ရစ်ဆေးဟာ ၂၀၀၁ ကနေ ၂၀၀၈ အတွင်း လီဗာပူးမှာ သူ့ရဲ့ ၇ နှစ်တာ ကစားသမားဘဝအတွင်းမှာ ယူနိုက်တက်နဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးပေမယ့် အင်္ဂလန်မှာ သူ့အတွက် အမှတ်အရဆုံး အခိုက်အတန့်ကတော့ ၂၀၀၅ ချန်ပီယံလိဂ် ဖလားပွဲ ဖြစ်မှာ အသေအချာပါ။

အဲ့ဒီ့ပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ် သူဟာ ပင်နယ်တီ လွဲခဲ့တဲ့နောက် အဲ့ဒီ့ညနဲ့ ပတ်သက်လို့ ရောထွေးတဲ့ အမှတ်တရတွေ ရှိနေခဲ့မှာ ဖြစ်ပါတယ်။ အေစီမီလန်နဲ့ ကစားခဲ့ရတဲ့ အစ္စတန်ဘူလ် ညနေခင်း အမှတ်တရနဲ့ ပတ်သက်လို့ ရစ်ဆေးက

“ကျွန်တော် အဲ့ပွဲကို တစ်ခါပဲ ပြန်ကြည့်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ အဲ့တစ်ကြိမ်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်အတွက် လိုအပ်လို့ ကြည့်ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ မကြည့်ပါဘူး။ ကျွန်တော် ပင်နယ်တီလွဲခဲ့တာမို့လို့ပါ။

အဲ့ဒီ့တုန်းက မိနစ် ၉၀ နဲ့ အချိန်ပို ကစားခဲ့ပြီးတော့ ပင်နယ်တီကန်ရမယ်ဆိုတဲ့ အချိန်မှာ ကျွန်တော် ပြင်းထန်တဲ့ ကြွက်တက်ဒဏ်ရာ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့် ပင်နယ်တီကို ကန်ဖို့ လမ်းလျှောက်သွားတဲ့အချိန်မှာ ကျွန်တော် ဘာလုပ်ရမလဲ မသိခဲ့ဘူး။ ပုံမှန်ဆိုရင် ကျွန်တော် ယုံကြည်မှုရှိရှိနဲ့ တစ်ခါထဲ အားပြင်းပြင်းနဲ့ ကန်ထည့်လိုက်မှာပါ။ အဲ့ဒါက ကျွန်တော့်စတိုင်ပဲလေ။

ဒါပေမယ့် အဲ့ဒီ့အချိန်မှာ အဲ့လိုနည်းနဲ့ သွားကန်ရင် ကျွန်တော့် ညာခြေက ကြွက်တက်လာမှာကို ကြောက်လို့ ဘာလုပ်ရမလဲဆိုတာ ပြန်စဉ်းစားခဲ့ရတယ်။ ဒါကြောင့် ကန်ရမယ့်နေရာဆီကို လမ်းလျှောက်သွားခဲ့ပြီးတော့ ကျွန်တော့်မှာရှိတဲ့ ရွေးချယ်စရာတွေကို စဉ်းစားခဲ့တယ်။ ဒီအတိုင်း ဒဲ့ကန်ထည့်မလား ဘောလုံးအောက်ခြေကို နည်းနည်းထိပြီးမှ ကန်ရတဲ့ Panenka ကန်နည်းအတိုင်း ကန်မလားပေါ့။

ကျွန်တော် Panenka အကြောင်း စဉ်းစားနေခဲ့တယ်။ ဒါက လုံးဝ ရူးသွပ်တာပဲ။ ဒါပေမယ့် ကျွန်တော် အမှတ်ရနေချင်ခဲ့တာပါ။ ကျွန်တော် ဘောလုံးကို နေရာတကျထားပြီး နောက်ပြန်လျှောက်ပြီးတော့ အရှိန်နည်းနည်းယူလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ ကျွန်တော်က ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒါက ကျွန်တော့်ဘဝမှာ လုပ်သင့်တာကို မလုပ်ခဲ့တဲ့ တစ်ခါတည်းသော အဖြစ်ပဲ။ ကျွန်တော် ဒီအတိုင်း ဒဲ့ကန်ထည့်လိုက်မိတယ်။ ရယ်စရာကောင်းတာက ကျွန်တော့် အသင်းဖော်တွေဆီ ပြန်လျှောက်လာတဲ့အချိန်မှာ စတီဗင်က ကျွန်တော့်ဆီလာပြီး ဖက်ပြီး နှစ်သိမ့်ပေးခဲ့တယ်။

ပြီးတော့ ကာရေဂါကလဲ ‘ဂင်ဂီ၊ ဒီဒါက ပင်နယ်တီတိုင်းကို တစ်ဖက်ထဲပဲ ဒိုင်ဗင်ထိုးတယ်ဆိုတာ မတွေ့လိုက်ဖူးလား’လို့ ပြောတယ်။ ကျွန်တော်က ‘စောက်ကျိုးနည်း၊ အဲ့ဒါက ငါမကန်ခင်ထဲက ဘာလို့မပြောလဲ’လို့ ပြန်ပြောခဲ့တယ်”လို့ ၎င်းက ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ရစ္ေဆးဟာ ၂၀၀၁ ကေန ၂၀၀၈ အတြင္း လီဗာပူးမွာ သူ႔ရဲ႕ ၇ ႏွစ္တာ ကစားသမားဘဝအတြင္းမွာ ယူႏိုက္တက္နဲ႔ အႀကိမ္မ်ားစြာ ေတြ႕ဆုံခဲ့ဖူးေပမယ့္ အဂၤလန္မွာ သူ႔အတြက္ အမွတ္အရဆုံး အခိုက္အတန႔္ကေတာ့ ၂၀၀၅ ခ်န္ပီယံလိဂ္ ဖလားပြဲ ျဖစ္မွာ အေသအခ်ာပါ။

အဲ့ဒီ့ပြဲအတြင္း ပင္နယ္တီ အဆုံးအျဖတ္ သူဟာ ပင္နယ္တီ လြဲခဲ့တဲ့ေနာက္ အဲ့ဒီ့ညနဲ႔ ပတ္သက္လို႔ ေရာေထြးတဲ့ အမွတ္တရေတြ ရွိေနခဲ့မွာ ျဖစ္ပါတယ္။ ေအစီမီလန္နဲ႔ ကစားခဲ့ရတဲ့ အစၥတန္ဘူလ္ ညေနခင္း အမွတ္တရနဲ႔ ပတ္သက္လို႔ ရစ္ေဆးက

“ကြၽန္ေတာ္ အဲ့ပြဲကို တစ္ခါပဲ ျပန္ၾကည့္ခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ကေပါ့။ အဲ့တစ္ႀကိမ္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အလုပ္အတြက္ လိုအပ္လို႔ ၾကည့္ခဲ့တာပါ။ ပုံမွန္ဆိုရင္ေတာ့ မၾကည့္ပါဘူး။ ကြၽန္ေတာ္ ပင္နယ္တီလြဲခဲ့တာမို႔လို႔ပါ။

အဲ့ဒီ့တုန္းက မိနစ္ ၉၀ နဲ႔ အခ်ိန္ပို ကစားခဲ့ၿပီးေတာ့ ပင္နယ္တီကန္ရမယ္ဆိုတဲ့ အခ်ိန္မွာ ကြၽန္ေတာ္ ျပင္းထန္တဲ့ ႂကြက္တက္ဒဏ္ရာ ခံစားခဲ့ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ ပင္နယ္တီကို ကန္ဖို႔ လမ္းေလွ်ာက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဘာလုပ္ရမလဲ မသိခဲ့ဘူး။ ပုံမွန္ဆိုရင္ ကြၽန္ေတာ္ ယုံၾကည္မႈရွိရွိနဲ႔ တစ္ခါထဲ အားျပင္းျပင္းနဲ႔ ကန္ထည့္လိုက္မွာပါ။ အဲ့ဒါက ကြၽန္ေတာ့္စတိုင္ပဲေလ။

ဒါေပမယ့္ အဲ့ဒီ့အခ်ိန္မွာ အဲ့လိုနည္းနဲ႔ သြားကန္ရင္ ကြၽန္ေတာ့္ ညာေျခက ႂကြက္တက္လာမွာကို ေၾကာက္လို႔ ဘာလုပ္ရမလဲဆိုတာ ျပန္စဥ္းစားခဲ့ရတယ္။ ဒါေၾကာင့္ ကန္ရမယ့္ေနရာဆီကို လမ္းေလွ်ာက္သြားခဲ့ၿပီးေတာ့ ကြၽန္ေတာ့္မွာရွိတဲ့ ေ႐ြးခ်ယ္စရာေတြကို စဥ္းစားခဲ့တယ္။ ဒီအတိုင္း ဒဲ့ကန္ထည့္မလား ေဘာလုံးေအာက္ေျခကို နည္းနည္းထိၿပီးမွ ကန္ရတဲ့ Panenka ကန္နည္းအတိုင္း ကန္မလားေပါ့။

ကြၽန္ေတာ္ Panenka အေၾကာင္း စဥ္းစားေနခဲ့တယ္။ ဒါက လုံးဝ ႐ူးသြပ္တာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ အမွတ္ရေနခ်င္ခဲ့တာပါ။ ကြၽန္ေတာ္ ေဘာလုံးကို ေနရာတက်ထားၿပီး ေနာက္ျပန္ေလွ်ာက္ၿပီးေတာ့ အရွိန္နည္းနည္းယူလိုက္တယ္။ အဲ့ဒီ့အခ်ိန္မွာပဲ ကြၽန္ေတာ္က ဘာလုပ္မယ္ဆိုတာ ဆုံးျဖတ္ခဲ့တာပါ။

အဲ့ဒါက ကြၽန္ေတာ့္ဘဝမွာ လုပ္သင့္တာကို မလုပ္ခဲ့တဲ့ တစ္ခါတည္းေသာ အျဖစ္ပဲ။ ကြၽန္ေတာ္ ဒီအတိုင္း ဒဲ့ကန္ထည့္လိုက္မိတယ္။ ရယ္စရာေကာင္းတာက ကြၽန္ေတာ့္ အသင္းေဖာ္ေတြဆီ ျပန္ေလွ်ာက္လာတဲ့အခ်ိန္မွာ စတီဗင္က ကြၽန္ေတာ့္ဆီလာၿပီး ဖက္ၿပီး ႏွစ္သိမ့္ေပးခဲ့တယ္။

ျပီးေတာ့ ကာေရဂါကလဲ ‘ဂင္ဂီ၊ ဒီဒါက ပင္နယ္တီတိုင္းကို တစ္ဖက္ထဲပဲ ဒိုင္ဗင္ထိုးတယ္ဆိုတာ မေတြ႕လိုက္ဖူးလား’လို႔ ေျပာတယ္။ ကြၽန္ေတာ္က ‘ေစာက္က်ိဳးနည္း၊ အဲ့ဒါက ငါမကန္ခင္ထဲက ဘာလို႔မေျပာလဲ’လို႔ ျပန္ေျပာခဲ့တယ္”လို႔ ၎က ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။