လီဗာပူးအသင်းရဲ့ စပိန်သား ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာက အသင်း အတွက် ထင်သလောက် အစွမ်းမပြနိုင်သေးဘဲ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် ဒီတစ်ပတ် စူပါဆန်းဒေး ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။

ကလော့ပ်က သီယေဂို ပြန် ကစားနိုင်နေတာကို ဝမ်းမြောက်နေပြီး ကစားသမားသစ် တစ်ယောက် ရလိုက်သလိုပဲလို့ ဆိုခဲ့ကာ ယူနိုက်တက်နဲ့ ပွဲမှာ လီဗာပူးအတွက် အားထားရတဲ့ လက်နက်ကောင်း ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်။

သီယေဂိုဟာ ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးထံ ရောက်လာခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ မာဆေးဆိုဒ် စာမျက်နှာ အဖွင့်က သိပ် မလှလိုက်ဘဲ အောက်တိုဘာလထဲ အဲဗာတန်နဲ့ ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ထို ဒဏ်ရာကနေ ပြန်ကောင်းလာသော်လည်း ကြံ့ခိုင်မှု ပြည့်ဖို့ ရုန်းကန်နေခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာတော့ ၃ ပွဲ ပြန် ပါဝင် ကစားထားပါတယ်။

ဒီတနင်္ဂနွေမှာ လီဗာပူးအသင်းဟာ အဆင့် ၁ နေရာ ကျော်ဖြတ် နေရာယူသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ကလော့ပ်က အသင်း ကွင်းလယ်မှာ အရည်အသွေးမြင့်စေဖို့ သီယေဂို ကို ထည့်ကစားရန် ရည်ရွယ်နေပါတယ်။

” ကျနော် သီယေဂို ကို အစောတည်းက ခေါ်ထားရမှာ ဘာညာ ဟာသလုပ် ပြောဖူးပါတယ်။ အခုကတော့ သူ ရှိနေပြီ ကစားနေနိုင်ပြီ ဆိုတော့ ဒီအတိုင်း အချိန် အကြာကြီး ဆက်ရှိနေဖို့ မျှော်လင့်တယ်။ အရေးအကြီးဆုံးက သူ ကြံ့ခိုင်မှု အပြည့် ရှိပြီး လေ့ကျင့်ထားတာပဲ။ ပြီးခဲ့တဲ့ နှစ်ပွဲမှာလည်း မိနစ် ၉၀၊ ၄၅ မိနစ် သူ ဝင် ကစားထားတယ်။

သူ ဘယ်နေရာတွေ ပို ကောင်းကောင်း ကစားနိုင်လဲ ဆိုတာနဲ့ ဘယ်လို အခင်းအကျင်းတွေ လုပ်လို့ ရမလဲ ကျနော်တို့ ကြည့်ရမှာပါ။ ဒါပေမယ့် သူ ပြန် ကစားနိုင်တာကတော့ သိပ်ကောင်းတယ်။ သူက တကယ့်ကို ထူးချွန် ပြည့်စုံတဲ့ ကစားသမား တစ်ယောက်ပါ။ အခုလို ပြန် ကစားလာနိုင် တာကိုက ကစားသမားသစ် တစ်ယောက် ရလိုက်သလိုပဲ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီတစ်ပတ်မှာတော့ ဖိအား ပိုများနေတဲ့ အသင်း ဖြစ်နေပြီး ပွဲကြို နည်းပြတွေရဲ့ အပြန်အလှန် ပြောစကားများ အပြင် ကလော့ပ်က ဒိုင်တွေကို ဖိအားပေးနေတယ်လို့ ဒိုင်လူကြီး မာ့ခ် ကလက်တန်ဘတ်ချ်ရဲ့ စွပ်စွဲ ပြောဆိုမှုတွေလည်း ရှိထားပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ စပိန္သား ကြင္းလယ္ကစားသမား သီေယဂို အယ္ကန္တာရာက အသင္း အတြက္ ထင္သေလာက္ အစြမ္းမျပနိုင္ေသးဘဲ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရေပမယ့္ ဒီတစ္ပတ္ စူပါဆန္းေဒး ယူနိုက္တက္နဲ႕ ပြဲမွာ ပါ၀င္ ကစားနိုင္ဖြယ္ ရွိေနပါတယ္။

ကေလာ့ပ္က သီေယဂို ျပန္ ကစားနုိင္ေနတာကို ၀မ္းေျမာက္ေနျပီး ကစားသမားသစ္ တစ္ေယာက္ ရလိုက္သလိုပဲလို႔ ဆိုခဲ့ကာ ယူနိုက္တက္နဲ႕ ပြဲမွာ လီဗာပူးအတြက္ အားထားရတဲ့ လက္နက္ေကာင္း ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

သီေယဂိုဟာ ျပီးခဲ့တဲ့ေႏြ အေျပာင္းအေရႊ႕မွာ ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးထံ ေရာက္လာခဲ့တာ ျဖစ္ျပီး ၄င္းရဲ႕ မာေဆးဆိုဒ္ စာမ်က္နွာ အဖြင့္က သိပ္ မလွလိုက္ဘဲ ေအာက္တိုဘာလထဲ အဲဗာတန္နဲ႕ ပြဲမွာ ဒဏ္ရာ ရသြားခဲ့ပါတယ္။ ထို ဒဏ္ရာကေန ျပန္ေကာင္းလာေသာ္လည္း ၾကံ႕ခိုင္မႈ ျပည့္ဖို႔ ရုန္းကန္ေနခဲ့ရျပီး ျပီးခဲ့တဲ့ သီတင္းပတ္ေတြ အတြင္းမွာေတာ့ ၃ ပြဲ ျပန္ ပါ၀င္ ကစားထားပါတယ္။

ဒီတနဂၤေႏြမွာ လီဗာပူးအသင္းဟာ အဆင့္ ၁ ေနရာ ေက်ာ္ျဖတ္ ေနရာယူသြားတဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနျပီး ကေလာ့ပ္က အသင္း ကြင္းလယ္မွာ အရည္အေသြးျမင့္ေစဖို႔ သီေယဂို ကို ထည့္ကစားရန္ ရည္ရြယ္ေနပါတယ္။

” က်ေနာ္ သီေယဂို ကို အေစာတည္းက ေခၚထားရမွာ ဘာညာ ဟာသလုပ္ ေျပာဖူးပါတယ္။ အခုကေတာ့ သူ ရွိေနျပီ ကစားေနနိုင္ျပီ ဆိုေတာ့ ဒီအတိုင္း အခ်ိန္ အၾကာၾကီး ဆက္ရွိေနဖို႔ ေမွ်ာ္လင့္တယ္။ အေရးအၾကီးဆံုးက သူ ၾကံ႕ခိုင္မႈ အျပည့္ ရွိျပီး ေလ့က်င့္ထားတာပဲ။ ျပီးခဲ့တဲ့ နွစ္ပြဲမွာလည္း မိနစ္ ၉၀၊ ၄၅ မိနစ္ သူ ၀င္ ကစားထားတယ္။

သူ ဘယ္ေနရာေတြ ပို ေကာင္းေကာငး္ ကစားနုိင္လဲ ဆိုတာနဲ႕ ဘယ္လို အခင္းအက်င္းေတြ လုပ္လို႔ ရမလဲ က်ေနာ္တို႔ ၾကည့္ရမွာပါ။ ဒါေပမယ့္ သူ ျပန္ ကစားနိုင္တာကေတာ့ သိပ္ေကာင္းတယ္။ သူက တကယ့္ကို ထူးခၽြန္ ျပည့္စံုတဲ့ ကစားသမား တစ္ေယာက္ပါ။ အခုလို ျပန္ ကစားလာနိုင္ တာကိုက ကစားသမားသစ္ တစ္ေယာက္ ရလိုက္သလိုပဲ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီတစ္ပတ္မွာေတာ့ ဖိအား ပိုမ်ားေနတဲ့ အသင္း ျဖစ္ေနျပီး ပြဲၾကိဳ နည္းျပေတြရဲ႕ အျပန္အလွန္ ေျပာစကားမ်ား အျပင္ ကေလာ့ပ္က ဒိုင္ေတြကို ဖိအားေပးေနတယ္လို႔ ဒိုင္လူၾကီး မာ့ခ္ ကလက္တန္ဘတ္ခ်္ရဲ႕ စြပ္စြဲ ေျပာဆိုမႈေတြလည္း ရွိထားပါတယ္။