၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးပရိသတ်တွေက သူတို့ ဝယ်ယူတဲ့ ဂျာစီတွေမှာ နာမည်ရေးထိုးဖို့ အရွေးချယ်ဆုံး နံပါတ်နဲ့ ကစားသမားစာရင်း (၁၀) ခုကို အသင်းဘက်က ထုတ်ပြန်သွားပြီဖြစ်ပါတယ်။

ဒီနှစ်အတွက် ရေပန်းအစားဆုံး ဂျာစီတွေ စာရင်းမှာတော့ နွေကမှ အသစ်ခေါ်ယူထားတဲ့ သီယာဂိုနဲ့ ဂျိုတာလို ကစားသမားတွေ ပါဝင်လာခဲ့တယ်။ သီယာဂိုက ဒဏ်ရာကနေ ပြန်သက်သာလာခြင်းကြောင့် ပွဲထွက်မှုတွေ ပြန်လုပ်ပေးနေကာ ဂျိုတာကတော့ ဒီလ အကုန်ပိုင်းမှာ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေ နာမည်ရေးထိုးဖို့ အရွေးချယ်ဆုံး ဂျာစီ နံပါတ် ပိုင်ရှင်ကတော့ အနီရောင် ကျောနံပါတ် ၄ ကို ဝတ်ဆင်ကစားတဲ့ ဗန်ဒိုက်ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ မနှစ်တုန်းကလည်း လီဗာပူးပရိသတ်တွေကြားမှာ လူကြိုက်အများဆုံး ဂျာစီပိုင်ရှင်ဖြစ်ပါတယ်။ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဗန်ဒိုက် ဒဏ်ရာရနေတာက အသင်းရဲ့ ရလဒ်အတွက် နစ်နာလှတယ်။

အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဒီရာသီတွေမှာ ထိပ်ဆုံးက ရှိနေတဲ့ ဆာလာက နံပါတ် (၂) နေရာမှာ ရှိနေပြီး သူ့နောက်မှာ မာနေးက နံပါတ် (၃) နေရာမှာ ရှိနေပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ နံပါတ် (၄) နေရာမှာ ရှိနေကာ ကစားသမားသစ် သီယာဂိုက နံပါတ် (၅) နေရာမှာ ရှိနေပါတယ်။

သူတို့နောက်မှာတော့ ဖာမင်နို၊ ဂျိုတာ၊ ထရန့်၊ ရော်ဘတ်ဆန်နဲ့ အယ်လီဆန်တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒီနှစ်ရဲ့ ပရိသတ် အကြိုက်ဆုံး ဂျာစီ နံပါတ်တွေထဲမှာတော့ ဖာဘင်ညိုနဲ့ ဝိုက်နယ်ဒမ်တို့ မပါနိုင်တော့ပါဘူး။ ဝိုက်နယ်ဒမ်က ဒီနွေမှာ အသင်းက ထွက်ခွာဖွယ်ရှိပြီး ဖာဘင်ညိုကို စာချုပ်သစ်ပေးဖို့တော့ လီဗာပူးက ကြိုးစားဖွယ် ရှိနေတာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ လီဗာပူးပရိသတ္ေတြက သူတို႔ ဝယ္ယူတဲ့ ဂ်ာစီေတြမွာ နာမည္ေရးထိုးဖို႔ အေရြးခ်ယ္ဆံုး နံပါတ္နဲ႔ ကစားသမားစာရင္း (၁၀) ခုကို အသင္းဘက္က ထုတ္ျပန္သြားျပီျဖစ္ပါတယ္။

ဒီႏွစ္အတြက္ ေရပန္းအစားဆံုး ဂ်ာစီေတြ စာရင္းမွာေတာ့ ေႏြကမွ အသစ္ေခၚယူထားတဲ့ သီယာဂိုနဲ႔ ဂ်ိဳတာလို ကစားသမားေတြ ပါဝင္လာခဲ့တယ္။ သီယာဂိုက ဒဏ္ရာကေန ျပန္သက္သာလာျခင္းေၾကာင့္ ပြဲထြက္မႈေတြ ျပန္လုပ္ေပးေနကာ ဂ်ိဳတာကေတာ့ ဒီလ အကုန္ပိုင္းမွာ ျပန္ကစားႏုိင္မွာ ျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြ နာမည္ေရးထိုးဖို႔ အေရြးခ်ယ္ဆံုး ဂ်ာစီ နံပါတ္ ပိုင္ရွင္ကေတာ့ အနီေရာင္ ေက်ာနံပါတ္ ၄ ကို ဝတ္ဆင္ကစားတဲ့ ဗန္ဒိုက္ျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ မႏွစ္တုန္းကလည္း လီဗာပူးပရိသတ္ေတြၾကားမွာ လူၾကိဳက္အမ်ားဆံုး ဂ်ာစီပိုင္ရွင္ျဖစ္ပါတယ္။ ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴး ႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ ဗန္ဒိုက္ ဒဏ္ရာရေနတာက အသင္းရဲ႕ ရလဒ္အတြက္ နစ္နာလွတယ္။

အသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ဒီရာသီေတြမွာ ထိပ္ဆံုးက ရွိေနတဲ့ ဆာလာက နံပါတ္ (၂) ေနရာမွာ ရွိေနျပီး သူ႔ေနာက္မွာ မာေနးက နံပါတ္ (၃) ေနရာမွာ ရွိေနပါတယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေတာ့ နံပါတ္ (၄) ေနရာမွာ ရွိေနကာ ကစားသမားသစ္ သီယာဂိုက နံပါတ္ (၅) ေနရာမွာ ရွိေနပါတယ္။

သူတို႔ေနာက္မွာေတာ့ ဖာမင္ႏို၊ ဂ်ိဳတာ၊ ထရန္႔၊ ေရာ္ဘတ္ဆန္နဲ႔ အယ္လီဆန္တို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။ ဒီႏွစ္ရဲ႕ ပရိသတ္ အၾကိဳက္ဆံုး ဂ်ာစီ နံပါတ္ေတြထဲမွာေတာ့ ဖာဘင္ညိဳနဲ႔ ဝိုက္နယ္ဒမ္တို႔ မပါႏုိင္ေတာ့ပါဘူး။ ဝိုက္နယ္ဒမ္က ဒီေႏြမွာ အသင္းက ထြက္ခြာဖြယ္ရွိျပီး ဖာဘင္ညိဳကို စာခ်ဳပ္သစ္ေပးဖို႔ေတာ့ လီဗာပူးက ၾကိဳးစားဖြယ္ ရွိေနတာျဖစ္ပါတယ္။