လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမား ဆာလာက ပွဲကြပ်ကာလတွေကို ယှဉ်ပြိုင်ရတော့မယ့် အနေအထားက သူ့အတွက် ပြဿနာ မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။ ဆာလာက ပွဲတိုင်း ပါဝင်ကစားဖို့တင် မဟုတ်ဘဲ ပွဲတိုင်း မိနစ်တိုင်းမှာ ပါဝင်ကစားခွင်ကိုပါ အလိုရှိနေပါတယ်။

ဆာလာက ” မိနစ်တိုင်း ပွဲတိုင်းကို ပါဝင်ကစားချင်ပါတယ်။ ကျနော်က မိနစ် ၉၀ မဟုတ်ဘဲ တစ်ပွဲလုံး အချိန်ပိုကအစ ကစားလိုတာပါ။ ဒါပေမယ့်လို့ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်။ ” လို့ ဆိုပါတယ်။

လီဗာပူးရဲ့ ပြီးခဲ့တဲ့ အမှတ်ပေးပွဲ ၃ ပွဲလုံးမှာ ဆာလာဟာ ပွဲထွက်ကစားသမား နေရာက ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ ၃ ပွဲလုံးမှာ အနိုင်ရခဲ့ဘဲ အသင်းက ဒုတိယနေရာကို ဆင်းလာခဲ့ရတယ်။ ကွင်းထဲ ပရိသတ်တွေ ဝင်ခွင့် မရတာက အမှတ်ပေးဖလား ပြိုင်ဆိင်မှုကို လမ်းဖွင့်ပေးလာခဲ့တယ်လို့ ဆာလာက ပြောပါတယ်။

ဆာလာက ” ကိုရိုနာဗိုင်းရစ်ကြောင့် အခြေအနေတွေက လုံးဝ ပြောင်းလဲသွားတယ်။ ပရိသတ် မရှိတော့တာကြောင့် အသင်းတိုင်းက အနိုင်ရဖို့ တူညီတဲ့ အခွင့်အရေးတွေ ရှိလာခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်ကို ဘယ်အသင်း အနိုင်ရမယ်ဆိုတာက ခန့်မှန်းရ ခက်ခဲပါတယ်။ အသင်းတိုင်းက အခွင့်အရေး ရှိနေဆဲဖြစ်ပေမယ့် ကျနေ်ာတို့ ထပ်ပြီး အနိုင်ရဖို့ မျှော်လင့်ပါတယ်။

ဒဏ်ရာပြဿနာတွေက ဒီရာသီ ကျနော်တို့ကို ဆိုးရွားစေပါတယ်။ ဖာဘင်ညိုက ဗဟိုခံစစ်ကို ဆင်းကစားနေရတာကို မြင်ကြပါလိမ့်မယ်။ ဒါကို တားဆီးတာတွေ ကျနေ်ာတို့ မလုပ်နိုင်ပါဘူး။ ကျနေ်ာတို့ ဆက်သွားရပါမယ်။

ကစားပုံကောင်းနေတဲ့ လူငယ်တွေ အများကြိး ရှိပါတယ်။ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ ကိစ္စတွေကို ထုတ်ပြောနေလို့လည်း မရဘူး။ ဒါက အုပ်ချုပ်သူတွေ လုပ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္သမား ဆာလာက ပြဲၾကပ္ကာလေတြကို ယွဥ္ျပိဳင္ရေတာ့မယ့္ အေနအထားက သူ႔အတြက္ ျပႆနာ မဟုတ္ပါဘူးလို႔ ထုတ္ေျပာလာပါတယ္။ ဆာလာက ပြဲတိုင္း ပါဝင္ကစားဖို႔တင္ မဟုတ္ဘဲ ပြဲတိုင္း မိနစ္တိုင္းမွာ ပါဝင္ကစားခြင္ကိုပါ အလိုရွိေနပါတယ္။

ဆာလာက ” မိနစ္တိုင္း ပြဲတိုင္းကို ပါဝင္ကစားခ်င္ပါတယ္။ က်ေနာ္က မိနစ္ ၉၀ မဟုတ္ဘဲ တစ္ပြဲလံုး အခ်ိန္ပိုကအစ ကစားလိုတာပါ။ ဒါေပမယ့္လို႔ မန္ေနဂ်ာရဲ႕ ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားပါတယ္။ ” လို႔ ဆိုပါတယ္။

လီဗာပူးရဲ႕ ျပီးခ့ဲတဲ့ အမွတ္ေပးပြဲ ၃ ပြဲလံုးမွာ ဆာလာဟာ ပြဲထြက္ကစားသမား ေနရာက ပါဝင္ခဲ့ရပါတယ္။ ဒါေပမယ့္လို႔ ၃ ပြဲလံုးမွာ အႏိုင္ရခဲ့ဘဲ အသင္းက ဒုတိယေနရာကို ဆင္းလာခဲ့ရတယ္။ ကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ မရတာက အမွတ္ေပးဖလား ျပိဳင္ဆိင္မႈကို လမ္းဖြင့္ေပးလာခဲ့တယ္လို႔ ဆာလာက ေျပာပါတယ္။

ဆာလာက ” ကိုရိုနာဗိုင္းရစ္ေၾကာင့္ အေျခအေနေတြက လံုးဝ ေျပာင္းလဲသြားတယ္။ ပရိသတ္ မရွိေတာ့တာေၾကာင့္ အသင္းတိုင္းက အႏုိင္ရဖို႔ တူညီတဲ့ အခြင့္အေရးေတြ ရွိလာခဲ့တယ္။ ဒီရာသီ ပရီးမီးယားလိဂ္ကို ဘယ္အသင္း အႏုိင္ရမယ္ဆိုတာက ခန္႔မွန္းရ ခက္ခဲပါတယ္။ အသင္းတိုင္းက အခြင့္အေရး ရွိေနဆဲျဖစ္ေပမယ့္ က်ေန္ာတို႔ ထပ္ျပီး အႏုိင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒဏ္ရာျပႆနာေတြက ဒီရာသီ က်ေနာ္တို႔ကို ဆိုးရြားေစပါတယ္။ ဖာဘင္ညိဳက ဗဟိုခံစစ္ကို ဆင္းကစားေနရတာကို ျမင္ၾကပါလိမ့္မယ္။ ဒါကို တားဆီးတာေတြ က်ေန္ာတို႔ မလုပ္ႏိုင္ပါဘူး။ က်ေန္ာတို႔ ဆက္သြားရပါမယ္။

ကစားပံုေကာင္းေနတဲ့ လူငယ္ေတြ အမ်ားၾကိး ရွိပါတယ္။ အေျပာင္းအေရႊ႔မွာ ကစားသမား ေခၚယူဖို႔ ကိစၥေတြကို ထုတ္ေျပာေနလို႔လည္း မရဘူး။ ဒါက အုပ္ခ်ဳပ္သူေတြ လုပ္ရမယ့္ ကိစၥပဲ ျဖစ္ပါတယ္” လို႔ ေျပာခ့ဲတာ ျဖစ္ပါတယ္။