အက်ဖ်အေ စတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ ည (၁၁း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားစေမယ်လို့ အတည်ပြုလိုက်ပါပြီ။

ဒါကြောင့် ဇန်နဝါရီလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့မှာ အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ အပြီး တစ်ပတ်အကြာ အိုထရတ်ဖိုဒ့်မှာ အက်ဖ်အေပွဲ ကစားရမှာဖြစ်တယ်။ ဒီအပတ်ပွဲမှာ ထွက်ပေါ်လာမယ့် ရလဒ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

အဆိုပါပွဲအပြီး ၇ ရက်အကြာ အက်ဖ်အေဖလားမှာလည်း ထိပ်တိုက် တွေ့နေခဲ့တာဖြစ်လို့ ပြိုင်ဘက် နှစ်သင်းထဲက တစ်သင်းကတော့ ဆုဖလား ပြိုင်ပွဲ တစ်ခုကနေ ခပ်စောစော ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။

အက်ဖ်အေပွဲကို BBC One ချန်နယ်ကနေ ပြန်သွားမှာဖြစ်ပြီး လီဗာပူးအတွက်ကတော့ ဘန်လေနဲ့ပွဲအပြီး ၃ ရက် အကြာမှာ ယူနိုက်တက်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဆိုပါ အက်ဖ်အေပွဲအပြီး ၄ ရက်အကြာမှာတော့ မြောက်လန်ဒန်ကို သွားကာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီအတွင်း ၇ ပွဲထိ ကစားရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ အက်ဖ်အေဖလားမှာ အနိုင်ရတဲ့အသင်းက ပဉ္စမအဆင့်အတွက် ဝက်ဟမ်း V ဒွန်ချက်စတာ ရိုဗာ အတွဲက အနိုင်ရလာတဲ့ အသင်းနဲ့ ဖေဖော်ဝါရီလ အလယ်မှာ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Liverpool’s Fixture List for January & February

  • Man United (H) – Premier League – Sunday, Jan 17
  • Burnley (A) – Premier League – Thursday, Jan 21
  • Man United (H) – FA Cup – Sunday, Jan 24
  • Tottenham (A) – Premier League – Thursday, Jan 29
  • West Ham (A) – Premier League – Sunday, Jan 31

ZAWGYI

အက္ဖ္ေအ စတုတၳအဆင့္အျဖစ္ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူနုိက္တက္တို႔ရဲ႕ ပြဲကို ဇန္နဝါရီလ ၂၄ ရက္ေန႔ တနဂၤေႏြေန႔ ည (၁၁း၃၀) နာရီမွာ ယွဥ္ျပိဳင္ကစားေစမယ္လို႔ အတည္ျပဳလိုက္ပါျပီ။

ဒါေၾကာင့္ ဇန္နဝါရီလ ၁၇ ရက္ေန႔ တနဂၤေႏြေန႔မွာ အန္ဖီးမွာ ယွဥ္ျပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ အမွတ္ေပးပြဲ အျပီး တစ္ပတ္အၾကာ အိုထရတ္ဖိုဒ့္မွာ အက္ဖ္ေအပြဲ ကစားရမွာျဖစ္တယ္။ ဒီအပတ္ပြဲမွာ ထြက္ေပၚလာမယ့္ ရလဒ္ဟာ အမွတ္ေပးဇယား ထိပ္ဆံုးေနရာကို သက္ေရာက္မႈ ရွိလာမွာ ျဖစ္ပါတယ္။

အဆိုပါပြဲအျပီး ၇ ရက္အၾကာ အက္ဖ္ေအဖလားမွာလည္း ထိပ္တိုက္ ေတြ႔ေနခဲ့တာျဖစ္လို႔ ျပိဳင္ဘက္ ႏွစ္သင္းထဲက တစ္သင္းကေတာ့ ဆုဖလား ျပိဳင္ပြဲ တစ္ခုကေန ခပ္ေစာေစာ ထြက္ခြာသြားရမွာ ျဖစ္ပါတယ္။

အက္ဖ္ေအပြဲကို BBC One ခ်န္နယ္ကေန ျပန္သြားမွာျဖစ္ျပီး လီဗာပူးအတြက္ကေတာ့ ဘန္ေလနဲ႔ပြဲအျပီး ၃ ရက္ အၾကာမွာ ယူႏုိက္တက္ပြဲကို ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အဆိုပါ အက္ဖ္ေအပြဲအျပီး ၄ ရက္အၾကာမွာေတာ့ ေျမာက္လန္ဒန္ကို သြားကာ စပါးအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ရပါမယ္။

လီဗာပူးအသင္းဟာ ဇန္နဝါရီအတြင္း ၇ ပြဲထိ ကစားရမွာျဖစ္ျပီး ယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့ အက္ဖ္ေအဖလားမွာ အႏုိင္ရတဲ့အသင္းက ပဥၥမအဆင့္အတြက္ ဝက္ဟမ္း V ဒြန္ခ်က္စတာ ရိုဗာ အတြဲက အႏုိင္ရလာတဲ့ အသင္းနဲ႔ ေဖေဖာ္ဝါရီလ အလယ္မွာ ယွဥ္ျပိဳင္ရမယ္လို႔ သိရပါတယ္။

Liverpool’s Fixture List for January & February

  • Man United (H) – Premier League – Sunday, Jan 17
  • Burnley (A) – Premier League – Thursday, Jan 21
  • Man United (H) – FA Cup – Sunday, Jan 24
  • Tottenham (A) – Premier League – Thursday, Jan 29
  • West Ham (A) – Premier League – Sunday, Jan 31