လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဖလား ပြန်ရဖို့ လီဗာပူးလိုပဲ နှစ် ၃၀ လောက် ပြန်စောင့်ရမလား၊ ဘယ်တော့ ဗိုလ်စွဲနိုင်မလဲ ဆိုတဲ့ ကိစ္စတွေ စိတ်လည်း မဝင်စားသလို ဆိုင်လည်း မဆိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်း နှစ် ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြီးခဲ့တဲ့ ရာသီက ရယူပေးပြီး ပရိသတ်တွေရဲ့ နှစ်ချို့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း ၂၀၁၃ တည်းက အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

ပြိုင်ဘက် ယူနိုက်တက်က ၇ နှစ်တာ ပရီးမီးယားလိဂ် ဖလား မကိုင်မြှောက်နိုင်သေးတဲ့ အပေါ် ကလော့ပ်ကတော့ ဘယ်လိုထင်မြင်ချက်မှ မပေးလိုဘဲ သူနဲ့လည်း မဆိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။

” ယူနိုက်တက်ရဲ့ အလားအလာတွေကတော့ မယုံနိုင်စရာပါပဲ။ နောက် နှစ် ၃၀ လားတွေ ဘာတွေ ကျနော်လည်း မသိဘူး၊ ဂရုစိုက် နေစရာလည်း အကြောင်း မရှိဘူးလေ။ ယူနိုက်တက် ပြီးခဲ့တဲ့ ၈ နှစ် အတွင်း ဗိုလ်မစွဲနိုင်တာက အံ့အားသင့်စရာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းက ထိပ်တန်းနေ်ရာမှာ မရှိရင် အကောင်းဆုံး ဘောလုံး မကစားနိုင်ရင် အဲဒီလို နှစ်တွေမှာ ဗိုလ်မစွဲဘူးပေါ့ဗျာ။ ဒါ ရှင်းပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှ လီဗာပူးမှ ဒီလိုတွေ ဖြစ်နေတာ မဟုတ်ဘူး။ ဘောလုံး ရာသီ တစ်ခုမှာ အကောင်းဆုံး မင်း လုပ်ပြနိုင်ရင် ဗိုလ်စွဲနိုင်မှာပဲ ဖြစ်တယ်။ သူတို့က အခုချိန် အနီးစပ်ဆုံး အနေအထား ဖြစ်ကောင်း ဖြစ်နေမယ် ဒါပေမယ့် မန်စီးတီးကလည်း အကြမ်းစား တက်လာနေတယ်။ ချယ်ဆီးကလည်း ရှိသေးတယ်။ လက်စတာလည်း ၂၀၁၆ တုန်းကလို လုပ်ပြသွားနိုင်တယ်။ ဒါပေမယ့် မန်ယူနိုက်တက် ဗိုလ် မစွဲခဲ့တာ အတွက်တော့ ကျေနာ် ထူးပြီး မအံ့သြဘူး ပြောစရာလည်း မရှိဘူး။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီကတော့ အကောင်းဆုံး အစွမ်းထက်ခဲ့ပြီး ဖလားပြိုင်ဘက် စီးတီးကို ၁၇ မှတ်ထိ ဖြတ်ကာ ပရီးမီးယားလိဂ်မှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ချန်ပီယံ ဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတွေက ပိုမို များပြားလာနေပါတယ်။

Zawgyi – လီဗာပူးအသင္း နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ အမွတ္ေပးဖလား ျပန္ရဖို႔ လီဗာပူးလိုပဲ နွစ္ ၃၀ ေလာက္ ျပန္ေစာင့္ရမလား၊ ဘယ္ေတာ့ ဗိုလ္စြဲနုိင္မလဲ ဆိုတဲ့ ကိစၥေတြ စိတ္လည္း မ၀င္စားသလို ဆိုင္လည္း မဆိုင္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးအသင္း နွစ္ ၃၀ ေ၀းကြာေနတဲ့ အမွတ္ေပးဖလားကို ျပီးခဲ့တဲ့ ရာသီက ရယူေပးျပီး ပရိသတ္ေတြရဲ႕ နွစ္ခ်ိဳ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးနုိင္ခဲ့ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ကလည္း ဆာအဲလက္စ္ ဖာဂူဆန္ အနားယူျပီး ေနာက္ပိုင္း ၂၀၁၃ တည္းက အမွတ္ေပးဖလားနဲ႕ ေ၀းကြာေနတာ ျဖစ္ပါတယ္။

ျပိဳင္ဘက္ ယူနိုက္တက္က ၇ နွစ္တာ ပရီးမီးယားလိဂ္ ဖလား မကိုင္ေျမွာက္နိုင္ေသးတဲ့ အေပၚ ကေလာ့ပ္ကေတာ့ ဘယ္လိုထင္ျမင္ခ်က္မွ မေပးလိုဘဲ သူနဲ႕လည္း မဆိုင္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာဆိုလိုက္ပါတယ္။

” ယူနိုက္တက္ရဲ႕ အလားအလာေတြကေတာ့ မယံုနုိင္စရာပါပဲ။ ေနာက္ နွစ္ ၃၀ လားေတြ ဘာေတြ က်ေနာ္လည္း မသိဘူး၊ ဂရုစိုက္ ေနစရာလည္း အေၾကာင္း မရွိဘူးေလ။ ယူနိုက္တက္ ျပီးခဲ့တဲ့ ၈ နွစ္ အတြင္း ဗိုလ္မစြဲနိုင္တာက အံ့အားသင့္စရာေတာ့ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အသင္းက ထိပ္တန္းေန္ရာမွာ မရွိရင္ အေကာင္းဆံုး ေဘာလံုး မကစားနိုင္ရင္ အဲဒီလို နွစ္ေတြမွာ ဗိုလ္မစြဲဘူးေပါ့ဗ်ာ။ ဒါ ရွင္းပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္မွ လီဗာပူးမွ ဒီလိုေတြ ျဖစ္ေနတာ မဟုတ္ဘူး။ ေဘာလံုး ရာသီ တစ္ခုမွာ အေကာင္းဆံုး မင္း လုပ္ျပနိုင္ရင္ ဗိုလ္စြဲနိုင္မွာပဲ ျဖစ္တယ္။ သူတို႔က အခုခ်ိန္ အနီးစပ္ဆံုး အေနအထား ျဖစ္ေကာင္း ျဖစ္ေနမယ္ ဒါေပမယ့္ မန္စီးတီးကလည္း အၾကမ္းစား တက္လာေနတယ္။ ခ်ယ္ဆီးကလည္း ရွိေသးတယ္။ လက္စတာလည္း ၂၀၁၆ တုန္းကလို လုပ္ျပသြားနုိင္တယ္။ ဒါေပမယ့္ မန္ယူနိုက္တက္ ဗိုလ္ မစြဲခဲ့တာ အတြက္ေတာ့ ကေ်နာ္ ထူးျပီး မအံ့ၾသဘူး ေျပာစရာလည္း မရွိဘူး။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ ရာသီကေတာ့ အေကာင္းဆံုး အစြမ္းထက္ခဲ့ျပီး ဖလားျပိဳင္ဘက္ စီးတီးကို ၁၇ မွတ္ထိ ျဖတ္ကာ ပရီးမီးယားလိဂ္မွာ ထိုက္ထိုက္တန္တန္ ဗိုလ္စြဲခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ ခ်န္ပီယံ ဆု အတြက္ အျပိဳင္အဆိုင္ ျဖစ္ေနတဲ့ အသင္းေတြက ပိုမို မ်ားျပားလာေနပါတယ္။