စတာလင်ဟာ နယ်သာလန်နဲ့ ယှဉ်ပြိုင်ရမယ့် နေရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ဦးဆောင်ပြီး ထူးခြားတဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်တယ် လို့ နည်းပြ ဂါရတ်ဆောက်ဂိတ်က ဆိုလိုက်ပါတယ်။ အဲ့ဒီ့ပွဲဟာ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ စတာလင်ရဲ့ နိုင်ငံအသင်းအတွက် ပွဲ ၅၀ ပြည့်လဲ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ကံမကောင်းစွာပဲ တိုင်ထိအများဆုံး ကစားသမားစာရင်းမှာ အဂွယ်ရိုက ၈ ကြိမ် တိုင်ထိပြီး အကြိမ် အများဆုံးနေရာမှာ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ပြည်တွင်းဖလားတွေ အကုန်သိမ်းပိုက်နိုင်ခဲ့သော်လည်း အောင်မြင်မှုကို အသိမှတ်ပြုခံရဖို့ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲဖို့ လိုသေးကြောင်း ဂွာဒီယိုလာက ၀န်ခံပြောကြားလိုက်ပါတယ်။

၁၁ ကြာပြီးနောက် မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ်လို့ အသင်းခေါင်းဆောင် ကွန်ပနီက ကြေငြာသွားခဲ့ပြီး ၄င်းဟာ အန်ဒါလက် အသင်းမှာ ကစားသမား – မန်နေဂျာ အဖြစ် တာဝန်ယူပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး ကွင်းလယ် ဂျာမန်သား ဂွမ်ဒိုဂန်က အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိသေးပြီး စိတ်အေးလက်အေး ရှိနေတယ်လို့ ပြောဆိုကာ အသင်းပြောင်းဖို့ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။ ၄င်းက မန်စီးတီးနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်။

မန်စီတီးအသင်းရဲ့ တိုက်စစ်မှူး ဂျီးဆု က အသင်းဖော် စတာလင် ဟာ သူကို ပြန်လည် တောင်းပန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၀က်ဖိုဒ့် အသင်းနဲ့ ကစားခဲ့တဲ့ FA ဗိုလ်လုပွဲ ပွဲစဉ် ၃၈ မိနစ်မှ ဂျီးဆု က ကန်သွင်းခဲ့တဲ့ ကန်ချက်ကို ဂိုးလုနီးပါး အခြေအနေပေမဲ့ စတာလင် က ထပ်မံ ကန်သွင်းပြီး သွင်းဂိုး ရယူသွားတာဖြစ်ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ အသင်းကနေ ထွက်ခွာမယ် ကြေငြာလိုက်ပြီးနောက် ဒီဘရိုင်းက – ” ဒီလူနဲ့ အတူ နိုင်ငံအသင်း၊ ကလပ်အသင်းမှာ ၁၀ နှစ်လောက် အတူ တွဲကစားခဲ့ရတာ တကယ်ကို ဂုဏ်ယူစရာပါ။ တကယ့်ကို အရည်အချင်းကောင်းတွေနဲက ခေါင်းဆောင်ကောင်း ဖြစ်ပြီး သူ့ဆီက အများကြီး သင်ယူခဲ့ရတယ်။ အနာဂတ်မှာ အစစအရာရာ အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်။” လို့ နှုတ်ဆက် စကား ဆိုလိုက်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘဏ္ဍာရေးစည်းမျဉ်းဖောက်ဖျက်မှုနဲ့ ပတ်သတ်ပြီး မေးမြန်းမှုများများကို ဂွာဒီယိုလာက ဒေါသပေါက်ကွဲခဲ့ပြီး အသင်း အပြစ်ရှိတယ်လို့ သက်သေ မပြနိုင်သရွေ့ မန်စီးတီးကို စွပ်စွဲလို့ မရကြောင်း တုန့်ပြန်ခဲ့ပါတယ်။