အာဆင်နယ်အသင်းမှာ နေရာမရဖြစ်နေတဲ့ ဂရိခံစစ်မှူး ဆိုကရေးတက်စ်က သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းကို ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ အားကစားသတင်းထောက် Fabrizio Romano က ဖော်ပြပါတယ်။

လီဗာပူးဟာ ခံစစ်မှာ ပြဿနာကြီးတွေ ရှိတာကြောင့် ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ အခွင့်အရေး စောင့်နေတဲ့ အသင်းဖြစ်တယ်။ ဒါပေမယ့်လို့ ကစားသမား ခေါ်ယူမှု မတိုင်ခင် ကစားသမား ရောင်းထုတ်မှု အရင်လုပ်ရမှာကလည်း ကလပ်အတွက် အခက်အခဲ တစ်ခုဖြစ်ပါတယ်။

ရှာကွီရီ၊ အိုရီဂီတို့ထဲက တစ်ဦးကို ဇန်နဝါရီမှာ ထွက်ခွင့်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ရှာကွီရီက ရာသီကုန်ထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်။ အိုရီဂီကို ပရီးမီးယားလိဂ် ဝုဗ်ဘက်က စိတ်ဝင်စားပေမယ့် အလေးအနက် အဆင့်ထိ မရောက်လာသလို ဘယ်ဂျီယံလိဂ်ဘက်ကလည်း ကမ်းလှမ်းမှုတွေ ဝင်မလာသေးပါဘူး။

Fabrizio Romano က “ လီဗာပူးက အခွင့်အရေး ရှာနေတာကြောင့် ဆိုကရေးတက်စ်က သူ့ကို ခေါ်ယူဖို့ လီဗာပူးကို ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ဒီအခြေအနေမှာ လီဗာပူးအတွက် ဆိုကရေးတက်စ်က ရွေးချယ်စရာ မဟုတ်သေးပါဘူး။ ဒီအခြေအနေမှာ လီဗာပူးဘက်က ခံစစ်သမားတစ်ဦး လက်မှတ်ထိုးမလား၊ မထိုးဘူးလားဆိုတာကို မဆုံးဖြတ်ရသေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်နဲ့ ဆိုကရေးတက်စ်တို့ဟာ ဒေါ့မွန်အသင်းမှာတုန်းက အတူ လက်တွဲ အလုပ်လုပ်ဖူးတာဖြစ်တယ်။ ဂရိခံစစ်သမားဟာ ဒီရာသီ အာဆင်နယ်အတွက် ၂ ပွဲပဲ ကစားခွင့်ရထားပြီး ပွဲထွက်ခွင့် လုံးဝ နီးပါး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္အသင္းမွာ ေနရာမရျဖစ္ေနတဲ့ ဂရိခံစစ္မွဴး ဆုိကေရးတက္စ္က သူ႔ကို ေခၚယူဖို႔ လီဗာပူးအသင္းကို ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔ အားကစားသတင္းေထာက္ Fabrizio Romano က ေဖာ္ျပပါတယ္။

လီဗာပူးဟာ ခံစစ္မွာ ျပႆနာၾကီးေတြ ရွိတာေၾကာင့္ ဇန္နဝါရီမွာ လူသစ္ေခၚယူဖို႔ အခြင့္အေရး ေစာင့္ေနတဲ့ အသင္းျဖစ္တယ္။ ဒါေပမယ့္လို႔ ကစားသမား ေခၚယူမႈ မတိုင္ခင္ ကစားသမား ေရာင္းထုတ္မႈ အရင္လုပ္ရမွာကလည္း ကလပ္အတြက္ အခက္အခဲ တစ္ခုျဖစ္ပါတယ္။

ရွာကီြရီ၊ အိုရီဂီတို႔ထဲက တစ္ဦးကို ဇန္နဝါရီမွာ ထြက္ခြင့္ေပးဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ရွာကီြရီက ရာသီကုန္ထိ အသင္းမွာ ဆက္ရွိေနမွာျဖစ္တယ္။ အိုရီဂီကို ပရီးမီးယားလိဂ္ ဝုဗ္ဘက္က စိတ္ဝင္စားေပမယ့္ အေလးအနက္ အဆင့္ထိ မေရာက္လာသလို ဘယ္ဂ်ီယံလိဂ္ဘက္ကလည္း ကမ္းလွမ္းမႈေတြ ဝင္မလာေသးပါဘူး။

Fabrizio Romano က “ လီဗာပူးက အခြင့္အေရး ရွာေနတာေၾကာင့္ ဆိုကေရးတက္စ္က သူ႔ကို ေခၚယူဖို႔ လီဗာပူးကို ကမ္းလွမ္းခဲ့တယ္။ ဒါေပမယ့္ ဒီအေျခအေနမွာ လီဗာပူးအတြက္ ဆိုကေရးတက္စ္က ေရြးခ်ယ္စရာ မဟုတ္ေသးပါဘူး။ ဒီအေျခအေနမွာ လီဗာပူးဘက္က ခံစစ္သမားတစ္ဦး လက္မွတ္ထိုးမလား၊ မထိုးဘူးလားဆိုတာကို မဆံုးျဖတ္ရေသးပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္နဲ႔ ဆိုကေရးတက္စ္တို႔ဟာ ေဒါ့မြန္အသင္းမွာတုန္းက အတူ လက္တြဲ အလုပ္လုပ္ဖူးတာျဖစ္တယ္။ ဂရိခံစစ္သမားဟာ ဒီရာသီ အာဆင္နယ္အတြက္ ၂ ပြဲပဲ ကစားခြင့္ရထားျပီး ပြဲထြက္ခြင့္ လံုးဝ နီးပါး ေပ်ာက္ဆံုးေနတာ ျဖစ္ပါတယ္။