လီဗာပူးတိုက်စစ်သမား မာနေးက အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ ဒဏ်ရာ အနည်းငယ် ရခဲ့တာကို ဝန်ခံစကား ပြောဆိုလာပေမယ့် ဒဏ်ရာက ပြန်သက်သာသွားပြီလို့ အသင်းဝဘ်ဆိုဒ်ကနေ ပြောပါတယ်။

မာနေးက “ ဟုတ်ပါတယ်။ နည်းနည်းလေး ထိမိတာပါ။ မိနစ် အနည်းငယ်ကြာတော့ သက်သာသွားပါတယ်။ ကြွက်တက်တဲ့ ပုံစံပါပဲ ဒါပေမယ့် နောက်ကျောမှာ ဖြစ်တာ မဟုတ်ဘဲ တင်ပါးမှာ ဖြစ်တာပါ။ ပွဲအပြီးမှာ ရေခဲ ကပ်ခဲ့ပြီး အဆင်ပြေသွားပါတယ်။ အခုတကယ်ကို အဆင်ပြေနေပြီး လာမယ့်ပွဲကို မျှော်နေပါတယ် ” လို့ ထုတ်ပြောသွားပါတယ်။

ဗီလာနဲ့ပွဲမှာ မာနေးက သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် မာနေးက ပြီးခဲ့တဲ့ ပွဲတွေတုန်းက ဂိုးပေါက်တွေ ပျောက်နေခဲ့တာဖြစ်ပြီး ၂၈ နှစ်အရွယ် တိုက်စစ်သမားက အသင်းနိုင်ပွဲရစေမယ့် သွင်းဂိုးတွေကို ပြန်သွင်းပေးဖို့ စိတ်အားထက်သန်နေပါတယ်။

“ တိုက်စစ်သမားဆိုတာ အမြဲတမ်း ဂိုးတွေ သွင်းယူပေးနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် အသင်း နိုင်နေသမျှ သွင်းဂိုးက ကျနော်အတွက် အရေးမကြီးပါဘူး။ နိုင်ပွဲကပဲ အရေးကြီးပါတယ်။ ကျနော်ကတော့ မနှစ်ကထက် အသင်းကို ပိုမို ကူညီပေးနိုင်ဖို့ရာ ဒီရာသီမှာ သွင်းဂိုးတွေ ပိုသွင်းပြီး အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လိဂ်ကို ထပ်ပြီး အနိုင်ရလိုပြီး အဲ့တာကပဲ ကျနော်တို့ရဲ့ ဦးတည်ချက် ဖြစ်ပါတယ်။

ကျနော်တို့အတွက် ခက်ခဲတဲ့ သီတင်းပတ်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပဲဖြစ်ပြီး ကျနေ်ာတို့ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ကာ အနိုင်ရဖို့ နည်းလမ်းတွေကို ပြန်ရယူနိုင်ရပါမယ်။

လေ့ကျင့်ရေး နေ့ရက်တိုင်းမှာ ကျနေ်ာတို့ ကြိုးစား လေ့ကျင့်နေပါတယ်။ အခုချိန်မှာတော့ ခက်ခဲမယ့်ပွဲ ဖြစ်လာနိုင်တဲ့ လာမယ့်ပွဲကို စောင့်မျှော်နေပါတယ်။ အဲ့ပွဲကို အနိုင်ရအောင်လည်း ကြိုးစားသွားမှာပါ ” လို့ မာနေးက ယူနိုက်တက်ပွဲကြို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္တဲ့ အက္ဖ္ေအပြဲမွာ ဒဏ္ရာ အနည္းငယ္ ရခဲ့တာကို ဝန္ခံစကား ေျပာဆိုလာေပမယ့္ ဒဏ္ရာက ျပန္သက္သာသြားျပီလို႔ အသင္းဝဘ္ဆိုဒ္ကေန ေျပာပါတယ္။

မာေနးက “ ဟုတ္ပါတယ္။ နည္းနည္းေလး ထိမိတာပါ။ မိနစ္ အနည္းငယ္ၾကာေတာ့ သက္သာသြားပါတယ္။ ၾကြက္တက္တဲ့ ပံုစံပါပဲ ဒါေပမယ့္ ေနာက္ေက်ာမွာ ျဖစ္တာ မဟုတ္ဘဲ တင္ပါးမွာ ျဖစ္တာပါ။ ပြဲအျပီးမွာ ေရခဲ ကပ္ခဲ့ျပီး အဆင္ေျပသြားပါတယ္။ အခုတကယ္ကို အဆင္ေျပေနျပီး လာမယ့္ပြဲကို ေမွ်ာ္ေနပါတယ္ ” လုိ႔ ထုတ္ေျပာသြားပါတယ္။

ဗီလာနဲ႔ပြဲမွာ မာေနးက သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့တာပါ။ ဒါေပမယ့္ မာေနးက ျပီးခဲ့တဲ့ ပြဲေတြတုန္းက ဂိုးေပါက္ေတြ ေပ်ာက္ေနခဲ့တာျဖစ္ျပီး ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားက အသင္းႏုိင္ပြဲရေစမယ့္ သြင္းဂိုးေတြကို ျပန္သြင္းေပးဖို႔ စိတ္အားထက္သန္ေနပါတယ္။

“ တိုက္စစ္သမားဆိုတာ အျမဲတမ္း ဂိုးေတြ သြင္းယူေပးႏုိင္ဖို႔ လိုပါတယ္။ ဒါေပမယ့္ အသင္း ႏုိင္ေနသမွ် သြင္းဂိုးက က်ေနာ္အတြက္ အေရးမၾကီးပါဘူး။ ႏိုင္ပြဲကပဲ အေရးၾကီးပါတယ္။ က်ေနာ္ကေတာ့ မႏွစ္ကထက္ အသင္းကို ပိုမို ကူညီေပးႏုိင္ဖို႔ရာ ဒီရာသီမွာ သြင္းဂိုးေတြ ပိုသြင္းျပီး အသင္းကို ကူညီေပးႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ လိဂ္ကို ထပ္ျပီး အႏုိင္ရလိုျပီး အဲ့တာကပဲ က်ေနာ္တို႔ရဲ႕ ဦးတည္ခ်က္ ျဖစ္ပါတယ္။

က်ေနာ္တို႔အတြက္ ခက္ခဲတဲ့ သီတင္းပတ္ေတြျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ေဘာလံုးရဲ႕ အစိတ္အပိုင္းပဲျဖစ္ျပီး က်ေန္ာတို႔ ရင္ဆိုင္ေျဖရွင္းရမွာျဖစ္ကာ အႏုိင္ရဖို႔ နည္းလမ္းေတြကို ျပန္ရယူႏုိင္ရပါမယ္။

ေလ့က်င့္ေရး ေန႔ရက္တိုင္းမွာ က်ေန္ာတို႔ ၾကိဳးစား ေလ့က်င့္ေနပါတယ္။ အခုခ်ိန္မွာေတာ့ ခက္ခဲမယ့္ပြဲ ျဖစ္လာႏုိင္တဲ့ လာမယ့္ပြဲကို ေစာင့္ေမွ်ာ္ေနပါတယ္။ အဲ့ပြဲကို အႏုိင္ရေအာင္လည္း ၾကိဳးစားသြားမွာပါ ” လို႔ မာေနးက ယူႏုိက္တက္ပြဲၾကိဳ ေျပာဆိုခဲ့တာျဖစ္ပါတယ္။