လီဗာပူးအသင်း တိုက်စစ်မှူး ဖာမင်နိုကတော့ ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်ဒါဘီမှာ လက်ရှိ ချန်ပီယံတွေကို လူတိုင်း မှတ်မိနေအောင် ပြန်ကြိုးစားပြမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဖာမင်နိုက ယူနိုက်တက်ကို အနိုင်ယူခြင်းက ပရိသတ်တွေ မျှော်လင့်နေတဲ့ ရလဒ်ဖြစ်သလို အသင်းကို ဇယားထိပ်ထံ ပြန်ပို့နိုင်မယ်လို့လည်း နားလည်တယ်။ ဒါကြောင့် အကောင်းဆုံးရလဒ်အတွက် ယှဉ်ပြိုင်ပေးမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

ဖာမင်နိုက ‘ အခုချိန်မှာ ယူနိုက်တက်က အမှတ်ပေးဖလားပြိုင်ပွဲမှာ ကျနေ်ာတို့ရဲ့ အဓိက ပြိုင်ဘက်လို့ ပြောကြတယ်။ ဒါကြောင့်ပဲ သူတို့ကို အနိုင်ယူပြီး ကျနေ်ာတို့က ချန်ပီယံတွေပါဆိုတာ သူတို့ရသွားအောင် လုပ်ရမှာပါပဲ။

ဒီပွဲက ပရော်ဖက်ရှင်နယ်တိုင်း ကစားလိုပြီး အနိုင်ရလိုတဲ့ ပွဲဖြစ်ပါတယ်။ အကယ်လို့ ကျနေ်ာတို့ ရံှူးမယ်ဆိုရင် ပရိသတ်တွေက နာကျင်ရလိမ့်မယ်။ ဒါကို ကျနော်သိတယ်။ ဒါပေမယ့်လို့ ကျနော် ကတိပေးပါတယ်။ ကျနေ်ာတို့ ခေါင်းထဲမှာ အနိုင်ယူဖို့ဆိုတာထက် အခြား ဘာမှ မရှိပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီတစ်ကြိမ် ထိပ်တိုက်တွေမှုဟာ အနောက်မြောက် ဒါဘီနှစ်သင်းကြား ၂၀၅ ကြိမ်မြောက် ထိပ်တိုက်တွေ့မှုဖြစ်တယ်။ ယူနိုက်တက်က အကြိမ် ၈၀ နိုင်ထားပြီး လီဗာပူးက ၆၇ ကြိမ် နိုင်ထားတာဖြစ်ပေမယ့် အချက်အလက်တွေမှာ ယူနိုက်တက်က အသာရနေခဲ့ကာ ဒီနောက်ပိုင်းပွဲတွေမှာတော့ လီဗာပူးက အသာရထားပါတယ်။

လီဗာပူးရဲ့ အမှတ်ပေးဖလား အောင်မြင်မှုဟာ ယူနိုက်တက်ထက် တစ်ကြိမ် လျော့နည်းနေတာဖြစ်ပြီး အဆိုပါ မှတ်တမ်းကို ဒီရာသီမှာ ပြောင်းလဲလိုက်နိုင်တာကို လီဗာပူးပရိသတ်တွေက အလိုရှိကြပါလိမ့်မယ်။

ဖာမင်နိုက ‘ အခုချိန်မှာ အချက်အလက်တွေဆိုတာကို ဂရုမစိုက်ပါဘူး။ အနိုင်ရဖို့ကိုပဲ အာရုံစိုက်ပြီး ဇယားထိပ်ကို ပြန်တက်လိုပါတယ်။ ဒီပွဲက နှစ်တိုင်းမှာ အရေးပါတဲ့ပွဲဖြစ်ပြီး အင်္ဂလန်ရဲ့ ထိပ်တန်းပွဲဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ပိုမို ထူးခြားနေမယ်ဆိုတာကို ကျနော် သဘောတူပါတယ်။ ဒါပေမယ့်လို့ ကျနေ်ာတို့ ခေါင်းထဲမှာရှိတဲ့ အရေးကြီးဆုံးက အနိုင် ၃ မှတ်ပါပဲ။ ကျနေ်ာတို့ နိုင်မယ်ဆိုရင် သူတို့ကို လိုက်မှီမှာဖြစ်ပြီး အမှတ်ပေးဖလား စိန်ခေါ်မှုကို ဆက်လက် တိုက်ခိုက်နိုင်ပါမယ်။

ကျနေ်ာတို့က ရုန်းကန်ရမှုတွေ ရှိထားတယ်ဆိုပေမယ့် ဒီရာသီကို ချန်ပီယံတွေအဖြစ် ဒုတိယအကြိမ်မြောက် အဆုံးသတ်နိုင်မယ်လို့ ယုံကြည်နေဆဲပါ။ အဲ့အတွက်ကိုပဲ ကျနေ်ာတို့ ကြိုးစားသွားမှာပါ ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း တိုက္စစ္မွဴး ဖာမင္ႏိုကေတာ့ ဒီကေန႔ ယွဥ္ျပိဳင္ကစားရမယ့္ အဂၤလန္ဒါဘီမွာ လက္ရွိ ခ်န္ပီယံေတြကို လူတိုင္း မွတ္မိေနေအာင္ ျပန္ၾကိဳးစားျပမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဖာမင္ႏိုက ယူႏုိက္တက္ကို အႏုိင္ယူျခင္းက ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ ရလဒ္ျဖစ္သလို အသင္းကို ဇယားထိပ္ထံ ျပန္ပို႔ႏုိင္မယ္လို႔လည္း နားလည္တယ္။ ဒါေၾကာင့္ အေကာင္းဆံုးရလဒ္အတြက္ ယွဥ္ျပိဳင္ေပးမယ္လို႔ ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။

ဖာမင္ႏိုက ‘ အခုခ်ိန္မွာ ယူႏုိက္တက္က အမွတ္ေပးဖလားျပိဳင္ပြဲမွာ က်ေန္ာတို႔ရဲ႕ အဓိက ျပိဳင္ဘက္လို႔ ေျပာၾကတယ္။ ဒါေၾကာင့္ပဲ သူတို႔ကို အႏုိင္ယူျပီး က်ေန္ာတို႔က ခ်န္ပီယံေတြပါဆိုတာ သူတို႔ရသြားေအာင္ လုပ္ရမွာပါပဲ။

ဒီပြဲက ပေရာ္ဖက္ရွင္နယ္တိုင္း ကစားလိုျပီး အႏုိင္ရလိုတဲ့ ပြဲျဖစ္ပါတယ္။ အကယ္လို႔ က်ေန္ာတို႔ ရံွဴးမယ္ဆိုရင္ ပရိသတ္ေတြက နာက်င္ရလိမ့္မယ္။ ဒါကို က်ေနာ္သိတယ္။ ဒါေပမယ့္လို႔ က်ေနာ္ ကတိေပးပါတယ္။ က်ေန္ာတို႔ ေခါင္းထဲမွာ အႏုိင္ယူဖို႔ဆိုတာထက္ အျခား ဘာမွ မရွိပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြမႈဟာ အေနာက္ေျမာက္ ဒါဘီႏွစ္သင္းၾကား ၂၀၅ ၾကိမ္ေျမာက္ ထိပ္တိုက္ေတြ႔မႈျဖစ္တယ္။ ယူႏုိက္တက္က အၾကိမ္ ၈၀ ႏုိင္ထားျပီး လီဗာပူးက ၆၇ ၾကိမ္ ႏုိင္ထားတာျဖစ္ေပမယ့္ အခ်က္အလက္ေတြမွာ ယူႏုိက္တက္က အသာရေနခဲ့ကာ ဒီေနာက္ပိုင္းပြဲေတြမွာေတာ့ လီဗာပူးက အသာရထားပါတယ္။

လီဗာပူးရဲ႕ အမွတ္ေပးဖလား ေအာင္ျမင္မႈဟာ ယူႏုိက္တက္ထက္ တစ္ၾကိမ္ ေလ်ာ့နည္းေနတာျဖစ္ျပီး အဆိုပါ မွတ္တမ္းကို ဒီရာသီမွာ ေျပာင္းလဲလိုက္ႏုိင္တာကို လီဗာပူးပရိသတ္ေတြက အလိုရွိၾကပါလိမ့္မယ္။

ဖာမင္ႏိုက ‘ အခုခ်ိန္မွာ အခ်က္အလက္ေတြဆိုတာကို ဂရုမစိုက္ပါဘူး။ အႏုိင္ရဖို႔ကိုပဲ အာရံုစိုက္ျပီး ဇယားထိပ္ကို ျပန္တက္လိုပါတယ္။ ဒီပြဲက ႏွစ္တိုင္းမွာ အေရးပါတဲ့ပြဲျဖစ္ျပီး အဂၤလန္ရဲ႕ ထိပ္တန္းပြဲျဖစ္ပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ ပိုမို ထူးျခားေနမယ္ဆိုတာကို က်ေနာ္ သေဘာတူပါတယ္။ ဒါေပမယ့္လို႔ က်ေန္ာတို႔ ေခါင္းထဲမွာရွိတဲ့ အေရးၾကီးဆံုးက အႏုိင္ ၃ မွတ္ပါပဲ။ က်ေန္ာတို႔ ႏုိင္မယ္ဆိုရင္ သူတို႔ကို လိုက္မွီမွာျဖစ္ျပီး အမွတ္ေပးဖလား စိန္ေခၚမႈကို ဆက္လက္ တိုက္ခိုက္ႏုိင္ပါမယ္။

က်ေန္ာတို႔က ရုန္းကန္ရမႈေတြ ရွိထားတယ္ဆိုေပမယ့္ ဒီရာသီကို ခ်န္ပီယံေတြအျဖစ္ ဒုတိယအၾကိမ္ေျမာက္ အဆံုးသတ္ႏုိင္မယ္လို႔ ယံုၾကည္ေနဆဲပါ။ အဲ့အတြက္ကိုပဲ က်ေန္ာတို႔ ၾကိဳးစားသြားမွာပါ ‘ လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။