ယူနိုက်တက်နဲ့ ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပြိုင်ဘက် အသင်းဟာ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။
ယခင်နှစ်တွေတုန်းက ယူနိုက်တက်ဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်စဉ်မှာ ကောင်တာ ကစားနိုင်ဖို့ ခံစစ် အနည်းငယ် အားပြု ကစားလေ့ရှိတဲ့ သဘောကိုလည်း ကလော့ပ်က ထောက်ပြခဲ့ပြီး ဒီတစ်ကြိမ်မှာ ယူနိုက်တက်က အပြောင်းအလဲတွေ လုပ်လာနိုင်သေးတာကို နားလည်ထားတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့တဲ့ပွဲက ကမ္ဘာကြီးက ဘယ်အရပ်ကဖြစ်ဖြစ် စောင့်ကြည့်နေကြမယ့် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ကြောင်း ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။
ကလော့ပ်က ” အင်္ဂလန်မှာ ကျနော်နေလာတာလည်း ၅ နှစ်ကျော်လာခဲ့ပြီ။ ယူနိုက်တက်က ဘယ်တော့ကမှ အောက်အသင်း မဟုတ်ပါဘူး။ သူတို့က အောက်အသင်းလည်း မဖြစ်နိုင်ပါဘူး။
ယူနိုက်တက်က အမြဲတမ်း အသင်းကောင်းတစ်သင်းပါ၊ ကစားသမားကောင်းတွေ ရှိနေပြီး မန်နေဂျာကောင်းတွေ၊ နည်းပြကောင်းတွေ ရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အမြဲတမ်း အဲ့လို ဖြစ်ခဲ့သလို အခုဆိုရင် ဇယားထိပ်က အသင်းဖြစ်ပါတယ်။
ယူနိုက်တက်က အောက်အသင်း မဟုတ်ဘူး ဒါပေမယ့် အိမ်ကွင်းမှာ ကစားရမယ့်ပွဲမှာ သူတို့က ကျနေ်ာတို့ အပေါ်မှာ ရှိနေတာကြောင့်ပဲ ကိုယ်ကိုယ်ကို အောက်အသင်းလို့လည်း မထင်သလို ပွဲကိုလည်း လွှမ်းမိုးကစားနိုင်ဖို့ ကြိုးစားမှာပါ။
ပုံမှန်အားဖြင့် ကျနေ်ာတို့နဲ့ ရင်ဆိုင်ကစားချိန်မှာ သူတို့က နည်းစနစ်ပြောင်းလေ့ ရှိပါတယ်။ ယူနိုက်တက်ဟာ ခံစစ်မှာ ၄ ယောက်တန်း ပုံစံဖြင့် ကစားပေမယ့် လိုက်ဇစ်နဲ့ ကစားတုန်းက ခံစစ်မှာ ၅ ယောက်ထိ ထားကစားခဲ့တယ်။ ဒီတော့ သူတို့ အပြောင်းအလဲ လုပ်နိုင်ပါတယ်။
အဲ့ကိစ္စတွေလည်း ကျနေ်ာတို့ စဉ်းစားရပါမယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားတယ်ဆိုတာက ပွဲကြီးပွဲကောင်းဖြစ်ပါတယ်။ ကမ္ဘာကြီးက ဘယ်နေရာမှာပဲ ကျနော် ရောက်နေပါစေ။ ဒီပွဲကိုတော့ သေချာပေါက် ကြည့်မယ့် ပွဲမျိုး ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ZAWGYI
ယူနိုက်တက်က အောက်အသင်း မဟုတ်ဘူး ဒါပေမယ့် အိမ်ကွင်းမှာ ကစားရမယ့်ပွဲမှာ သူတို့က ကျနော်တို့ အပေါ်မှာ ရှိနေတာကြောင့်ပဲ ကိုယ်ကိုယ်ကို အောက်အသင်းလို့လည်း မထင်သလို ပွဲကိုလည်း လွှမ်းမိုးကစားနိုင်ဖို့ ကြိုးစားမှာပါ။