မန်နေဂျာယာဂင်ကလော့ပ်က ယူနိုက်တက်ကို သရေကျတဲ့ ပွဲအပြီးမှာ သွင်းဂိုး ပျောက်ဆုံးနေခြင်းနဲ့ သရေတစ်မှတ်ပဲ ရခြင်းတွေအတွက် သဘောမကျဘူးဆိုတာကို ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဟာ တိုက်စစ်ပိုင်းနေရာထိ ဘောလုံးသယ်ယူပုံ ဖန်တီးပုံ ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် တိုက်စစ်သမားတွေထံ နောက်ဆုံး ပေးမှုတွေလုပ်ဖို့ ဖြတ်တင်ဘောတွေမှာ ညံ့ခဲ့သလို ဧရိယာတွင်း လှုပ်ရှားကစားပုံတွေကလည်း မသေသပ်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ” အကယ်လို့ ၁-၀ နဲ့ အနိုင်ရခဲ့မယ်ဆိုရင် ကျနေ်ာတို့ အဆင်ပြေပါတယ်။ ယူနိုက်တက်ကို မိနစ် ၉၀ လုံး အခွင့်အရေး မပေးရအောင်တော့ ကျနေ်ာတို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့လို လုပ်ဖို့ မလွယ်အောင် သူတို့က အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။

ပွဲမစခင်တုန်းက ပြောခဲ့သလိုပါပဲ။ သူတို့က သိပ်ကောင်းနေပြီး ကျနေ်ာတို့က ရုန်းကန်နေရတဲ့ အခြေအနေပါ။ ဒီညမှာ ကောင်လေးတွေက ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ကောင်တာဖိအားပေးမှုတွေ၊ ဘောလုံးပေးချက်တွေ ကောင်းတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ပါဘူး။ ဒါက ဘောလုံးမှာ အရေးကြီးဆုံး ကိစ္စပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အပြန်အလှန် ကစားမှုတွေ ပိုရှိလာတယ်။ ယူနိုက်တက်ရဲ့ အခွင့်အရေး ၂ ကြိမ်ကို အယ်လီဆန်က အကောင်းဆုံး ကာကွယ်ပေးသွားတယ်။ သွင်းဂိုးတွေ ပျောက်ဆုံးနေတာက ခက်ခဲပါတယ်။ အခွင့်အရေးကောင်းတွေကိုလည်း လွဲချော်နေခဲ့တယ်။ ဂိုးနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေကို မေ့ထားပြီး ဆက် ကြိုးစားဖို့ပဲ ရှိပါတယ်။ လုတိုင်းက သွင်းဂိုးတွေ မြင်လိုပါတယ်။ ဒါကိုတော့ မျက်ကွယ်ပြုထားလို့ မရပါဘူး။

ဒါက ဘောလုံးဖြစ်ပါတယ်။ ဒီလို အခိုက်အတန်တွေ ဖြစ်ပွားနိုင်တယ်။ ဘာလို့ ဂိုးမရသလဲဆိုတာကို မရှင်းပြနိုင်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ပဲလေစ့်နဲ့ပွဲမှာ နေရာစုံက ဂိုးရခဲ့ပြီး အဲ့ကစလို့ ဒီကာလတွေမှာ အနည်းငယ် စိတ်ပျက်စရာပါပဲ။

ပွဲကို ကြိုက်ပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းကော အသင်းလိုက် စွမ်းဆောင်ရည်ကောင်းကာ မြင်ခဲ့ရတယ်။ ကျနေ်ာတို့ လိုချင်တဲ့ ရလဒ် မဟုတ်ပေမယ့် ရလဒ်တစ်ခု ရခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ယူႏုိက္တက္ကို သေရက်တဲ့ ပြဲအျပီးမွာ သြင္းဂိုး ေပ်ာက္ဆံုးေနျခင္းနဲ႔ သေရတစ္မွတ္ပဲ ရျခင္းေတြအတြက္ သေဘာမက်ဘူးဆိုတာကို ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးဟာ တိုက္စစ္ပိုင္းေနရာထိ ေဘာလံုးသယ္ယူပံု ဖန္တီးပံု ေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္ တိုက္စစ္သမားေတြထံ ေနာက္ဆံုး ေပးမႈေတြလုပ္ဖို႔ ျဖတ္တင္ေဘာေတြမွာ ညံ့ခဲ့သလို ဧရိယာတြင္း လႈပ္ရွားကစားပံုေတြကလည္း မေသသပ္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ” အကယ္လို႔ ၁-၀ နဲ႔ အႏုိင္ရခဲ့မယ္ဆိုရင္ က်ေန္ာတို႔ အဆင္ေျပပါတယ္။ ယူႏုိက္တက္ကို မိနစ္ ၉၀ လံုး အခြင့္အေရး မေပးရေအာင္ေတာ့ က်ေန္ာတို႔ လုပ္ႏဳိင္မွာ မဟုတ္ပါဘူး။ အဲ့လို လုပ္ဖို႔ မလြယ္ေအာင္ သူတို႔က အေကာင္းဆံုးပံုစံမွာ ရွိေနပါတယ္။

ပြဲမစခင္တုန္းက ေျပာခဲ့သလိုပါပဲ။ သူတို႔က သိပ္ေကာင္းေနျပီး က်ေန္ာတို႔က ရုန္းကန္ေနရတဲ့ အေျခအေနပါ။ ဒီညမွာ ေကာင္ေလးေတြက ပြဲေကာင္းတစ္ပြဲကို ကစားႏုိင္ခဲ့ပါတယ္။ ပထမပိုင္း ေကာင္တာဖိအားေပးမႈေတြ၊ ေဘာလံုးေပးခ်က္ေတြ ေကာင္းတယ္။ ဒါေပမယ့္ ဂိုးမသြင္းႏုိင္ပါဘူး။ ဒါက ေဘာလံုးမွာ အေရးၾကီးဆံုး ကိစၥပဲ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အျပန္အလွန္ ကစားမႈေတြ ပိုရွိလာတယ္။ ယူႏုိက္တက္ရဲ႕ အခြင့္အေရး ၂ ၾကိမ္ကို အယ္လီဆန္က အေကာင္းဆံုး ကာကြယ္ေပးသြားတယ္။ သြင္းဂိုးေတြ ေပ်ာက္ဆံုးေနတာက ခက္ခဲပါတယ္။ အခြင့္အေရးေကာင္းေတြကိုလည္း လြဲေခ်ာ္ေနခဲ့တယ္။ ဂိုးနဲ႔ ပက္သက္ျပီး ေဝဖန္မႈေတြကို ေမ့ထားျပီး ဆက္ ၾကိဳးစားဖို႔ပဲ ရွိပါတယ္။ လုတိုင္းက သြင္းဂိုးေတြ ျမင္လိုပါတယ္။ ဒါကိုေတာ့ မ်က္ကြယ္ျပဳထားလို႔ မရပါဘူး။

ဒါက ေဘာလံုးျဖစ္ပါတယ္။ ဒီလို အခိုက္အတန္ေတြ ျဖစ္ပြားႏုိင္တယ္။ ဘာလို႔ ဂိုးမရသလဲဆိုတာကို မရွင္းျပႏုိင္တဲ့ အခိုက္အတန္႔ေတြ ရွိပါတယ္။ ပဲေလစ့္နဲ႔ပြဲမွာ ေနရာစံုက ဂိုးရခဲ့ျပီး အဲ့ကစလို႔ ဒီကာလေတြမွာ အနည္းငယ္ စိတ္ပ်က္စရာပါပဲ။

ပြဲကို ၾကိဳက္ပါတယ္။ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေကာင္းေကာ အသင္းလိုက္ စြမ္းေဆာင္ရည္ေကာင္းကာ ျမင္ခဲ့ရတယ္။ က်ေန္ာတို႔ လိုခ်င္တဲ့ ရလဒ္ မဟုတ္ေပမယ့္ ရလဒ္တစ္ခု ရခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။