ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက သူ့အသင်းဟောင်းဟာ လီဗာပူးအသင်း မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ခဲ့ပြီလို့ ခပ်ကြွားကြွား ပြောဆိုသွားပါတယ်။

၇ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးကို ယူနိုက်တက် ပြန်ရောက်လာတာ မြင်ရတဲ့အပေါ် ဂယ်ရီနဗီးက အတော်လေး ကျေနပ်နေပြီး လီဗာပူးက တောင့်တင်းနေဆဲဖြစ်ပေမယ့် လက်တလောမှာ ပြိုင်ဘက်အားလုံး ရုန်းကန်နေရလို့ ယူနိုက်တက် စိတ်ပူစရာက မန်စီးတီး တစ်သင်းတည်းရှိတယ်လို့ ဆိုသွားပါတယ်။

ဂယ်ရီနဗီးက “ သံသယမရှိနဲ့ ယူနိုက်တက် ဇယားထိပ်မှာရှိနေတာက လီဗာပူးနဲ့ပွဲကို သိပ်ကြီးမားသွားစေခဲ့ပြီ။ လီဗာပူးက မနှစ်က ဘောလုံးရာသီမှာ အကောင်းဆုံးအသင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၈ ပတ်လောက်ထိလည်း ဒီရာသီမှာ ချန်ပီယံဖြစ်မယ်လို့ လူတိုင်းက သေချာ ယုံကြည်နေကြတဲ့ အသင်းဖြစ်တယ်။

အသင်းတိုင်းက ဆုဖလားစိန်ခေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒီရာသီက ခပ်မြန်မြန် ပြောင်းလဲသွားနိုင်တာကြောင့် ဘယ်အသင်းကိုမှ ဖယ်ထုတ်လိုက်လို့ မရသေးပါဘး။ ချယ်ဆီးက အချိန်ကောင်းတွေကို ပိုင်ဆိုင်ခဲ့သလို စီးတီးကလည်း ဆိုးရွားတဲ့ ကာလတွေကို ပိုင်ဆိုင်ခဲ့တာပါပဲ။ အခု စီးတီးက ပြန်လာနေသလို လီဗာပူးကလည်း တောင့်တင်းနေပါတယ်။

ကုန်ခဲ့တဲ့ ၈ ပတ်မှာ ယူနိုက်တက်က နှေးကွေးနေခဲ့ပေမယ့် ခြားနားတဲ့ အခိုက်အတန့်မှာ အသင်းတိုင်းက အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်။ လာမယ့် ၃ ပတ် ၄ ပတ်အတွင်း ခပ်လွယ်လွယ် ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဒါပေမယ့်လို့ အဲ့တာက ယူနိုက်တက်ကို ဆုဖလား စိန်ခေါ်မှုရဲ့ အဝေးကို ရောက်သွားစေမှာ မဟုတ်သလို ပရိသတ်တွေကလည်း စိတ်ပူမနေသင့်ဘူး။

ကုန်ခဲ့တဲ့ နှစ်တွေက ယူနိုက်တက်ဟာ ထိပ်ဆုံးနဲ့ အဝေးမှာ ရှိခဲ့တယ်။ အခုတော့ လီဗာပူးကို ၃ မှတ်အသာရလာခဲ့တာက ဘယ်သူမှ မမျှော်လင့်ခဲ့တဲ့ ကိစ္စပါပဲ။ အခြားအသင်းတွေက အခိုက်အတန့် ကောင်းတွေမှာ ရှိမနေဘူး။ ဒီအခြေအနေမှာ စီးတီး တစ်သင်းပဲ တည်ငြိမ်နေတယ်။ ဘယ်သူကမှ ယူနိုက်တက်ကို ထည့်မတွက်ပေမယ့် သူတို့က တကယ်ကို အန္တရာယ် ကြီးလာနေတယ်။

လီဗာပူးကတော့ သက်သောင့်သက်သာ ရှိနေမယ်လို့ မထင်ပါဘူး။ သူတို့က ယူနိုက်တက်က သူတို့ကို အနီးကပ် စိန်ခေါ်လာမယ်လို့ လုံးဝ မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

အင်္ဂလန်ဒါဘီပွဲကြိုမှာ မန်ချက်စတာဘက်ကတော့ အသံတွေ အတော်ဆူလာခဲ့ပြီဖြစ်ပြီး ဒါဘီပွဲကို အနိုင်ယူပြီး ထိပ်ဆုံးကို ပြန်တက်နိုင်ဖို့က လီဗာပူးအတွက် အရေးပါလာခဲ့ပါပြီ။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးက သူ႔အသင္းေဟာင္းဟာ လီဗာပူးအသင္း မထင္မွတ္ထားတာေတြ လုပ္ျပႏုိင္ခဲ့ျပီလို႔ ခပ္ၾကြားၾကြား ေျပာဆိုသြားပါတယ္။

၇ ႏွစ္အၾကာမွာ ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဇယား ထိပ္ဆံုးကို ယူႏုိက္တက္ ျပန္ေရာက္လာတာ ျမင္ရတဲ့အေပၚ ဂယ္ရီနဗီးက အေတာ္ေလး ေက်နပ္ေနျပီး လီဗာပူးက ေတာင့္တင္းေနဆဲျဖစ္ေပမယ့္ လက္တေလာမွာ ျပိဳင္ဘက္အားလံုး ရုန္းကန္ေနရလို႔ ယူႏုိက္တက္ စိတ္ပူစရာက မန္စီးတီး တစ္သင္းတည္းရွိတယ္လို႔ ဆိုသြားပါတယ္။

ဂယ္ရီနဗီးက “ သံသယမရွိနဲ႔ ယူႏုိက္တက္ ဇယားထိပ္မွာရွိေနတာက လီဗာပူးနဲ႔ပြဲကို သိပ္ၾကီးမားသြားေစခဲ့ျပီ။ လီဗာပူးက မႏွစ္က ေဘာလံုးရာသီမွာ အေကာင္းဆံုးအသင္းျဖစ္ျပီး လြန္ခဲ့တဲ့ ၈ ပတ္ေလာက္ထိလည္း ဒီရာသီမွာ ခ်န္ပီယံျဖစ္မယ္လို႔ လူတိုင္းက ေသခ်ာ ယံုၾကည္ေနၾကတဲ့ အသင္းျဖစ္တယ္။

အသင္းတိုင္းက ဆုဖလားစိန္ေခၚႏုိင္တဲ့ အေျခအေနမွာ ရွိေနဆဲျဖစ္ပါတယ္။ ဒီရာသီက ခပ္ျမန္ျမန္ ေျပာင္းလဲသြားႏုိင္တာေၾကာင့္ ဘယ္အသင္းကိုမွ ဖယ္ထုတ္လုိက္လို႔ မရေသးပါဘး။ ခ်ယ္ဆီးက အခ်ိန္ေကာင္းေတြကို ပိုင္ဆုိင္ခဲ့သလို စီးတီးကလည္း ဆိုးရြားတဲ့ ကာလေတြကို ပိုင္ဆိုင္ခဲ့တာပါပဲ။ အခု စီးတီးက ျပန္လာေနသလို လီဗာပူးကလည္း ေတာင့္တင္းေနပါတယ္။

ကုန္ခဲ့တဲ့ ၈ ပတ္မွာ ယူႏုိက္တက္က ေႏွးေကြးေနခဲ့ေပမယ့္ ျခားနားတဲ့ အခိုက္အတန္႔မွာ အသင္းတိုင္းက အေျပာင္းအလဲေတြ ျဖစ္သြားႏုိင္တယ္။ လာမယ့္ ၃ ပတ္ ၄ ပတ္အတြင္း ခပ္လြယ္လြယ္ ေျပာင္းလဲသြားႏုိင္ပါေသးတယ္။ ဒါေပမယ့္လို႔ အဲ့တာက ယူႏုိက္တက္ကို ဆုဖလား စိန္ေခၚမႈရဲ႕ အေဝးကို ေရာက္သြားေစမွာ မဟုတ္သလို ပရိသတ္ေတြကလည္း စိတ္ပူမေနသင့္ဘူး။

ကုန္ခဲ့တဲ့ ႏွစ္ေတြက ယူႏုိက္တက္ဟာ ထိပ္ဆံုးနဲ႔ အေဝးမွာ ရွိခဲ့တယ္။ အခုေတာ့ လီဗာပူးကို ၃ မွတ္အသာရလာခဲ့တာက ဘယ္သူမွ မေမွ်ာ္လင့္ခဲ့တဲ့ ကိစၥပါပဲ။ အျခားအသင္းေတြက အခိုက္အတန္႔ ေကာင္းေတြမွာ ရွိမေနဘူး။ ဒီအေျခအေနမွာ စီးတီး တစ္သင္းပဲ တည္ျငိမ္ေနတယ္။ ဘယ္သူကမွ ယူႏုိက္တက္ကို ထည့္မတြက္ေပမယ့္ သူတို႔က တကယ္ကို အႏၱရာယ္ ၾကီးလာေနတယ္။

လီဗာပူးကေတာ့ သက္ေသာင့္သက္သာ ရွိေနမယ္လို႔ မထင္ပါဘူး။ သူတို႔က ယူႏုိက္တက္က သူတို႔ကို အနီးကပ္ စိန္ေခၚလာမယ္လို႔ လံုးဝ ေမွ်ာ္လင့္ခဲ့မွာ မဟုတ္ပါဘူး ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

အဂၤလန္ဒါဘီပြဲၾကိဳမွာ မန္ခ်က္စတာဘက္ကေတာ့ အသံေတြ အေတာ္ဆူလာခဲ့ျပီျဖစ္ျပီး ဒါဘီပြဲကို အႏုိင္ယူျပီး ထိပ္ဆံုးကို ျပန္တက္ႏုိင္ဖို႔က လီဗာပူးအတြက္ အေရးပါလာခဲ့ပါျပီ။