ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မသေချာတော့တဲ့ ဘေလ်းဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာမယ့် သတင်းကြီးနေပြီး မန်ယူနဲ့ ဘေးလ်ရဲ့ အသင်းဟောင်း စပါးတို့က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေပမယ့် ကစားသမားရဲ့ လုပ်ခက အဟန့်အတား ဖြစ်နေဆဲပါ။

မန်ယူနိုက်တက် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အပြောင်းအရွှေ့ မှတ်တမ်းများ ထွက်ပေါ်လာရဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က ဆာအဲ့လက်စ်ဟာ ဗင်းဆင့်ကွန်ပနီ (မန်စီးတီးသို့ မရောက်ခင်) ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

မန်ယူ ပစ်မှတ်ထားနေတဲ့ လိုင်လီ တောင်ပံတိုက်စစ်သမား နစ်ကိုလပ် ပီပီဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း နည်းပြ ဖြစ်သူက အတည်ပြုသွားပါတယ်။

ပေါ့ဘာ အနေနဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုပါက ပြောင်းရွှေ့ခွင့် ကိုယ်တိုင် တင်ရမှာ ဖြစ်တယ်လို့ မန်ယူအသင်း တာဝန်ရှိသူတွေက ပြန်လည် ဖိအားပေးထားပါတယ်။

မန်ချက်စတာယူနိုက်တက် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကတော့ နောက်ရာသီ ၄င်းရဲ့ ပစ်မှတ်က ဘွန်ဒစ်လီဂါ ချန်ပီယံ ဖြစ်ဖို့ ဖြစ်ပြီး ဒုတိယနေရာအတွက် မဟုတ်ကြောင်း ပြောဆိုကာ ဒေါ့မွန်မှာပဲ ဆက်နေမယ့် အကြောင်း အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။

မန်ယူ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဟာ လုပ်ခလစာလျှော့ယူပြီး လက်ရှိနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စတုတ်စီးတီးခံစစ်မှူးတစ်ဦးဖြစ်တဲ့ နေသန်ကောလင်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။

ဒေးဗစ် ဒီဂီယာနေရာ အစားထိုးဖို့ မန်ချက်စတာယူနိုက်တက်က အေဂျက် ဂိုးသမား အိုနာနာကို ချဉ်းကပ် ကမ်းလှမ်းမှု ပြုလုပ်ထားသော်လည်း ငြင်းပယ်ခံထားရတယ်လို့ သိရပါတယ်။

မန်ယူအသင်းက ဒီဂီယာကို ဆက်ခေါ်ထားလိုပေမယ့် ကစားသမား တောင်းဆိုနေတဲ့ ဆန်းချက်နီးပါး မြင့်မားတဲ့ လစာကို ပေးအပ်ဖို့ ဆန္ဒမရှိ ဖြစ်နေတာပါ။

မန်ယူ ၊ မန်စီးတီး နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ပစ်မှတ် နန်ဒိုဘီလီ က သူအနေနဲ့ ဘယ်ကလပ်နဲ့မှ သဘောတူညီ ချက် မရသေးဘူးလို့ ပြောဆိုလိုက်ပြီး အခုအချိန်ထိ သူရဲ့ အနာဂတ် နဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။