်ပါဘူး။

အခွင့်အရေးကောင်းရလာရင် လာမယ့် အပတ်တွေမှာ လီဗာပူးက စဉ်းစားမှာပါ။ မဟုတ်ရင်တော့ ဒီလူစာရင်းအတိုင်းပဲ ဆက်သွားဖို့ ရှိပါတယ်။

လီဗာပူးက ဗန်ဒိုက်ကို သက်တမ်းတိုးဖို့ ကြိုးစားမှာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူတို့က ဗန်ဒိုက်ကို စာချုပ်သစ်ပေးကာ အနာဂတ်အတွက် ကြိုတင် စီစဉ်သွားမှာဖြစ်တယ်။ နွေမှာတော့ သူတို့က ကစားသမားသစ် တစ်ဦးကို ခေါ်ယူအားဖြည့်သွားဖို့ ရှိနေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြအတြက္ လက္တေလာ ထူးျခားမႈနဲ႔ ပက္သက္လို႔ နာမည္ေက်ာ္ အားကစားသတင္းေထာက္ေတြက ေဖာ္ျပမႈေတြ လုပ္လာခဲ့ျပီျဖစ္ပါတယ္။

စကိုင္းစေပါ့ သတင္းေထာက္ Kaveh Solhekol က ” လီဗာပူးက နာပိုလီအသင္းက ဆားဘီးယား ခံစစ္သမား Nikola Maksimovic ကို လက္မွတ္ထိုးေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္။ ဒါေပမယ့္လို႔ စီးရီးေအကလပ္ရဲ႕ ဥကၠဌ ဒီေလာ့ရန္တစ္က လီဗာပူးက စိတ္ဝင္စားေနေပမယ့္ ကမ္းလွမ္းမႈ လုပ္လာျခင္း မရွိဘူးလို႔ ေျပာခဲ့တယ္ ” လို႔ ဆိုသြားတာျဖစ္တယ္။

အေျပာင္းအေရႊ႔ဆိုင္ရာ ကၽြမ္းက်င္သူ Fabrizio Romano ကလည္း လီဗာပူးအသင္းက ဇန္နဝါရီ ေစ်းကြက္ထဲ မဝင္ေသးေပမယ့္ ပံုမွန္ ေစာင့္ၾကည့္မႈေတြေတာ့ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

” လီဗာပူးက အခြင့္အေရး ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။ တစ္ခုခု ထူးျခားလာရင္ေတာ့ သူတို႔က ကစားသမားသစ္ တစ္ဦးေလာက္ကို ေခၚယူသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္။ ဒါေပမယ့္လို႔ အူပါမီကာႏိုလို တစ္ေယာက္ကို ယူရို သန္း ၆၀ ကေန ၇၀ ေလာက္ေပးရမယ့္ ကစားသမားမ်ိဳးကို ဒီေစ်းကြက္ကေန ေခၚယူသြားဖို႔ေတာ့ မျဖစ္ႏုိင္ပါဘူး။

အခြင့္အေရးေကာင္းရလာရင္ လာမယ့္ အပတ္ေတြမွာ လီဗာပူးက စဥ္းစားမွာပါ။ မဟုတ္ရင္ေတာ့ ဒီလူစာရင္းအတိုင္းပဲ ဆက္သြားဖို႔ ရွိပါတယ္။

လီဗာပူးက ဗန္ဒိုက္ကို သက္တမ္းတိုးဖို႔ ၾကိဳးစားမွာျဖစ္ျပီး ဒီႏွစ္ထဲမွာပဲ သူတို႔က ဗန္ဒိုက္ကို စာခ်ဳပ္သစ္ေပးကာ အနာဂတ္အတြက္ ၾကိဳတင္ စီစဥ္သြားမွာျဖစ္တယ္။ ေႏြမွာေတာ့ သူတို႔က ကစားသမားသစ္ တစ္ဦးကို ေခၚယူအားျဖည့္သြားဖို႔ ရွိေနပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။