စတီဗင်ဂျရတ်က ရိန်းဂျားနဲ့အတူ အမှတ်ပေးဖလား အောင်မြင်လိုပြီး ပြီးရင်တော့ လီဗာပူးနဲ့ အောင်မြင်လိုတယ်လို့ ဆိုသွားပါတယ်။

ဆောက်သမ်တန် ကစားသမား ဒန်နီအင့်ဟာ လီဗာပူးနဲ့ ပွဲအပြီးမှာ ကိုဗစ်ပိုး တွေ့ခဲ့တယ်လို့ စိန့်အသင်းမန်နေဂျာ ဟက်ဆန်ဟက်က ထုတ်ပြောလိုက်ပါတယ်။

ဘွန်ကီတွေက ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တဲ့ အသင်းအဖြစ် ပေါက်ကြေးဖွင့်မှုမှာ လီဗာပူးကို ဒုတိယနေရာ လျောချခဲ့ပြီး မန်စီးတီးက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

အာဏာပိုင်တွေက ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီးနောက် အသင်းသားတွေ ပွေ့ဖက် အောင်ပွဲခံခြင်း မလုပ်ဖို့ တားမြစ်မှုကို ကလပ်တွေ မလိုက်နာတာအတွက် စိတ်ပျက်နေတယ်လို့ သိရပါတယ်။

လိုက်ဇစ်အသင်းက ၎င်းတို့အသင်းရဲ့ ခံစစ်မှူးဖြစ်တဲ့ အူပါမီကာနိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ လုံးဝ ရောင်းထုတ်ပေးသွားမှာ မဟုတ်ကြောင်း The Guardian သတင်းထောက် Fabrizio Romano က အတည်ပြုသွားပါတယ်။

မာတစ် မပါနိုင်ခြင်းကြောင့် ယူနိုက်တက်ပွဲမှာ ဗဟိုခံစစ်အတွဲအဖြစ် ဖာဘင်ညိုနဲ့ တွဲဘက်ပေးဖို့ ဟန်ဒါဆန်၊ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ (၃) ဦး ရှိတဲ့ထဲက ဖာဘင်ညိုရဲ့ တွဲဘက်အဖြစ် လီဗာပူးပရိသတ်တွေ အမြင်ချင်ဆုံးသူက နက်ဖီးလစ်ဖြစ်ကြောင်း လီဗာပူးသတင်းထောက် James Pearce ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

လီဗာပူးကစားသမားဟောင်း ရစ်ဆေးက “၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တစ်ခါပဲ ပြန်ကြည့်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ အဲ့တစ်ကြိမ်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်အတွက် လိုအပ်လို့ ကြည့်ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ မကြည့်ပါဘူး။ ကျွန်တော် ပင်နယ်တီလွဲခဲ့တာမို့လို့ပါ။ ” လို့ ပြောပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက် ကလန်တန်ဘက်က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူး v ယူနိုက်တက်ပွဲ မတိုင်ခင်မှာ အတိတ်တုန်းက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ ဆာအဲလက်စ်ရဲ့ အသင်းကို မျက်နှာသာပေးမှုတွေ လုပ်ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပေမယ့် ကလော့ပ်ကိုတော့ တူညီတဲ့ မျက်နှာသာပေးခံရမှု ရဖို့ မမျှော်လင့်ပါနဲ့လို့ ဒေးလီးမေလ်းကနေ ရေးသားသွားပါတယ်။

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းက ဘွန်ဒက်လီဂါထံ အငှားချထားတဲ့ တိုက်စစ်သမား အဝန်နီယီကို ခေါ်ယူဖို့ စကော်တလန်ပြိုင်ဘက် ဆဲလ်တစ်နဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်အသင်းမှာ နေရာမရဖြစ်နေတဲ့ ဂရိခံစစ်မှူး ဆိုကရေးတက်စ်က ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းကို ကမ်းလှမ်းမှု လုပ်ထားခဲ့ပါတယ်။

ZAWGYI

စတီဗင္ဂ်ရတ္က ရိန္းဂ်ားနဲ႔အတူ အမွတ္ေပးဖလား ေအာင္ျမင္လိုျပီး ျပီးရင္ေတာ့ လီဗာပူးနဲ႔ ေအာင္ျမင္လိုတယ္လို႔ ဆိုသြားပါတယ္။

ေဆာက္သမ္တန္ ကစားသမား ဒန္နီအင့္ဟာ လီဗာပူးနဲ႔ ပြဲအျပီးမွာ ကိုဗစ္ပိုး ေတြ႔ခဲ့တယ္လို႔ စိန္႔အသင္းမန္ေနဂ်ာ ဟက္ဆန္ဟက္က ထုတ္ေျပာလိုက္ပါတယ္။

ဘြန္ကီေတြက ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ႏုိင္တဲ့ အသင္းအျဖစ္ ေပါက္ေၾကးဖြင့္မႈမွာ လီဗာပူးကို ဒုတိယေနရာ ေလ်ာခ်ခဲ့ျပီး မန္စီးတီးက ေရပန္းအစားဆံုး ျဖစ္လာပါတယ္။

အာဏာပိုင္ေတြက ေဘာလံုးပြဲေတြမွာ ဂိုးသြင္းျပီးေနာက္ အသင္းသားေတြ ေပြ႔ဖက္ ေအာင္ပြဲခံျခင္း မလုပ္ဖို႔ တားျမစ္မႈကို ကလပ္ေတြ မလိုက္နာတာအတြက္ စိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။

လိုက္ဇစ္အသင္းက ၄င္းတို႔အသင္းရဲ႕ ခံစစ္မွဴးျဖစ္တဲ့ အူပါမီကာႏိုကို ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လံုးဝ ေရာင္းထုတ္ေပးသြားမွာ မဟုတ္ေၾကာင္း The Guardian သတင္းေထာက္ Fabrizio Romano က အတည္ျပဳသြားပါတယ္။

မာတစ္ မပါႏုိင္ျခင္းေၾကာင့္ ယူႏုိက္တက္ပြဲမွာ ဗဟိုခံစစ္အတြဲအျဖစ္ ဖာဘင္ညိဳနဲ႔ တြဲဘက္ေပးဖို႔ ဟန္ဒါဆန္၊ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ (၃) ဦး ရွိတဲ့ထဲက ဖာဘင္ညိဳရဲ႕ တြဲဘက္အျဖစ္ လီဗာပူးပရိသတ္ေတြ အျမင္ခ်င္ဆံုးသူက နက္ဖီးလစ္ျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ James Pearce ရဲ႕ စစ္တမ္းက ေဖာ္ျပပါတယ္။

လီဗာပူးကစားသမားေဟာင္း ရစ္ေဆးက “၂၀၀၅ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တစ္ခါပဲ ျပန္ၾကည့္ခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ကေပါ့။ အဲ့တစ္ႀကိမ္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အလုပ္အတြက္ လိုအပ္လို႔ ၾကည့္ခဲ့တာပါ။ ပုံမွန္ဆိုရင္ေတာ့ မၾကည့္ပါဘူး။ ကြၽန္ေတာ္ ပင္နယ္တီလြဲခဲ့တာမို႔လို႔ပါ။ ” လို႔ ေျပာပါတယ္။

ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေဟာင္း မက္ ကလန္တန္ဘက္က တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူး v ယူႏုိက္တက္ပြဲ မတိုင္ခင္မွာ အတိတ္တုန္းက ပရီးမီးယားလိဂ္ ဒိုင္လူၾကီးေတြဟာ ဆာအဲလက္စ္ရဲ႔ အသင္းကို မ်က္ႏွာသာေပးမႈေတြ လုပ္ခဲ့ရေၾကာင္း ဝန္ခံသြားခဲ့ေပမယ့္ ကေလာ့ပ္ကိုေတာ့ တူညီတ့ဲ မ်က္ႏွာသာေပးခံရမႈ ရဖို႔ မေမွ်ာ္လင့္ပါနဲ႔လို႔ ေဒးလီးေမလ္းကေန ေရးသားသြားပါတယ္။

ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္ဟာ လီဗာပူးအသင္းက ဘြန္ဒက္လီဂါထံ အငွားခ်ထားတဲ့ တိုက္စစ္သမား အဝန္နီယီကို ေခၚယူဖို႔ စေကာ္တလန္ျပိဳင္ဘက္ ဆဲလ္တစ္နဲ႔အျပိဳင္ စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္အသင္းမွာ ေနရာမရျဖစ္ေနတဲ့ ဂရိခံစစ္မွဴး ဆုိကေရးတက္စ္က ဇန္နဝါရီမွာ သူ႔ကို ေခၚယူဖို႔ လီဗာပူးအသင္းကို ကမ္းလွမ္းမႈ လုပ္ထားခဲ့ပါတယ္။