လီဗာပူးအသင်းရဲ့ ဂျပန်လက်ရွေးစင် တိုက်စစ်သမား မီနာမီနိုကတော့ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးထံ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီဟာ ကိုဗစ်ကြောင့် အခက်အခဲတွေနဲ့ အပြီးသတ်ခဲ့ရပြီး လီဗာပူးကတော့ အမှတ်ပြတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ဗိုလ်စွဲခဲ့ပါတယ်။

တာကုမိ မီနာမီနိုကတော့ ပြီးခဲ့တဲ့ရာသီက အသင်းဗိုလ်စွဲတဲ့နောက် သူရခဲ့တဲ့ ပရီးမီးယားလိဂ် ဆုတံဆိပ်ဟာ သူ့အားထုတ်မှုနဲ့ အရည်အချင်း သက်သေပြမှုတွေ မပါဘဲ ရခဲ့တာကြောင့် မရထိုက်ဘူးလို့ ယူဆနေပါတယ်။ ပေါင် ၇.၂၅ သန်းနဲ့ လီဗာပူးထံ ရောက်လာခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် တိုက်စစ်သမားဟာ အသင်းမှာ ထူးချွန်စွာ မစွမ်းဆောင်ပြနိုင်သေးဘဲ ရှိပါတယ်။

မာဆေးဆိုဒ် အခြေစိုက် ကလပ် အတွက် မီနာမီနိုက ၁၀ ပွဲ ဝင် ကစားခဲ့ပြီး အသင်း ချန်ပီယံလမ်းကြောင်းမှာ တစိတ်တဒေသ ကူညီပေးနိုင်ခဲ့ပေမယ့် ဂျပန်သားကတော့ ဆုတံဆိပ် ယူဖို့ မလုံလောက်ဘူး ထင်မြင်နေပါတယ်။

“ကျနော့် ခံစားချက်ကို ဘယ်လို ပြောပြရမယ်တောင် မသိဘူး လွယ်တော့ မလွယ်ပါဘူး။ ကျနော် အသင်းအတွက် ပျော်ရွှင်ပါတယ် တချိန်တည်းမှာပဲ ကျနေ်ာက လီဗာပူးအတွက် ရာသီဝက်ပဲ ပါဝင်ခဲ့ရတယ်။ ကျနော် အသင်း အတွက် ရာနှုန်းပြည့် လုပ်ပေးနိုင်ခဲ့ရဲ့လား ဆိုတာ သံသယ ရှိမိပါတယ်။

ကျနော် ဆုဖလားကို ကိုင်မြှောက်လိုက်တဲ့ အချိန်မှာ ဂုဏ်ယူမိတယ် ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော် တစ်ရာသီလုံး ကောင်းကောင်းကြီးကို ကစားပြဖို့ လိုတယ်လို့ တွေးမိတယ်။ ကျနော့် ရည်မှန်းချက် အတိုင်း လုပ်ပြနိုင်မယ် မျှော်လင့်ပါတယ်။ အသင်းကို ကူညီပြီး ဒီရာသီမှာလည်း ဖလား မြှောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ” လို့ မီနာမီနိုက ဖွင့်ဟခဲ့ပါတယ်။

မီနာမီနိုက အင်္ဂလိပ် ဘောလုံးနဲ့ အထိုင်ကျဖို့ အချိန်တော့ ယူနေရပြီး နည်းပြ ကလော့ပ်ကလည်း အလောတကြီး ၎င်းကို ထည့် မသုံးဘဲ အချိန်ပေးကာ ပွဲအချို့မှာသာ ပါဝင်စေထားပါတယ်။ မီနာမီနိုဟာ လီဗာပူးနဲ့ အတူ တစ်နှစ်တာ ကြာခဲ့ပြီ ဖြစ်လို့ သူ့ ခြေစွမ်းတွေကို ထုတ်ပြနိုင်တဲ့ အချိန်လည်း ရောက်နေပြီ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ဂ်ပန္လက္ေရြးစင္ တိုက္စစ္သမား မီနာမီနိုကေတာ့ ျပီးခဲ့တဲ့ရာသီ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ လီဗာပူးထံ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီဟာ ကိုဗစ္ေၾကာင့္ အခက္အခဲေတြနဲ႕ အျပီးသတ္ခဲ့ရျပီး လီဗာပူးကေတာ့ အမွတ္ျပတ္နဲ႕ လြတ္လြတ္ကၽြတ္ကၽြတ္ ဗိုလ္စြဲခဲ့ပါတယ္။

တာကုမိ မီနာမီနိုကေတာ့ ျပီးခဲ့တဲ့ရာသီက အသင္းဗိုလ္စြဲတဲ့ေနာက္ သူရခဲ့တဲ့ ပရီးမီးယားလိဂ္ ဆုတံဆိပ္ဟာ သူ႔အားထုတ္မႈနဲ႕ အရည္အခ်င္း သက္ေသျပမႈေတြ မပါဘဲ ရခဲ့တာေၾကာင့္ မရထိုက္ဘူးလို႔ ယူဆေနပါတယ္။ ေပါင္ ၇.၂၅ သန္းနဲ႕ လီဗာပူးထံ ေရာက္လာခဲ့တဲ့ အသက္ ၂၆ နွစ္ အရြယ္ တိုက္စစ္သမားဟာ အသင္းမွာ ထူးခၽြန္စြာ မစြမ္းေဆာင္ျပနိုင္ေသးဘဲ ရွိပါတယ္။

မာေဆးဆိုဒ္ အေျခစိုက္ ကလပ္ အတြက္ မီနာမီနိုက ၁၀ ပြဲ ၀င္ ကစားခဲ့ျပီး အသင္း ခ်န္ပီယံလမ္းေၾကာင္းမွာ တစိတ္တေဒသ ကူညီေပးနုိင္ခဲ့ေပမယ့္ ဂ်ပန္သားကေတာ့ ဆုတံဆိပ္ ယူဖို႔ မလံုေလာက္ဘူး ထင္ျမင္ေနပါတယ္။

“က်ေနာ့္ ခံစားခ်က္ကို ဘယ္လို ေျပာျပရမယ္ေတာင္ မသိဘူး လြယ္ေတာ့ မလြယ္ပါဘူး။ က်ေနာ္ အသင္းအတြက္ ေပ်ာ္ရႊင္ပါတယ္ တခ်ိန္တည္းမွာပဲ က်ေန္ာက လီဗာပူးအတြက္ ရာသီ၀က္ပဲ ပါ၀င္ခဲ့ရတယ္။ က်ေနာ္ အသင္း အတြက္ ရာႏႈန္းျပည့္ လုပ္ေပးနိုင္ခဲ့ရဲ႕လား ဆိုတာ သံသယ ရွိမိပါတယ္။

က်ေနာ္ ဆုဖလားကို ကိုင္ေျမွာက္လိုက္တဲ့ အခ်ိန္မွာ ဂုဏ္ယူမိတယ္ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ က်ေနာ္ တစ္ရာသီလံုး ေကာင္းေကာင္းၾကီးကို ကစားျပဖို႔ လိုတယ္လို႕ ေတြးမိတယ္။ က်ေနာ့္ ရည္မွန္းခ်က္ အတိုင္း လုပ္ျပနိုင္မယ္ ေမွ်ာ္လင့္ပါတယ္။ အသင္းကို ကူညီျပီး ဒီရာသီမွာလည္း ဖလား ေျမွာက္နုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ” လို႔ မီနာမီနိုက ဖြင့္ဟခဲ့ပါတယ္။

မီနာမီနိုက အဂၤလိပ္ ေဘာလံုးနဲ႕ အထိုင္က်ဖို႔ အခ်ိန္ေတာ့ ယူေနရျပီး နည္းျပ ကေလာ့ပ္ကလည္း အေလာတၾကီး ၄င္းကို ထည့္ မသံုးဘဲ အခ်ိန္ေပးကာ ပြဲအခ်ိဳ႕မွာသာ ပါ၀င္ေစထားပါတယ္။ မီနာမီနိုဟာ လီဗာပူးနဲ႕ အတူ တစ္နွစ္တာ ၾကာခဲ့ျပီ ျဖစ္လို႔ သူ႔ ေျခစြမ္းေတြကို ထုတ္ျပနိုင္တဲ့ အခ်ိန္လည္း ေရာက္ေနျပီ ျဖစ္ပါတယ္။