ဒူဘိုင်းက NAS Sports Complex မှာ ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားလေ့ကျင့်နေတဲ့ ဗန်ဒိုက်ဟာ သူ့ရဲ့ တိုးတက်နေမှုအပေါ် လူမှုကွန်ယက်ကနေ ထုတ်ပြသွားပြန်ပါပြီ။

လွန်ခဲ့တဲ့ ၃ လက ဒူးဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ဟာ ဒီကနေ့မှာတော့ ဘောလုံးကို တော့ကစားနေတာကို မြင်လာရတယ်။ ဒါပေမယ့်လည်း သူ ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာ အခုထိ မသိနိုင်သေးတဲ့ ကိစ္စဖြစ်ပါတယ်။

အသင်းပရိသတ်တွေ မျှော်လင့်စရာ သတင်းကောင်းကတော့ အင်စတာဂရမ်မှာ ဗန်ဒိုက် အခုတင်လိုက်တဲ့ ဗီဒီယိုက Indoor လေ့ကျင့်ရေး မဟုတ်ဘဲ အပြင်ဘက် မြက်ခင်းမှာ ပြန်လည် လေ့ကျင့်မှု ဖြစ်ပါတယ်။ ဒါဟာ အတော်လေး အခြေအနေ ကောင်းမွန်လာလို့ မြက်ခင်ပြင်ပေါ် ပြန်လည် ခြေချခြင်းလို့ ယူဆရတယ်။

အကယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တင်သွင်းမယ့် ဒုတိယရာသီဝက် လူစာရင်းမှာ ဗန်ဒိုက် ပြန်ပါလာမယ့် အနေအထားဖြစ်တယ်။ လူစာရင်းထဲမှာ ပါလာပြီး လာမယ့်လထဲမှာ ဗန်ဒိုက် ဒူဘိုင်းကနေ လီဗာပူးကို ပြန်ပြီဆိုရင်တော့ မတ်လလောက်အတွင်း လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် မြင်လာရမယ်ထိပါ ခန့်မှန်းရပါတယ်။

ဒီကနေ့မှာပဲ ဇင်းနစ်ခံစစ်သမား လိုဗရန်ဟာ ရုရှားကလပ်နဲ့အတူ အနားကာလအတွင်း ဒူးဘိုင်းကို အသင်းလိုက် လေ့ကျင့်ရေးလုပ်ဖို့ ရောက်သွားခဲ့ကြတယ်။ လိုဗရန်က NAS Sports Complex မှာ လေ့ကျင့်နေတဲ့ ဗန်ဒိုက်ကို သွားတွေ့ခဲ့ပြီး အားပေးစကားတွေ ပြောဆိုခဲ့တယ်။

ဒီဂျန် လိုဗရန်က ” ဒီနေ့ ငါ့ရဲ့အသင်းဖော်ဟောင်း ဗာဂျယ် ဗန်ဒိုက်နဲ့ ပြန်တွေ့ခွင့်ရတာ သိပ်ကောင်းပါတယ်။ ခက်ခဲတဲ့ ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် သူက ပိုသန်မာစွာ ပြန်လာမယ်လို့ ငါထင်တယ်။ သိပ်မကြာပါဘူး ညီကို မင်းက ထိပ်တန်းအဆင့်ကို နောက်တစ်ကြိမ် ပြန်လုပ်ပြနိုင်မှာပါ။

ဒီကနေ့ ဒါဘီပွဲမှာ ကံကောင်းပါစေ လီဗာပူး၊ငါတို့ အသင်းနဲ့အတူ ရှိနေပါတယ်။ ” လို့ သူ့ရဲ့ လူမှုကွန်ယက်ကနေ ထုတ်ဖော်သွားတာ ဖြစ်ပါတယ်။

ZAWGYI

ဒူဘိုင္းက NAS Sports Complex မွာ ဒူးဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေလ့က်င့္ေနတဲ့ ဗန္ဒိုက္ဟာ သူ႔ရဲ႕ တိုးတက္ေနမႈအေပၚ လူမႈကြန္ယက္ကေန ထုတ္ျပသြားျပန္ပါျပီ။

လြန္ခဲ့တဲ့ ၃ လက ဒူးဒဏ္ရာရခဲ့တဲ့ ဗန္ဒိုက္ဟာ ဒီကေန႔မွာေတာ့ ေဘာလံုးကို ေတာ့ကစားေနတာကို ျမင္လာရတယ္။ ဒါေပမယ့္လည္း သူ ဘယ္အခ်ိန္မွာ ျပန္ကစားႏုိင္မယ္ဆိုတာ အခုထိ မသိႏုိင္ေသးတဲ့ ကိစၥျဖစ္ပါတယ္။

အသင္းပရိသတ္ေတြ ေမွ်ာ္လင့္စရာ သတင္းေကာင္းကေတာ့ အင္စတာဂရမ္မွာ ဗန္ဒိုက္ အခုတင္လိုက္တဲ့ ဗီဒီယိုက Indoor ေလ့က်င့္ေရး မဟုတ္ဘဲ အျပင္ဘက္ ျမက္ခင္းမွာ ျပန္လည္ ေလ့က်င့္မႈ ျဖစ္ပါတယ္။ ဒါဟာ အေတာ္ေလး အေျခအေန ေကာင္းမြန္လာလို႔ ျမက္ခင္ျပင္ေပၚ ျပန္လည္ ေျခခ်ျခင္းလို႔ ယူဆရတယ္။

အကယ္လို႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ တင္သြင္းမယ့္ ဒုတိယရာသီဝက္ လူစာရင္းမွာ ဗန္ဒိုက္ ျပန္ပါလာမယ့္ အေနအထားျဖစ္တယ္။ လူစာရင္းထဲမွာ ပါလာျပီး လာမယ့္လထဲမွာ ဗန္ဒိုက္ ဒူဘိုင္းကေန လီဗာပူးကို ျပန္ျပီဆိုရင္ေတာ့ မတ္လေလာက္အတြင္း လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြမွာ ျပန္လည္ ျမင္လာရမယ္ထိပါ ခန္႔မွန္းရပါတယ္။

ဒီကေန႔မွာပဲ ဇင္းနစ္ခံစစ္သမား လိုဗရန္ဟာ ရုရွားကလပ္နဲ႔အတူ အနားကာလအတြင္း ဒူးဘိုင္းကို အသင္းလိုက္ ေလ့က်င့္ေရးလုပ္ဖို႔ ေရာက္သြားခဲ့ၾကတယ္။ လိုဗရန္က NAS Sports Complex မွာ ေလ့က်င့္ေနတဲ့ ဗန္ဒိုက္ကို သြားေတြ႔ခဲ့ျပီး အားေပးစကားေတြ ေျပာဆိုခဲ့တယ္။

ဒီဂ်န္ လိုဗရန္က ” ဒီေန႔ ငါ့ရဲ႕အသင္းေဖာ္ေဟာင္း ဗာဂ်ယ္ ဗန္ဒိုက္နဲ႔ ျပန္ေတြ႕ခြင့္ရတာ သိပ္ေကာင္းပါတယ္။ ခက္ခဲတဲ့ ဒဏ္ရာရခဲ့တယ္ဆိုေပမယ့္ သူက ပိုသန္မာစြာ ျပန္လာမယ္လို႔ ငါထင္တယ္။ သိပ္မၾကာပါဘူး ညီကို မင္းက ထိပ္တန္းအဆင့္ကို ေနာက္တစ္ႀကိမ္ ျပန္လုပ္ျပႏိုင္မွာပါ။

ဒီကေန႔ ဒါဘီပြဲမွာ ကံေကာင္းပါေစ လီဗာပူး၊ငါတို႔ အသင္းနဲ႔အတူ ရွိေနပါတယ္။ ” လို႔ သူ႔ရဲ႕ လူမႈကြန္ယက္ကေန ထုတ္ေဖာ္သြားတာ ျဖစ္ပါတယ္။