လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး မီလီတိုတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖို့ ခက်ခဲပါတယ်လို့ လီဗာပူးသတင်းထောက် James Pearce က ထုတ်ပြောလိုက်ပါတယ်။

James Pearce က လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ အသုံးစရိတ်ကြီးထုတ်ဖို့ ငွေကြေး မရှိသလို ကလပ်ရဲ့ ကာလရှည် အစီအစဉ်အတွက် ခံစစ်မှူးသစ် ခေါ်ယူမှုကိုလည်း နွေမှ လုပ်လိုနေတယ်လို့ ဆိုတယ်။

The Athletic ကနေ Pearce က ပြောရာမှာ ” ဒါကိုလည်း ပြောပြပြီးပါပြီ လီဗာပူးက ကာလတို ဖြေရှင်းဖို့ နည်းလမ်းကို ကြိုးစားမှာ မဟုတ်ပါဘူး။ ကလပ်က ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်မယ်လို့ မထင်ပါဘူး။ သူတို့ ကာလရှည်အတွက် ရည်ရွယ်ထားတဲ့ ကစားသမားကို ခေါ်ယူဖို့ကလည်း လက်တလောမှာ ငွေကြေး မရှိပါဘူး။

ကျနော်ဆိုရင်တော့ မီလီတိုကို ခေါ်ယူလို့ရမယ့် အနေအထားဆိုရင် ခေါ်ဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လို့ လီဗာပူးက ကာလတိုအတွက် ဖြေရှင်းဖို့ ပြင်ဆင်ထားလားဆိုတဲ့ ကိစ္စကိုပဲ ပြန်ပြောရမှာ ဖြစ်ပါတယ်။ ရီးရဲလ်ဘက်ကတော့ ကစားသမားရဲ့ လုပ်ခနဲ့ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ပဲ အငှားချလိုပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

အားကစား သတင်းထောက် Duncan Castles ကလည်း ရီးရဲလ်မက်ဒရစ်ဟာ အသက် ၂၂ နှစ်အရွယ် ခံစစ်သမားကို အငှားချလိုနေပြီး စာချုပ်မှာတော့ ကစားသမားကို နွေမှာ အပြီးသတ် ခေါ်ယူခွင့်ဖြင့် ကမ်းလှမ်းလာမှုမျိုးကို လိုချင်နေတယ်လို့ ဖော်ပြခဲ့တယ်။

Duncan Castles က “ ရီးရဲလ်မှာ နေရာမရဖြစ်လာတဲ့ ခံစစ်သမားက အီဒါ မီလီတိုဖြစ်တယ်။ လာလီဂါထိပ်သီးကလပ်က ကစားသမားကို ရှင်းထုတ်လိုနေပြီး ရောင်းထုတ်ဖို့ကို ပိုမို ဆန္ဒရှိပါတယ်။ သူတို့ဘက်က တောင်းဈေးက ယူရို သန်း ၅၀ ဖြစ်တယ်။ ဒါပေမယ့်လို့ ဇန်နဝါရီမှာတင် ၆ လ အငှားခေါ်ယူပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ ကမ်းလှမ်းမှုကိုလည်း လက်ခံလိုနေပါတယ် ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဘရာဇီးခံစစ်မှူးဟာ ဘရာဇီးကလပ် ဆော်ပေါ်လိုမှာ တောက်ပလာမှုနဲ့အတူ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို ပြောင်းလာခဲ့သူပါ။ ပေါ်တိုမှာလည်း တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့တာကြောင့် ဥရောပမြေကို ရောက်ပြီး ၁ နှစ်အကြာမှာပဲ ရီးရဲလ်မက်ဒရစ်ကို ယူရို သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့တယ်။ မနှစ်တုန်းက ရီးရဲလ်မှာ နေရာမရခဲ့သလို ဒီရာသီမှာလည်း ပွဲကစားခွင့် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး မီလီတိုတို႔ရဲ႕ အေျပာင္းအေရႊ႔က ျဖစ္လာဖို႔ ခက္ခဲပါတယ္လို႔ လီဗာပူးသတင္းေထာက္ James Pearce က ထုတ္ေျပာလိုက္ပါတယ္။

James Pearce က လီဗာပူးအသင္းဟာ ဇန္နဝါရီမွာ အသံုးစရိတ္ၾကီးထုတ္ဖို႔ ေငြေၾကး မရွိသလို ကလပ္ရဲ႕ ကာလရွည္ အစီအစဥ္အတြက္ ခံစစ္မွဴးသစ္ ေခၚယူမႈကိုလည္း ေႏြမွ လုပ္လိုေနတယ္လို႔ ဆိုတယ္။

The Athletic ကေန Pearce က ေျပာရာမွာ ” ဒါကိုလည္း ေျပာျပျပီးပါျပီ လီဗာပူးက ကာလတို ေျဖရွင္းဖို႔ နည္းလမ္းကို ၾကိဳးစားမွာ မဟုတ္ပါဘူး။ ကလပ္က ဒီဆံုးျဖတ္ခ်က္ကို ျပင္ဆင္မယ္လို႔ မထင္ပါဘူး။ သူတို႔ ကာလရွည္အတြက္ ရည္ရြယ္ထားတဲ့ ကစားသမားကို ေခၚယူဖို႔ကလည္း လက္တေလာမွာ ေငြေၾကး မရွိပါဘူး။

က်ေနာ္ဆိုရင္ေတာ့ မီလီတိုကို ေခၚယူလို႔ရမယ့္ အေနအထားဆိုရင္ ေခၚဖို႔ ၾကိဳးစားမွာပါ။ ဒါေပမယ့္လို႔ လီဗာပူးက ကာလတိုအတြက္ ေျဖရွင္းဖို႔ ျပင္ဆင္ထားလားဆိုတဲ့ ကိစၥကိုပဲ ျပန္ေျပာရမွာ ျဖစ္ပါတယ္။ ရီးရဲလ္ဘက္ကေတာ့ ကစားသမားရဲ႕ လုပ္ခနဲ႔ အျပီးသတ္ ဝယ္ယူခြင့္ပါတဲ့ ကမ္းလွမ္းမႈမ်ိဳးနဲ႔ပဲ အငွားခ်လိုပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္တယ္။

အားကစား သတင္းေထာက္ Duncan Castles ကလည္း ရီးရဲလ္မက္ဒရစ္ဟာ အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္သမားကို အငွားခ်လိုေနျပီး စာခ်ဳပ္မွာေတာ့ ကစားသမားကို ေႏြမွာ အျပီးသတ္ ေခၚယူခြင့္ျဖင့္ ကမ္းလွမ္းလာမႈမ်ိဳးကို လိုခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တယ္။

Duncan Castles က “ ရီးရဲလ္မွာ ေနရာမရျဖစ္လာတဲ့ ခံစစ္သမားက အီဒါ မီလီတိုျဖစ္တယ္။ လာလီဂါထိပ္သီးကလပ္က ကစားသမားကို ရွင္းထုတ္လိုေနျပီး ေရာင္းထုတ္ဖို႔ကို ပိုမို ဆႏၵရွိပါတယ္။ သူတို႔ဘက္က ေတာင္းေစ်းက ယူရို သန္း ၅၀ ျဖစ္တယ္။ ဒါေပမယ့္လို႔ ဇန္နဝါရီမွာတင္ ၆ လ အငွားေခၚယူျပီး ရာသီကုန္မွာ အျပီးသတ္ ေခၚယူခြင့္ပါတဲ့ ကမ္းလွမ္းမႈကိုလည္း လက္ခံလိုေနပါတယ္ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ဘရာဇီးခံစစ္မွဴးဟာ ဘရာဇီးကလပ္ ေဆာ္ေပၚလိုမွာ ေတာက္ပလာမႈနဲ႔အတူ ေပၚတူဂီကလပ္ ေပၚတိုအသင္းကို ေျပာင္းလာခဲ့သူပါ။ ေပၚတိုမွာလည္း ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသခဲ့တာေၾကာင့္ ဥေရာပေျမကို ေရာက္ျပီး ၁ ႏွစ္အၾကာမွာပဲ ရီးရဲလ္မက္ဒရစ္ကို ယူရို သန္း ၅၀ ျဖင့္ ေျပာင္းေရႊ႔ခဲ့တယ္။ မႏွစ္တုန္းက ရီးရဲလ္မွာ ေနရာမရခဲ့သလို ဒီရာသီမွာလည္း ပြဲကစားခြင့္ ရုန္းကန္ေနရတာ ျဖစ္ပါတယ္။