ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်လူ ကိတ်တာ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် မာတစ်ကတော့ ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေဆဲလို့ သိရပါတယ်။

ဗြိတိန်အစိုးရရဲ့ ဂိုးသွင်းပြီးနောက် ကစားသမားတွေ ပွေ့ဖက် အောင်ပွဲခံခြင်း မလုပ်ဖို့ တားမြစ်ချက်က လိုက်နာဖို့ ခက်ခဲမယ့် ကိစ္စအဖြစ် လီဗာပူးအသင်းက မြင်ပါတယ်။ ကလပ်ရဲ့ အသင်းသားတွေက တစ်ပတ်ကို နှစ်ကြိမ် ဆေးစစ်မှုတွေ လုပ်နေရတာဖြစ်ပြီး အောင်ပွဲခံမှုကိုပါ တားမြစ်ဖို့က ခက်ခဲပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူပြီး အိမ်ရှင်အသင်းကို စိတ်ပျက်အောင် လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြောလာပါတယ်။

ယူနိုက်တက်ကို စိတ်ဓါတ်စစ်ဆင်ရေး လုပ်တယ်ဆိုတဲ့ မှတ်ချက်အတွက် ကလော့ပ်က ” စိတ်ဓါတ်စစ်ဆေးရေးတွေ လုပ်ဖို့အတွက် ကျနော်မှာ အရည်အချင်း မရှိပါဘူးဗျာ။ အဲ့လိုတွေ မလုပ်တတ်တာက ကျနော် အားနည်းချက်ပါ။ ” လို တုန့်ပြန်ပါတယ်။

လီဗာပူးမန်နေဂျာဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ ဂရေမီ ဆောင်းနက်က ရာသီအစောပိုင်းမှာတင် ဗန်ဒိုက်ကို လက်လွတ်ရတာက လီဗာပူးအတွက် အထိနာမှုကြီးဖြစ်ကြောင်းနဲ့ ဗန်ဒိုက်ကို လက်လွတ်ရလို့ပဲ ဒီရာသီမှာ အသင်းဟောင်းက ရုန်းကန်ရမှုတွေ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဆဲတစ်အသင်း အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က စကော်တလန်လိဂ်မှာ ရိန်းဂျားနဲ့ ဆဲလ်တစ်တို့ ပြိုင်ဆိုင်နေမှုအတွင်း စတီဗင်ရဲ့ ရိန်းဂျားအသင်းရဲ့ အောင်မြင်နေမှုက သူ့ကို ခံရခက်စေပါတယ်လို့ ဝန်ခံသွားပါတယ်။

ရီးရဲလ်မက်ဒရစ်က ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်ဖြင့် ကမ်းလှမ်းမယ့် အငှားစာချုပ်ကိုပဲ အလိုရှိနေတာကြောင့် လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး မီလီတိုတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖို့ ခက်ခဲပါတယ်လို့ လီဗာပူးသတင်းထောက် James Pearce က ထုတ်ပြောလိုက်ပါတယ်။

အက်ဖ်အေ စတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ ည (၁၁း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားစေမယ်လို့ အတည်ပြုလိုက်ပါပြီ။

ZAWGYI

ယူႏုိက္တက္နဲ႔ပြဲမွာ ကြင္းလယ္လူ ကိတ္တာ ပါဝင္ႏုိင္မွာ မဟုတ္ေပမယ့္ မာတစ္ကေတာ့ ပါဝင္နုိင္ဖို႔ အခြင့္အေရး ရွိေနဆဲလို႔ သိရပါတယ္။

ျဗိတိန္အစိုးရရဲ႕ ဂိုးသြင္းျပီးေနာက္ ကစားသမားေတြ ေပြ႔ဖက္ ေအာင္ပြဲခံျခင္း မလုပ္ဖို႔ တားျမစ္ခ်က္က လိုက္နာဖို႔ ခက္ခဲမယ့္ ကိစၥအျဖစ္ လီဗာပူးအသင္းက ျမင္ပါတယ္။ ကလပ္ရဲ႕ အသင္းသားေတြက တစ္ပတ္ကို ႏွစ္ၾကိမ္ ေဆးစစ္မႈေတြ လုပ္ေနရတာျဖစ္ျပီး ေအာင္ပြဲခံမႈကိုပါ တားျမစ္ဖို႔က ခက္ခဲပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက အန္ဖီးကြင္းမွာ လီဗာပူးကို အႏုိင္ယူျပီး အိမ္ရွင္အသင္းကို စိတ္ပ်က္ေအာင္ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ထုတ္ေျပာလာပါတယ္။

ယူႏုိက္တက္ကို စိတ္ဓါတ္စစ္ဆင္ေရး လုပ္တယ္ဆိုတဲ့ မွတ္ခ်က္အတြက္ ကေလာ့ပ္က ” စိတ္ဓါတ္စစ္ေဆးေရးေတြ လုပ္ဖို႔အတြက္ က်ေနာ္မွာ အရည္အခ်င္း မရွိပါဘူးဗ်ာ။ အဲ့လိုေတြ မလုပ္တတ္တာက က်ေနာ္ အားနည္းခ်က္ပါ။ ” လို တုန္႔ျပန္ပါတယ္။

လီဗာပူးမန္ေနဂ်ာေဟာင္းနဲ႔ ကစားသမားေဟာင္းျဖစ္သူ ဂေရမီ ေဆာင္းနက္က ရာသီအေစာပိုင္းမွာတင္ ဗန္ဒိုက္ကို လက္လြတ္ရတာက လီဗာပူးအတြက္ အထိနာမႈၾကီးျဖစ္ေၾကာင္းနဲ႔ ဗန္ဒိုက္ကို လက္လြတ္ရလို႔ပဲ ဒီရာသီမွာ အသင္းေဟာင္းက ရုန္းကန္ရမႈေတြ ရွိေနတယ္လို႔ ဝန္ခံလုိက္ပါတယ္။

ဆဲတစ္အသင္း အကယ္ဒမီကေန ေပၚထြက္လာတဲ့ လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က စေကာ္တလန္လိဂ္မွာ ရိန္းဂ်ားနဲ႔ ဆဲလ္တစ္တို႔ ျပိဳင္ဆိုင္ေနမႈအတြင္း စတီဗင္ရဲ႕ ရိန္းဂ်ားအသင္းရဲ႕ ေအာင္ျမင္ေနမႈက သူ႔ကို ခံရခက္ေစပါတယ္လို႔ ဝန္ခံသြားပါတယ္။

ရီးရဲလ္မက္ဒရစ္က ရာသီကုန္ရင္ အျပီးသတ္ ေခၚယူခြင့္ျဖင့္ ကမ္းလွမ္းမယ့္ အငွားစာခ်ဳပ္ကိုပဲ အလိုရွိေနတာေၾကာင့္ လီဗာပူးအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး မီလီတိုတို႔ရဲ႕ အေျပာင္းအေရႊ႔က ျဖစ္လာဖို႔ ခက္ခဲပါတယ္လို႔ လီဗာပူးသတင္းေထာက္ James Pearce က ထုတ္ေျပာလိုက္ပါတယ္။

အက္ဖ္ေအ စတုတၳအဆင့္အျဖစ္ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူနုိက္တက္တို႔ရဲ႕ ပြဲကို ဇန္နဝါရီလ ၂၄ ရက္ေန႔ တနဂၤေႏြေန႔ ည (၁၁း၃၀) နာရီမွာ ယွဥ္ျပိဳင္ကစားေစမယ္လို႔ အတည္ျပဳလိုက္ပါျပီ။