လီဗာပူးအသင်းဟာ ကာလရှည် ထုတ်ပြန်ပေးခြင်း မရှိတဲ့ အသင်းရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို ဒီမနက်မှာတော့ အသင်းဝဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်တွေကနေ ဖော်ပြသွားပါတယ်။

သီယာဂို၊ ချိန်ဘာလိန်၊ ရှာကွီရီလို ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ ကစားသမားတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပုံမှန်အတိုင်း ပါဝင်သွားခဲ့ကြတယ်။ ဒါပေမယ့်လို့ အက်စတွန်ဗီလာပွဲ မတိုင်ခင်တည်းက ဒဏ်ရာကြောင့် မပါနိုင်တဲ့ မာတစ်နဲ့ ကိတ်တာတို့ကတော့ အခုချိန်ထိ ပါဝင်လာခြင်း မရှိသေးပါဘူး။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပေါင်းတွင်း ကြွက်သားဒဏ်ရာ ရသွားခဲ့တဲ့ မာတစ်ဟာ ယူနိုက်တက်ပွဲအမှီ ပြန်သက်သာလာမယ်လို့ ယူဆခဲ့ရပေမယ့် ဒီကနေ့နဲ့ သောကြာနေ့ လေ့ကျင့်ရေးမှာ မပါနိုင်ရင်တေ့ ယူနိုက်တက်နဲ့ပွဲကို လွဲမှာဖြစ်တယ်။ ကွင်းလယ်မှာတေ့ လူစာရင်း အင်အားကောင်းနေလို့ ကိတ်တာ မပါနိုင်ခြင်းက ထူးထူးခြားခြား ထိခိုက်စေမှာ မဟုတ်ပါဘူး။

မာတစ် မပါနိုင်ခြင်းကြောင့် ယူနိုက်တက်ပွဲမှာ ဗဟိုခံစစ်အတွဲအဖြစ် ဖာဘင်ညိုနဲ့ တွဲဘက်ပေးဖို့ ဟန်ဒါဆန်၊ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ (၃) ဦး ရှိနေမှာဖြစ်တယ်။

လီဗာပူးသတင်းထောက် James Pearce က သူ့ရဲ့ တွစ်တာအကောင့်ကနေပဲ ဖာဘင်ညိုရဲ့ တွဲဘက်အဖြစ် အထက်က ကစားသမား (၃) ဦးထဲက ဘယ်သူ့ကို မြင်လိုသလဲ စစ်တမ်းသဘောမျိုး ရယူခဲ့တယ်။

လီဗာပူးပရိသတ် ၅ သောင်းကျော်ရဲ့ ဆန္ဒအရ ၄၁.၅% က နက်ဖီးလစ်ကို ပွဲထုတ်စေလိုပြီး ၃၀.၆% က ရိုင်းစ်ကို ဖာဘင်ညိုနဲ့ တွဲပေးစေလိုတယ်။ ပရိသတ်တွေထဲက ၂၇.၈% ကတော့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန် အတွဲကို မြင်လိုကြပါတယ်။

ယာဂင်ကလော့ပ် အနေနဲ့ ယူနိုက်တက်နဲ့ပွဲမှာ ဘယ်လို ခံစစ်ကို ထုတ်သုံးမယ်ဆိုတာ မသေချာသေးပေမယ့် ကွင်းလယ်မှာတော့ သီယာဂို ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှု ကောင်းမွန်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကာလရွည္ ထုတ္ျပန္ေပးျခင္း မရွိတဲ့ အသင္းရဲ႕ ေလ့က်င့္ေရး ပံုရိပ္ေတြကို ဒီမနက္မွာေတာ့ အသင္းဝဘ္ဆိုဒ္နဲ႔ လူမႈကြန္ယက္ေတြကေန ေဖာ္ျပသြားပါတယ္။

သီယာဂို၊ ခ်ိန္ဘာလိန္၊ ရွာကီြရီလို ဒဏ္ရာက ျပန္သက္သာလာျပီျဖစ္တဲ့ ကစားသမားေတြဟာ အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ ပံုမွန္အတိုင္း ပါဝင္သြားခဲ့ၾကတယ္။ ဒါေပမယ့္လို႔ အက္စတြန္ဗီလာပြဲ မတုိင္ခင္တည္းက ဒဏ္ရာေၾကာင့္ မပါႏုိင္တဲ့ မာတစ္နဲ႔ ကိတ္တာတို႔ကေတာ့ အခုခ်ိန္ထိ ပါဝင္လာျခင္း မရွိေသးပါဘူး။

ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ေပါင္းတြင္း ၾကြက္သားဒဏ္ရာ ရသြားခဲ့တဲ့ မာတစ္ဟာ ယူႏုိက္တက္ပြဲအမွီ ျပန္သက္သာလာမယ္လို႔ ယူဆခဲ့ရေပမယ့္ ဒီကေန႔နဲ႔ ေသာၾကာေန႔ ေလ့က်င့္ေရးမွာ မပါႏုိင္ရင္ေတ့ ယူႏုိက္တက္နဲ႔ပြဲကို လြဲမွာျဖစ္တယ္။ ကြင္းလယ္မွာေတ့ လူစာရင္း အင္အားေကာင္းေနလို႔ ကိတ္တာ မပါႏုိင္ျခင္းက ထူးထူးျခားျခား ထိခိုက္ေစမွာ မဟုတ္ပါဘူး။

မာတစ္ မပါႏုိင္ျခင္းေၾကာင့္ ယူႏုိက္တက္ပြဲမွာ ဗဟိုခံစစ္အတြဲအျဖစ္ ဖာဘင္ညိဳနဲ႔ တြဲဘက္ေပးဖို႔ ဟန္ဒါဆန္၊ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ (၃) ဦး ရွိေနမွာျဖစ္တယ္။

လီဗာပူးသတင္းေထာက္ James Pearce က သူ႔ရဲ႕ တြစ္တာအေကာင့္ကေနပဲ ဖာဘင္ညိဳရဲ႕ တြဲဘက္အျဖစ္ အထက္က ကစားသမား (၃) ဦးထဲက ဘယ္သူ႔ကို ျမင္လိုသလဲ စစ္တမ္းသေဘာမ်ိဳး ရယူခဲ့တယ္။

လီဗာပူးပရိသတ္ ၅ ေသာင္းေက်ာ္ရဲ႕ ဆႏၵအရ ၄၁.၅% က နက္ဖီးလစ္ကို ပြဲထုတ္ေစလိုျပီး ၃၀.၆% က ရိုင္းစ္ကို ဖာဘင္ညိဳနဲ႔ တြဲေပးေစလိုတယ္။ ပရိသတ္ေတြထဲက ၂၇.၈% ကေတာ့ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ အတြဲကို ျမင္လိုၾကပါတယ္။

ယာဂင္ကေလာ့ပ္ အေနနဲ႔ ယူႏုိက္တက္နဲ႔ပြဲမွာ ဘယ္လို ခံစစ္ကို ထုတ္သံုးမယ္ဆိုတာ မေသခ်ာေသးေပမယ့္ ကြင္းလယ္မွာေတာ့ သီယာဂို ပါဝင္ႏုိင္ဖို႔ ၾကံ႕ခိုင္မႈ ေကာင္းမြန္ေနတာ ျဖစ္ပါတယ္။