ယူနိုက်တက် ဂန္တဝင်မန်နေဂျာကြီး ဆာအဲလက်စ်က သူအနားယူခဲ့ပြီဖြစ်လို့ သိပ်ကို ထူးချွန်းနေတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ရခြင်း မရှိတော့တာ ကျေနပ်စရာပါလို့ ပြောဆိုသွားပါတယ်။

ဆာအဲလစ်က သူ့ရဲ့ မန်နေဂျာဘဝ ၂၇ နှစ်အတွင်းမှာ လီဗာပူးအသင်းရဲ့ အင်္ဂလန်ပြည်တွင်း အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ကို လွဲယူနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ယာဂင်ကလော့ပ်က ဥရောပမှာ အကောင်းဆုံး လီဗာပူးအသင်းဆိုတဲ့ ဂုဏ်အတွက် ချန်ပီယံလိဂ်ဖလား နောက်တစ်ကြိမ် အနိုင်ယူပေးခဲ့သလို အင်္ဂလန်ပြည်တွင်းမှာလည်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုကို ပြန်ရယူလာခဲ့ပြီဖြစ်တယ်။

၂၀၁၃ မှာ ဆာအဲလက်စ် ရာထူးကနေ အနားယူပြီးတဲ့နောက်ပိုင်း အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ဝေးကွာနေခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာ လက်ရှိ ချန်ပီယံ လီဗာပူးကို စတင်ခြိမ်းခြောက်မှု လုပ်လာတာပါ။ အန်ဖီးကွင်းကို လိဂ်ဦးဆောင်သူတွေအဖြစ် ဝင်ရောက်လာမယ့် ယူနိုက်တက်ကို အနိုင်ယူရေးက လီဗာပူးရဲ့ အဓိကနဲ့ တစ်ခုတည်းသော ဦးတည်ချက် ဖြစ်နေပါမယ်။

ဖာဂူဆန်က ” လီဗာပူးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်တဲ့ ဒါဘီပွဲကို ဘောလုံးရာသီရဲ့ အရေးပါဆုံးပွဲလို့ ကျနော် အမြဲတမ်း စဉ်းစားခဲ့တယ်။ ဗြိတိန်ရဲ့ အအောင်မြင်ဆုံး ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တယ်ဆိုတာ ရှင်းပါတယ်။ ဆုဖလားတွေ ထပ်တိုးဖို့အတွက် သူတို့တွေက အတူ ကြိုးစားကြတာပါ။

လီဗာပူးကို ကျော်ဖြတ်ဖို့ဆိုရင် အားလုံးကို အနိုင်ယူဖို့လိုတယ်။ လီဗာပူးက ၇၀ နဲ့ ၈၀ ခုနှစ်တွေမှာ အရမ်းကို အောင်မြင်ခဲ့တယ်။ လီဗာပူးရဲ့ မှတ်တမ်းတွေကို ကျော်ဖြတ်ဖို့က အရမ်း ခက်ခဲခဲ့ပြီး ကျနော်က အသင်းကောင်းတစ်သင်းကို တည်ဆောက်ဖို့ အချိန်ယူခဲ့ရတယ်။ ကျနေ်ာတို့အတွက် သိပ်ကောင်းတာတွေ ဖြစ်လာခဲ့ပါတယ်။

အခုတော့ ကျနော်လည်း အနားယူခဲ့ပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျနော် ရာထူးကနေ အနားယူခဲ့ပြီဖြစ်တာကြောင့် ဒီနှစ်နှစ်မှာ လီဗာပူးရဲ့ စွမ်းဆောင်ရည်တွေကို မမြင်ရတော့ပါဘူး။ သူတို့က သိပ်ကို ထူးချွန်ပါတယ်။ ကျနော်က လီဗာပူးကို သိပ်လေးစားပါတယ်။ အမြဲတမ်းလည်း လေးစားခဲ့တာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ဂႏၱဝင္မန္ေနဂ်ာၾကီး ဆာအဲလက္စ္က သူအနားယူခဲ့ျပီျဖစ္လို႔ သိပ္ကို ထူးခၽြန္းေနတဲ့ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းကို ရင္ဆိုင္ရျခင္း မရွိေတာ့တာ ေက်နပ္စရာပါလို႔ ေျပာဆိုသြားပါတယ္။

ဆာအဲလစ္က သူ႔ရဲ႕ မန္ေနဂ်ာဘဝ ၂၇ ႏွစ္အတြင္းမွာ လီဗာပူးအသင္းရဲ႕ အဂၤလန္ျပည္တြင္း အေအာင္ျမင္ဆံုးအသင္းဆိုတဲ့ ဂုဏ္ကို လြဲယူႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ယာဂင္ကေလာ့ပ္က ဥေရာပမွာ အေကာင္းဆံုး လီဗာပူးအသင္းဆိုတဲ့ ဂုဏ္အတြက္ ခ်န္ပီယံလိဂ္ဖလား ေနာက္တစ္ၾကိမ္ အႏုိင္ယူေပးခဲ့သလို အဂၤလန္ျပည္တြင္းမွာလည္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈကို ျပန္ရယူလာခဲ့ျပီျဖစ္တယ္။

၂၀၁၃ မွာ ဆာအဲလက္စ္ ရာထူးကေန အနားယူျပီးတဲ့ေနာက္ပိုင္း အမွတ္ေပးဖလားကို စိန္ေခၚဖို႔ ေဝးကြာေနခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီရာသီမွာ လက္ရွိ ခ်န္ပီယံ လီဗာပူးကို စတင္ျခိမ္းေျခာက္မႈ လုပ္လာတာပါ။ အန္ဖီးကြင္းကို လိဂ္ဦးေဆာင္သူေတြအျဖစ္ ဝင္ေရာက္လာမယ့္ ယူႏုိက္တက္ကို အႏုိင္ယူေရးက လီဗာပူးရဲ႕ အဓိကနဲ႔ တစ္ခုတည္းေသာ ဦးတည္ခ်က္ ျဖစ္ေနပါမယ္။

ဖာဂူဆန္က ” လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ယွဥ္ျပိဳင္တဲ့ ဒါဘီပြဲကို ေဘာလံုးရာသီရဲ႕ အေရးပါဆံုးပြဲလို႔ က်ေနာ္ အျမဲတမ္း စဥ္းစားခဲ့တယ္။ ျဗိတိန္ရဲ႕ အေအာင္ျမင္ဆံုး ကလပ္ႏွစ္သင္း ထိပ္တိုက္ေတြ႔တယ္ဆိုတာ ရွင္းပါတယ္။ ဆုဖလားေတြ ထပ္တိုးဖို႔အတြက္ သူတို႔ေတြက အတူ ၾကိဳးစားၾကတာပါ။

လီဗာပူးကို ေက်ာ္ျဖတ္ဖို႔ဆိုရင္ အားလံုးကို အႏုိင္ယူဖို႔လိုတယ္။ လီဗာပူးက ၇၀ နဲ႔ ၈၀ ခုႏွစ္ေတြမွာ အရမ္းကို ေအာင္ျမင္ခဲ့တယ္။ လီဗာပူးရဲ႕ မွတ္တမ္းေတြကို ေက်ာ္ျဖတ္ဖို႔က အရမ္း ခက္ခဲခဲ့ျပီး က်ေနာ္က အသင္းေကာင္းတစ္သင္းကို တည္ေဆာက္ဖို႔ အခ်ိန္ယူခဲ့ရတယ္။ က်ေန္ာတို႔အတြက္ သိပ္ေကာင္းတာေတြ ျဖစ္လာခဲ့ပါတယ္။

အခုေတာ့ က်ေနာ္လည္း အနားယူခဲ့ပါျပီ။ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ က်ေနာ္ ရာထူးကေန အနားယူခဲ့ျပီျဖစ္တာေၾကာင့္ ဒီႏွစ္ႏွစ္မွာ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ေတြကို မျမင္ရေတာ့ပါဘူး။ သူတို႔က သိပ္ကို ထူးခၽြန္ပါတယ္။ က်ေနာ္က လီဗာပူးကို သိပ္ေလးစားပါတယ္။ အျမဲတမ္းလည္း ေလးစားခဲ့တာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။