ဂီနီ ဝိုက်နယ်ဒမ်ဟာ သူ့ကို ဆက်ထိန်းဖို့ နောက်ဆုံး ကြိုးစားခဲ့တဲ့ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ငယ်ဘဝ အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာထံ ပြောင်းဖို့ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီကုန်မှာတော့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကနေ ထွက်ခွာကာ ကက်တလန် အခြေစိုက် ကလပ်ကို ပြောင်းသွားတော့မှာဖြစ်တယ်။ ဂျိဟန်ခရိုက်၊ ရစ်ကတ်နဲ့ ကိုးမတ်လို ဘာစီလိုနာရဲ့ နယ်သာလန် အဆက်အနွယ်ရှိမှုတွေက ဝိုက်နယ်ဒမ်ကို စပိန်ထိပ်သီးအသင်းထဲ ပြောင်းဖို့ ရည်မှန်းချက်တွေကို ပိုမို အသက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘာစီလိုနာမန်နေဂျာ ကိုးမန်းက ကွင်းလယ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့ရာ ဝိုက်နယ်ဒမ်ကို အလိုရှိနေခဲ့တယ်။ နယ်သာလန်သတင်းတွေမှာတော့ “ ဘာစီလိုနာက ဝိုက်နယ်ဒမ်ကို အထင်ကြီးမှု ရှိထားပါတယ်။ ” လို့ ဖော်ပြခဲ့ကြတယ်။

လီဗာပူးက ဒီနွေတုန်းကပဲ ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူထားခဲ့ပြီဖြစ်လို့ ဝိုက်နယ်ဒမ် ထွက်ခွာသွားခြင်းက ကွင်းလယ်ကို ထိခိုက်မှုရှိလာစေမှာ မဟုတ်ပါဘူး။ ဝိုက်နယ်ဒမ်က ပရော်ဖက်ရှင်နယ် ပီသစွာပဲ ရာသီကုန်ထိ လီဗာပူးအတွက် ဆက်လက် တိုက်ခိုက်ပေးသွားမှာလည်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာကော ဖေဖော်ဝါရီမှာ ပြန်လည်စတင်မယ့် ချန်ပီယံလိဂ်ပွဲတွေမှာပါ ဝိုက်နယ်ဒမ် ပါဝင်သွားမှာဖြစ်တယ်။ သူဟာ ဘာစီလိုနာနဲ့ သဘောတူညီမှု ယူမယ့် ကိစ္စတွေကို ဒီကာလတွေအတွင်း ထုတ်ပြောကြဖို့ ရှိဦးမှာ မဟုတ်ဘဲ အပြီးသတ် ဆွေးနွေးညိနှိုင်းမှုတွေကို ရာသီကုန်မှာ ပြုလုပ်သွားကြဖွယ် ရှိပါတယ်။

ZAWGYI

ဂီနီ ဝိုက္နယ္ဒမ္ဟာ သူ႔ကို ဆက္ထိန္းဖို႔ ေနာက္ဆံုး ၾကိဳးစားခ့ဲတဲ့ လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ငယ္ဘဝ အိပ္မက္ျဖစ္တဲ့ ဘာစီလိုနာထံ ေျပာင္းဖို႔ကို ဆက္လုပ္ဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီကုန္မွာေတာ့ ဝိုက္နယ္ဒမ္ဟာ လီဗာပူးကေန ထြက္ခြာကာ ကက္တလန္ အေျခစိုက္ ကလပ္ကို ေျပာင္းသြားေတာ့မွာျဖစ္တယ္။ ဂ်ိဟန္ခရိုက္၊ ရစ္ကတ္နဲ႔ ကိုးမတ္လို ဘာစီလိုနာရဲ႕ နယ္သာလန္ အဆက္အႏြယ္ရွိမႈေတြက ဝိုက္နယ္ဒမ္ကို စပိန္ထိပ္သီးအသင္းထဲ ေျပာင္းဖို႔ ရည္မွန္းခ်က္ေတြကို ပိုမို အသက္ဝင္ေစခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ဘာစီလိုနာမန္ေနဂ်ာ ကိုးမန္းက ကြင္းလယ္ပိုင္း ျပႆနာကို ေျဖရွင္းဖို႔ရာ ဝိုက္နယ္ဒမ္ကို အလိုရွိေနခဲ့တယ္။ နယ္သာလန္သတင္းေတြမွာေတာ့ “ ဘာစီလိုနာက ဝိုက္နယ္ဒမ္ကို အထင္ၾကီးမႈ ရွိထားပါတယ္။ ” လို႔ ေဖာ္ျပခဲ့ၾကတယ္။

လီဗာပူးက ဒီေႏြတုန္းကပဲ ကြင္းလယ္လူ သီယာဂိုကို ေခၚယူထားခဲ့ျပီျဖစ္လို႔ ဝိုက္နယ္ဒမ္ ထြက္ခြာသြားျခင္းက ကြင္းလယ္ကို ထိခိုက္မႈရွိလာေစမွာ မဟုတ္ပါဘူး။ ဝိုက္နယ္ဒမ္က ပေရာ္ဖက္ရွင္နယ္ ပီသစြာပဲ ရာသီကုန္ထိ လီဗာပူးအတြက္ ဆက္လက္ တိုက္ခိုက္ေပးသြားမွာလည္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေကာ ေဖေဖာ္ဝါရီမွာ ျပန္လည္စတင္မယ့္ ခ်န္ပီယံလိဂ္ပြဲေတြမွာပါ ဝိုက္နယ္ဒမ္ ပါဝင္သြားမွာျဖစ္တယ္။ သူဟာ ဘာစီလိုနာနဲ႔ သေဘာတူညီမႈ ယူမယ့္ ကိစၥေတြကို ဒီကာလေတြအတြင္း ထုတ္ေျပာၾကဖို႔ ရွိဦးမွာ မဟုတ္ဘဲ အျပီးသတ္ ေဆြးေႏြးညိႏိႈင္းမႈေတြကို ရာသီကုန္မွာ ျပဳလုပ္သြားၾကဖြယ္ ရွိပါတယ္။