ဒီအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲအတွက် ဘောလုံးခန့်မှန်းသူ အိုဝင်ကတော့ သုံးသပ်ခန့်မှန်းမှုတွေ လုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အိုဝင်က ” ဒါက သေချာပေါက် စူပါဆန်းဒေးပွဲ ဖြစ်ပါတယ်။ ယူနိုက်တက်က အန်ဖီးကွင်းကို လာရောက်ရမယ့် အချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်ဟောင်းရဲ့ အပေါ်အသင်းဖြစ်နေတယ်။ ဆိုးရှားရဲ့ အသင်းအတွက် အလှည့်အပြောင်း ကာလတွေ ရှိထားခဲ့ပြီး ဒီပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ယူနိုက်တက်အတွက် အထွဋ်အထိပ်ကို ရောက်စေမှာ ဖြစ်ပါတယ်။

လီဗာပူးက အိမ်ကွင်းမှာ ၆၇ ပွဲဆက် အရေးမနိမ့်ထားပါဘူး။ ယာဂင်ကလော့ပ်ကတော့ ဒီပွဲကို ပရီးမီးယားလိဂ် ချန်ပီယံကို ကာကွယ်ဖို့ ယှဉ်ပြိုင်ရမယ့် နောက်ထပ် ပွဲတစ်ပွဲကို ကစားရတဲ့ ပုံစံဖြင့်ပဲ ကြိုးစားသွားမှာ ဖြဖစ်ပါတယ်။

သို့ပေမယ့်လည်း ကလပ်တွေနည်းတူ ပရိသတ်တွေကလည်း ဒီပွဲအပေါ်မှာ မျှော်လင့်နေကြမှာဖြစ်ကာ အိမ်ကွင်း ရံှူးပွဲမရှိ စံချိန် ကျိုးပျက်ခဲ့ရင်တောင်မှ ယူနိုက်တက် လက်ထဲမှာတော့ အပျက်ခံမှာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရတော့ ဒီပွဲက ပြင်းထန်မယ်ဆိုတာကို သိပေမယ့်လည်း ဆုဖလား ပြိုင်ဆိုင်မှုကို အဆုံးသတ်စေမယ့် ပွဲလို့တော့ မမြင်ပါဘူး။

နှစ်သင်းလုံးက ကောင်တာ-တိုက်စစ် ကစားရတာကို နှစ်သက်လိမ့်မယ်။ ဒီတော့ ဒီပွဲက ကြွက်နဲ့ ကြောင် လိုက်တမ်းပြေးတမ်းလိုပွဲ ဖြစ်လာပါမယ်။ နှစ်သင်းလုံးက ကောင်တာတိုက်စစ်ကို အကောင်းဆုံး ကစားနိုင်ဖို့ အချို့သော အပိုင်းတွေကို စွန့်လွှတ်လိမ့်မယ်။ ကျနော်ကတော့ အန်ဖီးမှာ အနိုင်အရံှူး ပေါ်မယ်လို့ မထင်ပါဘူး ” ဆိုပြီး သုံးသပ်သွားခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲအတွက် အိုဝင်ကတော့ နှစ်ဘက်လုံး ဂိုးမသွင်းနိုင်ဘဲ ဝ-၀ ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းသွားပါတယ်။

ZAWGYI

ဒီအပတ္ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲအတြက္ ေဘာလံုးခန္႔မွန္းသူ အိုဝင္ကေတာ့ သံုးသပ္ခန္႔မွန္းမႈေတြ လုပ္သြားခဲ့ျပီ ျဖစ္ပါတယ္။

အိုဝင္က ” ဒါက ေသခ်ာေပါက္ စူပါဆန္းေဒးပြဲ ျဖစ္ပါတယ္။ ယူႏုိက္တက္က အန္ဖီးကြင္းကို လာေရာက္ရမယ့္ အခ်ိန္မွာ သူတို႔ရဲ႕ ျပိဳင္ဘက္ေဟာင္းရဲ႕ အေပၚအသင္းျဖစ္ေနတယ္။ ဆိုးရွားရဲ႕ အသင္းအတြက္ အလွည့္အေျပာင္း ကာလေတြ ရွိထားခဲ့ျပီး ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ အမွတ္ေပးဖလား ျပိဳင္ဆုိင္မႈမွာ ယူႏုိက္တက္အတြက္ အထြဋ္အထိပ္ကို ေရာက္ေစမွာ ျဖစ္ပါတယ္။

လီဗာပူးက အိမ္ကြင္းမွာ ၆၇ ပြဲဆက္ အေရးမနိမ့္ထားပါဘူး။ ယာဂင္ကေလာ့ပ္ကေတာ့ ဒီပြဲကို ပရီးမီးယားလိဂ္ ခ်န္ပီယံကို ကာကြယ္ဖို႔ ယွဥ္ျပိဳင္ရမယ့္ ေနာက္ထပ္ ပြဲတစ္ပြဲကို ကစားရတဲ့ ပံုစံျဖင့္ပဲ ၾကိဳးစားသြားမွာ ျဖဖစ္ပါတယ္။

သို႔ေပမယ့္လည္း ကလပ္ေတြနည္းတူ ပရိသတ္ေတြကလည္း ဒီပြဲအေပၚမွာ ေမွ်ာ္လင့္ေနၾကမွာျဖစ္ကာ အိမ္ကြင္း ရံွဴးပြဲမရွိ စံခ်ိန္ က်ိဳးပ်က္ခဲ့ရင္ေတာင္မွ ယူႏုိက္တက္ လက္ထဲမွာေတာ့ အပ်က္ခံမွာ မဟုတ္ပါဘူး။ ပုဂၢိဳလ္ေရးအရေတာ့ ဒီပြဲက ျပင္းထန္မယ္ဆိုတာကို သိေပမယ့္လည္း ဆုဖလား ျပိဳင္ဆိုင္မႈကို အဆံုးသတ္ေစမယ့္ ပြဲလို႔ေတာ့ မျမင္ပါဘူး။

ႏွစ္သင္းလံုးက ေကာင္တာ-တိုက္စစ္ ကစားရတာကို ႏွစ္သက္လိမ့္မယ္။ ဒီေတာ့ ဒီပြဲက ၾကြက္နဲ႔ ေၾကာင္ လိုက္တမ္းေျပးတမ္းလိုပြဲ ျဖစ္လာပါမယ္။ ႏွစ္သင္းလံုးက ေကာင္တာတိုက္စစ္ကို အေကာင္းဆံုး ကစားႏုိင္ဖို႔ အခ်ိဳ႔ေသာ အပိုင္းေတြကို စြန္႔လႊတ္လိမ့္မယ္။ က်ေနာ္ကေတာ့ အန္ဖီးမွာ အႏိုင္အရံွဴး ေပၚမယ္လို႔ မထင္ပါဘူး ” ဆိုျပီး သံုးသပ္သြားခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲအတြက္ အိုဝင္ကေတာ့ ႏွစ္ဘက္လံုး ဂိုးမသြင္းႏုိင္ဘဲ ၀-၀ ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းသြားပါတယ္။