ဒီနွေမှာ ထွက်ခွာသွားမယ့် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ရဲ့ နောမှာ အစားထိုးဖို့ လီဗာပူးဘက်က ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆာမာကို အတော်လေး သဘောတွေ့နေပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ လီဗာပူးတင် မဟုတ်ဘဲ ကြီး ၆ ကြီးကလပ်တွေကလည်း ကစားသမား ခေါ်ယူမှုတွေ လုပ်ဖွယ် မရှိဘူးလို့ အသံထွက်နေပါတယ်။ လက်တလောမှာ စပါးကတော့ အဲရစ်ဆန်ကို အငှားခေါ်လိုပေမယ့် လုပ်ခပိုင်း ကြီးမြင့်မှုကြောင့် စဉ်းစားဆဲ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးက အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ တင်ပါးနေရာက ဒဏ်အနည်းငယ် ရခဲ့တာကို ဝန်ခံစကား ပြောဆိုလာပေမယ့် ဒဏ်ရာက ပြန်သက်သာသွားပြီဖြစ်လို့ ယူနိုက်တက်ပွဲမှာ ပါဝင်ပြီး အနိုင်ယူပြလိုကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ အန္တရာယ်များတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ နည်းပြအလုပ်ထဲ ဝင်ဖို့ သဘောမတူညီခင်မှာ သူ့ရဲ့ အင်္ဂလန်အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ နာရီများစွာ စကားပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီတနင်္ဂနွေမှာ လီဗာပူးအသင်းဟာ အဆင့် ၁ နေရာ ကျော်ဖြတ် နေရာယူသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ကလော့ပ်က အသင်း ကွင်းလယ်မှာ အရည်အသွေးမြင့်စေဖို့ သီယေဂို ကို သေချာပေါက် ထည့်ကစားရန် ရည်ရွယ်နေပါတယ်။

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမား ဆာလာက ပွဲတိုင်း ပါဝင်ကစားဖို့တင် မဟုတ်ဘဲ ပွဲတိုင်း မိနစ်တိုင်းမှာ ပါဝင်ကစားခွင်ကိုပါ အလိုရှိပါတယ်လို့ ဖွင့်ဟသွားပါတယ်။

ဆိုးရှားက ပရိသတ်မရှိတဲ့ အန်ဖီးကွင်းဟာ အစိမ်းရောင် မြက်ခင်ပေါ်မှာ အဖြူရောင်လိုင်းဆွဲထားတဲ့ ကွင်းသာသာပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ကလော့ပ်က ‘ အိုလီက လီဗာပူးကို ရင်ဆိုင်ကစားဖို့ အကောင်းဆုံး အခြေအနေကို ရောက်နေတယ်လို့ ပြောခဲ့တာကို ကျနော် သိပါတယ်။ တကယ်ကြီးလားဆိုတာတော့ ကြည့်လိုက်ကြတာပေါ့ကွာ ‘ လို့ တုန့်ပြန်ခဲ့တယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးပရိသတ်တွေက သူတို့ ဝယ်ယူတဲ့ ဂျာစီတွေမှာ နာမည်ရေးထိုးဖို့ အရွေးချယ်ဆုံး ဂျာစီ နံပါတ် ပိုင်ရှင်ကတော့ အနီရောင် ကျောနံပါတ် ၄ ကို ဝတ်ဆင်ကစားတဲ့ ဗန်ဒိုက်ဖြစ်ပါတယ်။

ယူနိုက်တက် ဂန္တဝင်မန်နေဂျာကြီး ဆာအဲလက်စ်က သူအနားယူခဲ့ပြီဖြစ်လို့ သိပ်ကို ထူးချွန်းနေတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ရခြင်း မရှိတော့တာ ကျေနပ်စရာပါလို့ ပြောဆိုသွားပါတယ်။

ZAWGYI









