ယာဂင်ကလော့ပ်က ဆောက်သမ်တန်ပွဲမှာ အသင်း ပင်နယ်တီ ရသင့်တယ်လို့ မြင်ကြောင်းနဲ့ အချက်အလက်တွေက သူ့ရဲ့အသင်း ပင်နယ်တီ ရမှုဟာ ယူနိုက်တက် ၂ နှစ်ခွဲအတွင်း ရခဲ့တဲ့ ပင်နယ်တီထက်တောင် ပိုနည်းနေတယ်ဆိုတာ ကြားထားတယ်လို့ ဆိုခဲ့တာပါ။

ကလော့ပ်က ဆောက်သမ်တန်ပွဲမှာ ပြိုင်ဘက် ကစားသမား လက်ထိတာနဲ့ မာနေးကို တွန်းထိုးခဲ့တာအတွက် တစ်ကြိမ်ကတော့ ပင်နယ်တီ ဖြစ်သင့်တယ်လို့ သူ့မြင်ကြောင်း ထုတ်ပြောခဲ့တာပါ။ ဒါပေမယ့်လို့ နောက်ဆက်တွဲတွေမှာတော့ သူ့ရဲ့ ဆိုလိုရင်းက ပျောက်ပြီး လူတိုင်းက ယူနိုက်တက် ပင်နယ်တီတွေ ရနေတဲ့ ကိစ္စကိုပဲ မဲနေခဲ့ကြတာဖြစ်တယ်။

လီဗာပူးရင်ဆိုင်နေရတဲ့ ပြဿနာကိုပဲ မီးထိုးပြခဲ့တာဖြစ်ပေမယ့် ကလက်တန်ဘက်လို ဒိုင်လူကြီးဟောင်းတွေကအစ ယူနိုက်တက်ကို ပင်နယ်တီ ပိုရတယ်လို့ စွပ်စွဲတယ်ဆိုပြီး ဆက်ဆက်ခါအောင် နာနေတဲ့ ကိစ္စကို ကလော့ပ်က အံ့သြနေပါတယ်။

ကလော့ပ်က ” ကလက်တန်ဘက်လို လူကပါ စကားဝင်ပြောလာပြီး သူတို့က ကျနော် အကြောင်းထက် ယူနိုက်တက်ရဲ့ ပင်နယ်တီ ကိစ္စကိုပဲ ပိုပြောနေကြတယ်။ စိတ်ဓါတ်စစ်ဆေးရေးတွေ လုပ်ဖို့အတွက် ကျနော်မှာ အရည်အချင်း မရှိပါဘူးဗျာ။ အဲ့လိုတွေ မလုပ်တတ်တာက ကျနော် အားနည်းချက်ပါ။

ပြီးခဲ့တဲ့ ၂ ပွဲမှာ ဆောက်သမ်တန်ပွဲအတွင်း မာနေး လူချခံရတာက ကျနော်အတွက်တော့ ပင်နယ်တီပါ။ အရေးမကြီးပါဘူး ကျနော် အမြင်ကိုပဲ ပြောတာပါ။ နောက်တော့ လက်ထိဘောပေါ့။ ဆာဒီယိုက လူချခံရလို့ လဲကျခဲ့တာကိုပဲ လူတွေက သူဟာ ဒိုင်ဗင်ထိုးတာပါလို့ စွပ်စွဲနေပါပြီ။

နောက်တစ်ခါ နယူးကာဆယ်ပွဲ။ ဂိုးသမားက ဆာဒီယိုရဲ့ ခြေထောက်ကို ဆွဲထားခဲ့တယ်။ မာနေးက လဲချတာမျိုး မလုပ်ပါဘူး။ သူ့ကို ဘာလို့ ဟန်ဆောင်မလဲချသလဲလို့ ကျနော် မမေးပါဘူး။ ဆုံးဖြတ်ချက်တွေကို လုပ်ရမှာက ကစားသမား မဟုတ်ဘဲ ကွင်းလယ်ဒိုင်ပဲ ဖြစ်သင့်ပါတယ်။

ဆောက်သမ်တန်ပွဲမှာ ဒိုင်လူကြီးက ပင်နယ်တီ မဟုတ်ဘူးလိ့ ပြောပါတယ်။ ပင်နယ်တီ မဟုတ်ဘူးဆိုရင် မပေးပါနဲ့ ဒါပေမယ့် တစ်ကြိမ်ကတော့ ပင်နယ်တီ ဖြစ်သင့်တာပါ။ ရခဲ့မယ်ဆိုရင် ကောင်းတာပေါ့။ ဒါက ပွဲရဲ့ အစိတ်အပိုင်းပဲလေ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က ကိုယ့်အသင်း ရသင့်တဲ့ ပြစ်ဒဏ်တွေ မရတာအတွက် မှတ်ချက်စကား ပြောခဲ့ပေမယ့်လည်း ဒိုင်လူကြီးဟောင်း အပါအဝင် လူတွေက ယူနိုက်တက်ရဲ့ ပင်နယ်တီတွေ အများကြီး ရနေတဲ့ ကိစ္စကို ကလော့ပ်က ထောက်ပြခဲ့တယ်လို့ မြင်နေကြပြီး အဲ့ကိစ္စကိုပဲ အသားပေးနေကြတာ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က ေဆာက္သမ္တန္ပြဲမွာ အသင္း ပင္နယ္တီ ရသင့္တယ္လို႔ ျမင္ေၾကာင္းနဲ႔ အခ်က္အလက္ေတြက သူ႔ရဲ႕အသင္း ပင္နယ္တီ ရမႈဟာ ယူႏုိက္တက္ ၂ ႏွစ္ခြဲအတြင္း ရခဲ့တဲ့ ပင္နယ္တီထက္ေတာင္ ပိုနည္းေနတယ္ဆိုတာ ၾကားထားတယ္လို႔ ဆိုခဲ့တာပါ။

ကေလာ့ပ္က ေဆာက္သမ္တန္ပြဲမွာ ျပိဳင္ဘက္ ကစားသမား လက္ထိတာနဲ႔ မာေနးကို တြန္းထိုးခဲ့တာအတြက္ တစ္ၾကိမ္ကေတာ့ ပင္နယ္တီ ျဖစ္သင့္တယ္လို႔ သူ႔ျမင္ေၾကာင္း ထုတ္ေျပာခဲ့တာပါ။ ဒါေပမယ့္လို႔ ေနာက္ဆက္တြဲေတြမွာေတာ့ သူ႔ရဲ႕ ဆိုလိုရင္းက ေပ်ာက္ျပီး လူတိုင္းက ယူႏုိက္တက္ ပင္နယ္တီေတြ ရေနတဲ့ ကိစၥကိုပဲ မဲေနခဲ့ၾကတာျဖစ္တယ္။

လီဗာပူးရင္ဆိုင္ေနရတဲ့ ျပႆနာကိုပဲ မီးထိုးျပခဲ့တာျဖစ္ေပမယ့္ ကလက္တန္ဘက္လို ဒိုင္လူၾကီးေဟာင္းေတြကအစ ယူႏုိက္တက္ကို ပင္နယ္တီ ပိုရတယ္လို႔ စြပ္စြဲတယ္ဆိုျပီး ဆက္ဆက္ခါေအာင္ နာေနတဲ့ ကိစၥကို ကေလာ့ပ္က အံ့ၾသေနပါတယ္။

ကေလာ့ပ္က ” ကလက္တန္ဘက္လို လူကပါ စကားဝင္ေျပာလာျပီး သူတို႔က က်ေနာ္ အေၾကာင္းထက္ ယူႏုိက္တက္ရဲ႕ ပင္နယ္တီ ကိစၥကိုပဲ ပိုေျပာေနၾကတယ္။ စိတ္ဓါတ္စစ္ေဆးေရးေတြ လုပ္ဖို႔အတြက္ က်ေနာ္မွာ အရည္အခ်င္း မရွိပါဘူးဗ်ာ။ အဲ့လိုေတြ မလုပ္တတ္တာက က်ေနာ္ အားနည္းခ်က္ပါ။

ျပီးခဲ့တဲ့ ၂ ပြဲမွာ ေဆာက္သမ္တန္ပြဲအတြင္း မာေနး လူခ်ခံရတာက က်ေနာ္အတြက္ေတာ့ ပင္နယ္တီပါ။ အေရးမၾကီးပါဘူး က်ေနာ္ အျမင္ကိုပဲ ေျပာတာပါ။ ေနာက္ေတာ့ လက္ထိေဘာေပါ့။ ဆာဒီယိုက လူခ်ခံရလို႔ လဲက်ခဲ့တာကိုပဲ လူေတြက သူဟာ ဒိုင္ဗင္ထိုးတာပါလို႔ စြပ္စြဲေနပါျပီ။

ေနာက္တစ္ခါ နယူးကာဆယ္ပြဲ။ ဂိုးသမားက ဆာဒီယိုရဲ႕ ေျခေထာက္ကို ဆြဲထားခဲ့တယ္။ မာေနးက လဲခ်တာမ်ိဳး မလုပ္ပါဘူး။ သူ႔ကို ဘာလို႔ ဟန္ေဆာင္မလဲခ်သလဲလို႔ က်ေနာ္ မေမးပါဘူး။ ဆံုးျဖတ္ခ်က္ေတြကို လုပ္ရမွာက ကစားသမား မဟုတ္ဘဲ ကြင္းလယ္ဒိုင္ပဲ ျဖစ္သင့္ပါတယ္။

ေဆာက္သမ္တန္ပြဲမွာ ဒိုင္လူၾကီးက ပင္နယ္တီ မဟုတ္ဘူးလိ႔ ေျပာပါတယ္။ ပင္နယ္တီ မဟုတ္ဘူးဆိုရင္ မေပးပါနဲ႔ ဒါေပမယ့္ တစ္ၾကိမ္ကေတာ့ ပင္နယ္တီ ျဖစ္သင့္တာပါ။ ရခဲ့မယ္ဆိုရင္ ေကာင္းတာေပါ့။ ဒါက ပြဲရဲ႕ အစိတ္အပိုင္းပဲေလ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ကိုယ့္အသင္း ရသင့္တဲ့ ျပစ္ဒဏ္ေတြ မရတာအတြက္ မွတ္ခ်က္စကား ေျပာခဲ့ေပမယ့္လည္း ဒိုင္လူၾကီးေဟာင္း အပါအဝင္ လူေတြက ယူႏုိက္တက္ရဲ႕ ပင္နယ္တီေတြ အမ်ားၾကီး ရေနတဲ့ ကိစၥကို ကေလာ့ပ္က ေထာက္ျပခဲ့တယ္လို႔ ျမင္ေနၾကျပီး အဲ့ကိစၥကိုပဲ အသားေပးေနၾကတာ ျဖစ္ပါတယ္။