လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့မယ့် ပွဲနဲ့ ပက်သက်လို့ ဘီဘီစီမှ ဘောလုံးသုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။

လော်ရိုးက ” အခုချိန်မှာတော့ ကစားကွင်းထဲမှာ ပရိသတ်တွေ ဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အမှတ်ပေးဇယားထိပ်က နှစ်သင်း တွေ့ဆုံမှုမှာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရတာက လီဗာပူးအတွက် ထူးခြားတဲ့ ခံစားချက်တွေ ရှိနေစေမှာပါ။

အချိန်အများကြီးမှာ ဒီထိပ်တိုက်တွေ့မှုတွေက သက်ဝင်လှုပ်ရှားတဲ့ ပွဲဖြစ်မယ်လို့ ထင်ထားတယ်။ ယူနိုက်တက်တို့ ပုံစံကောင်း ရနေတာကလည်း လီဗာပူးခံစစ်ကို ပြဿနာတွေ ပေးပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဆိုးရှားရဲ့ တိုက်စစ်က အရှိန်ကောင်းရှိပြီး ဖာနန်ဒက်စ်ကလည်း မာယာများသလို ဘောလုံးပေးနိုင်စွမ်းလည်း ရှိတယ်။ ယူနိုက်တက် ထိပ်ဆုံးကို ရောက်လာတာအတွက် ဆိုးရှားက ပေါ့ဘာရဲ့ ကစားနိုင်စွမ်းကိုလည်း ချီးကျူးထားပါတယ်။

လီဗာပူးက ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်နေရပေမယ့် သူတို့ ဆိုးရွားတဲ့ အသငင်း မဟုတ်ပါဘူး။ အခွင့်အရေး ဖန်တီးမှုတွေ လုပ်နိုင်တယ်။ ဒီပွဲမှာလည်း အဲ့လို လုပ်နိုင်ဖို့ လိုပါတယ်။ လီဗာပူးရဲ့ အိမ်ကွင်းပုံစံကလည်း သိပ်ကောင်းပါတယ်။ လီဗာပူးဟာ ၂၀၁၇ ဧပရယ်နောက်ပိုင်း အန်ဖီးကွင်းမှာ အမှတ်ပေးပွဲ ရံှူးပွဲ မရှိပါဘူး။ အဲ့လိုပဲ ယူနိုက်တက်ကလည်း ဒီရာသီမှာ အဝေးကွင်း ရံှူးပွဲ မရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတယ်။

ကျနော်ကတော့ နှစ်သင်းလုံး ဆက်လက် ပြိုင်ဆိုင်မှုကို ဆက်ထိန်းပေးနိုင်မယ့် သရေဖြစ်မယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်သွားတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၁ ယူနိုက်တက် ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ရဲ႕ ထိပ္တိုက္ေတြ႔မယ့္ ပြဲနဲ႔ ပက္သက္လို႔ ဘီဘီစီမွ ေဘာလံုးသံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းသြားပါတယ္။

ေလာ္ရိုးက ” အခုခ်ိန္မွာေတာ့ ကစားကြင္းထဲမွာ ပရိသတ္ေတြ ဝင္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ အမွတ္ေပးဇယားထိပ္က ႏွစ္သင္း ေတြ႔ဆံုမႈမွာ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံရတာက လီဗာပူးအတြက္ ထူးျခားတဲ့ ခံစားခ်က္ေတြ ရွိေနေစမွာပါ။

အခ်ိန္အမ်ားၾကီးမွာ ဒီထိပ္တိုက္ေတြ႔မႈေတြက သက္ဝင္လႈပ္ရွားတဲ့ ပြဲျဖစ္မယ္လို႔ ထင္ထားတယ္။ ယူႏုိက္တက္တို႔ ပံုစံေကာင္း ရေနတာကလည္း လီဗာပူးခံစစ္ကို ျပႆနာေတြ ေပးပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ဆိုးရွားရဲ႕ တိုက္စစ္က အရွိန္ေကာင္းရွိျပီး ဖာနန္ဒက္စ္ကလည္း မာယာမ်ားသလို ေဘာလံုးေပးႏုိင္စြမ္းလည္း ရွိတယ္။ ယူႏုိက္တက္ ထိပ္ဆံုးကို ေရာက္လာတာအတြက္ ဆိုးရွားက ေပါ့ဘာရဲ႕ ကစားႏုိင္စြမ္းကိုလည္း ခ်ီးက်ဴးထားပါတယ္။

လီဗာပူးက ခက္ခဲတဲ့ ကာလေတြကို ေက်ာ္ျဖတ္ေနရေပမယ့္ သူတို႔ ဆိုးရြားတဲ့ အသငင္း မဟုတ္ပါဘူး။ အခြင့္အေရး ဖန္တီးမႈေတြ လုပ္ႏုိင္တယ္။ ဒီပြဲမွာလည္း အဲ့လို လုပ္ႏုိင္ဖို႔ လိုပါတယ္။ လီဗာပူးရဲ႕ အိမ္ကြင္းပံုစံကလည္း သိပ္ေကာင္းပါတယ္။ လီဗာပူးဟာ ၂၀၁၇ ဧပရယ္ေနာက္ပိုင္း အန္ဖီးကြင္းမွာ အမွတ္ေပးပြဲ ရံွဴးပြဲ မရွိပါဘူး။ အဲ့လိုပဲ ယူႏုိက္တက္ကလည္း ဒီရာသီမွာ အေဝးကြင္း ရံွဴးပြဲ မရွိတဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားတယ္။

က်ေနာ္ကေတာ့ ႏွစ္သင္းလံုး ဆက္လက္ ျပိဳင္ဆိုင္မႈကို ဆက္ထိန္းေပးႏုိင္မယ့္ သေရျဖစ္မယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္သြားတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၁-၁ ယူႏုိက္တက္ ျဖစ္ပါတယ္။