လီဗာပူးမန်နေဂျာဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ ဂရေမီ ဆောင်းနက်က ဒီရာသီမှာ အသင်းဟောင်းက ရုန်းကန်ရမှုတွေ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဆောင်းနက်ကပဲ ရာသီအစောပိုင်းမှာတင် ဗန်ဒိုက်ကို လက်လွတ်ရတာက လီဗာပူးအတွက် အထိနာမှုကြီးလို့ မြင်ပါတယ်။ ဗန်ဒိုက် ရာသီအစပိုင်းမှာတင် ဒဏ်ရာရခဲ့တာက လီဗာပူးရဲ့ ရလဒ် ရယူနိုင်မှုမှာ ယခင် ဘောလုံးရာသီတွေလို ပြတ်သားစွာ မလုပ်နိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်းလို့လည်း သူက မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဆောင်းနက်က ” လီဗာပူးက တည်ငြိမ်မှုကို ရှာဖွေနေရတယ်။ ကုန်ခဲ့တဲ့ ၃ နှစ်မှာ လီဗာပူးအသင်းရဲ့ တည်ငြိမ်မှုက ထူးချွန်တဲ့ အဆင့်မှာ ရှိနေခဲ့တယ်။ ဒါကြောင့်လည်း သူတို့ ဆုဖလားကြီးတွေကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီရာသီမှာတော့ လီဗာပူးက တည်ငြိမ်မှုပိုင်းမှာ ကြိုးစားနေရပါတယ်။

ရာသီအစမှာတင် ဗန်ဒိုက်ကို ဆုံးရံှူးခဲ့ရတာကို တိုက်ရိုက် အစားထိုးဖို့ ကြိုးစားနေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ဂျိုဂိုးမက်နဲ့ မာတစ်တို့ကိုလဲ ဆုံးရှုံးခဲ့ရပြီးတော့ ဖာဘင်ညိုကို နောက်တန်းခေါ်ဆော့ခဲ့ရတယ်။ ဒါက စုစည်းမှုအားကောင်းတဲ့ အသင်းအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။

ရာသီအစကို ပြန်သွားပြီး ယာဂင်ကလော့ပ်နားမှာ ထိုင်ပြီးတော့ ‘ဒီရာသီမှာ ခင်ဗျား ကာလရှည် ဒဏ်ရာမရစေချင်တဲ့ ကစားသမားက ဘယ်သူဖြစ်မလဲ’လို့ မေးကြည့်။ တချို့က မာနေး၊ တချို့က ဆာလာ စသဖြင့် ပြောလိမ့်မယ်။ သူတို့မရှိလည်း လီဗာပူးက ဂိုးတွေ ရနေမှာပါပဲ။ ဒါပေမယ့် ဗန်ဒိုက်ကိုတော့ ဘယ်သူနဲ့မှ အစားထိုးလို့မရဘူး။ ဗန်ဒိုက်က နောက်တန်းမှာ လူတိုင်းကို စုစည်းစေတဲ့ ကော်လိုပါပဲ။

ကုန်ခဲ့တဲ့ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်အတွက် အန်ဖီးကို သွားဖို့က အခုထက် ပိုကောင်းတဲ့ အချိန် ရှိတော့မှာ မဟုတ်ပါဘူး။ သူတို့ ရနိုင်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ အန်ဖီးမှာ ရလဒ်ကောင်း ရရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ယူနိုက်တတက်တို့ လာကစားပါလိမ့်မယ်” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာေဟာင္းနဲ႔ ကစားသမားေဟာင္းျဖစ္သူ ဂေရမီ ေဆာင္းနက္က ဒီရာသီမွာ အသင္းေဟာင္းက ရုန္းကန္ရမႈေတြ ရွိေနတယ္လို႔ ဝန္ခံလုိက္ပါတယ္။

ေဆာင္းနက္ကပဲ ရာသီအေစာပိုင္းမွာတင္ ဗန္ဒိုက္ကို လက္လြတ္ရတာက လီဗာပူးအတြက္ အထိနာမႈၾကီးလို႔ ျမင္ပါတယ္။ ဗန္ဒိုက္ ရာသီအစပိုင္းမွာတင္ ဒဏ္ရာရခဲ့တာက လီဗာပူးရဲ႕ ရလဒ္ ရယူႏုိင္မႈမွာ ယခင္ ေဘာလံုးရာသီေတြလို ျပတ္သားစြာ မလုပ္ႏုိင္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္းလို႔လည္း သူက မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ေဆာင္းနက္က ” လီဗာပူးက တည္ျငိမ္မႈကို ရွာေဖြေနရတယ္။ ကုန္ခဲ့တဲ့ ၃ ႏွစ္မွာ လီဗာပူးအသင္းရဲ႕ တည္ျငိမ္မႈက ထူးခၽြန္တဲ့ အဆင့္မွာ ရွိေနခဲ့တယ္။ ဒါေၾကာင့္လည္း သူတို႔ ဆုဖလားၾကီးေတြကို အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာေတာ့ လီဗာပူးက တည္ျငိမ္မႈပိုင္းမွာ ၾကိဳးစားေနရပါတယ္။

ရာသီအစမွာတင္ ဗန္ဒိုက္ကို ဆံုးရံွဴးခဲ့ရတာကို တိုက္ရိုက္ အစားထိုးဖို႔ ၾကိဳးစားေနရတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ သူတို႔ဟာ ဂ်ိဳဂိုးမက္နဲ႔ မာတစ္တို႔ကိုလဲ ဆုံးရႈံးခဲ့ရၿပီးေတာ့ ဖာဘင္ညိဳကို ေနာက္တန္းေခၚေဆာ့ခဲ့ရတယ္။ ဒါက စုစည္းမႈအားေကာင္းတဲ့ အသင္းအတြက္ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

ရာသီအစကို ျပန္သြားၿပီး ယာဂင္ကေလာ့ပ္နားမွာ ထိုင္ၿပီးေတာ့ ‘ဒီရာသီမွာ ခင္ဗ်ား ကာလရွည္ ဒဏ္ရာမရေစခ်င္တဲ့ ကစားသမားက ဘယ္သူျဖစ္မလဲ’လို႔ ေမးၾကည့္။ တခ်ိဳ႕က မာေနး၊ တခ်ိဳ႕က ဆာလာ စသျဖင့္ ေျပာလိမ့္မယ္။ သူတို႔မရွိလည္း လီဗာပူးက ဂိုးေတြ ရေနမွာပါပဲ။ ဒါေပမယ့္ ဗန္ဒိုက္ကိုေတာ့ ဘယ္သူနဲ႔မွ အစားထိုးလို႔မရဘူး။ ဗန္ဒိုက္က ေနာက္တန္းမွာ လူတိုင္းကို စုစည္းေစတဲ့ ေကာ္လိုပါပဲ။

ကုန္ခဲ့တဲ့ အတိတ္ကို ျပန္ၾကည့္မယ္ဆိုရင္ ယူႏုိက္တက္အတြက္ အန္ဖီးကို သြားဖို႔က အခုထက္ ပိုေကာင္းတဲ့ အခ်ိန္ ရွိေတာ့မွာ မဟုတ္ပါဘူး။ သူတို႔ ရႏုိင္တဲ့ အေကာင္းဆံုး အခ်ိန္ျဖစ္တယ္။ အန္ဖီးမွာ ရလဒ္ေကာင္း ရရႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈနဲ႔ ယူႏုိက္တတက္တို႔ လာကစားပါလိမ့္မယ္” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။