ယူနိုက်တက်ပွဲ ပထမပိုင်းမှာ မာနေး ကောင်တာကစားမယ့် အချိန်အတွင်း ကွင်းလယ်ဒိုင်က ပွဲပြီး ခရာမှုတ်ခဲ့တာအတွက် မကျေနပ်ကြောင်းကို လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ထုတ်ပြောခဲ့ပါတယ်။

မာနေးအတွက် သီယာဂို အဝေးဘော ချပေးချိန်မှာ ပွဲပြီးဖို့ ၄ စက္ကန့်လောက် လိုသေးတာပါ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်သမားတစ်ဦးဖြစ်တဲ့ မာနေးဟာ အဲ့လို ကောင်တာဘောတွေမှာ သိပ်ကို အန္တရာယ်ကြီးသူလည်းဖြစ်တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ခံစစ်ကို မာနေး ဖောက်ထွက်ပြေးတဲ့ အချိန်မှာပဲ ပွဲကို ရပ်နားစေခဲ့ပါတယ်။

ဟန်ဒါဆန်က “ အဲ့အတွက် ကျနေ်ာတို့တွေ မပျော်နေဘူးဆိုတာ ခင်ဗျားတို့လည်း မှန်းဆကြည့်လို့ ရပါတယ်။ ထူးဆန်ပါတယ်၊ အရမ်း ထူးဆန်ပါတယ်။ အကယ်လို့ ကွင်းလယ်ဒိုင်က ခရာမမှုတ်ဘူးဆိုရင် မာနေးက ဂိုးပေါက်ထိ ရောက်သွားမှာပါ။

ကျနော်တို့လည်း မသိခဲ့ဘူး။ ပထမပိုင်းနဲ့ ပက်သက်ပြီး ကျနေ်ာတို့ စိတ်ပျက်ပါတယ်။ အဲ့တာက ဂိုးတစ်ဂိုး သွင်းယူနိုင်လောက်အောင် အချိန်ကျန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျနေ်ာတို့ အဆုံးသတ်ပိုင်းတွေမှာ အရည်အချင်းတွေ အားနည်းခဲ့ပါတယ် ”

ဘာပဲဖြစ်ဖြစ် အသင်းဟာ အရည်အချင်းပိုင်း ချို့တဲ့ခဲ့တာကို အသင်းသားတွေက ဝန်ခံပါတယ်။ အထူးသဖြင့် အဆုံးသတ်ပိုင်း ဧရိယာတွေမှာ သွင်းဂိုးမရခဲ့တာက အသင်းကို နာကျင်စေခဲ့တယ်။ ကုန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် ဂိုးပေါက်ပျောက်မှုကို ရင်ဆိုင်နေရတာဖြစ်တယ်။

သို့ပေမယ့် စိတ်ပျက် အားငယ်နေဖို့ မလိုဘဲ ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ကြဖို့ ရပ်တန့်မနေဘဲ လက်ကျန် ဘောလုံးရာသီအတွင်း နိုင်ပွဲတွေ ပြန်ရှာဖို့လည်း ဟန်ဒါဆန်က တိုက်တွန်းပါတယ်။

အသင်းခေါင်းဆောင်က “ စွမ်းဆောင်ရည်က ကုန်ခဲ့တဲ့ အပတ်တွေတုန်းကလို အဆင့်မှာ မရှိဘူးဆိုတာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အသင်းဖော်တွေက ကျနေ်ာတို့ ဆက်သွားရမယ်၊ တိုးတက်လာဖို့ ဆက်ပြီး ကြိုးစားရမယ်ဆိုတာ သိပါတယ်။

ဒီရာသီက အားလုံးအတွက် ထူးဆန်းတဲ့ ဘောလုံးရာသီပါ။ ကျနေ်ာတို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒီကနေ့ အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ ကောင်းပါတယ်။ ကျနေ်ာတို့ လုပ်နိုင်တာ ကွင်းထဲမှာ ကိုယ်လုပ်နိုင်တာ အားလုံးကို ကြိုးစားပေးဖို့ပါ။

ကျနေ်ာတို့ စိတ်လျော့လိုက်လို့ မပါဘူး ကျနေ်ာတို့ နိုင်ချင်တယ်၊ အနိုင်ရဖို့လည်း အကောင်းဆုံး ကြိုးစားလိုတယ် ဒါပေမယ့် ကံမကောင်းစွာပဲ သွင်းဂိုး မရခဲ့ပါဘူး။ ခရီးရှည်ကြီး ကျန်နေပါသေးတယ်။ ရမှတ်တွေ အများကြီးအတွက် ကစားရဦးမှာပါ။ အဆုံးထိ ကျနေ်ာတို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ပြဲ ပထမပိုင္းမွာ မာေနး ေကာင္တာကစားမယ့္ အခ်ိန္အတြင္း ကြင္းလယ္ဒိုင္က ပြဲျပီး ခရာမႈတ္ခဲ့တာအတြက္ မေက်နပ္ေၾကာင္းကို လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ထုတ္ေျပာခဲ့ပါတယ္။

မာေနးအတြက္ သီယာဂို အေဝးေဘာ ခ်ေပးခ်ိန္မွာ ပြဲျပီးဖို႔ ၄ စကၠန္႔ေလာက္ လိုေသးတာပါ။ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း တိုက္စစ္သမားတစ္ဦးျဖစ္တဲ့ မာေနးဟာ အဲ့လို ေကာင္တာေဘာေတြမွာ သိပ္ကို အႏၱရာယ္ၾကီးသူလည္းျဖစ္တယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္က ခံစစ္ကို မာေနး ေဖာက္ထြက္ေျပးတဲ့ အခ်ိန္မွာပဲ ပြဲကို ရပ္နားေစခဲ့ပါတယ္။

ဟန္ဒါဆန္က “ အဲ့အတြက္ က်ေန္ာတို႔ေတြ မေပ်ာ္ေနဘူးဆိုတာ ခင္ဗ်ားတို႔လည္း မွန္းဆၾကည့္လို႔ ရပါတယ္။ ထူးဆန္ပါတယ္၊ အရမ္း ထူးဆန္ပါတယ္။ အကယ္လို႔ ကြင္းလယ္ဒိုင္က ခရာမမႈတ္ဘူးဆိုရင္ မာေနးက ဂိုးေပါက္ထိ ေရာက္သြားမွာပါ။

က်ေနာ္တို႔လည္း မသိခဲ့ဘူး။ ပထမပိုင္းနဲ႔ ပက္သက္ျပီး က်ေန္ာတို႔ စိတ္ပ်က္ပါတယ္။ အဲ့တာက ဂိုးတစ္ဂိုး သြင္းယူႏုိင္ေလာက္ေအာင္ အခ်ိန္က်န္ပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ က်ေန္ာတို႔ အဆံုးသတ္ပိုင္းေတြမွာ အရည္အခ်င္းေတြ အားနည္းခဲ့ပါတယ္ ”

ဘာပဲျဖစ္ျဖစ္ အသင္းဟာ အရည္အခ်င္းပိုင္း ခ်ိဳ႔တဲ့ခဲ့တာကို အသင္းသားေတြက ဝန္ခံပါတယ္။ အထူးသျဖင့္ အဆံုးသတ္ပိုင္း ဧရိယာေတြမွာ သြင္းဂိုးမရခဲ့တာက အသင္းကို နာက်င္ေစခဲ့တယ္။ ကုန္ခဲ့တဲ့ ၁၆ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ၃ ပြဲဆက္ ဂိုးေပါက္ေပ်ာက္မႈကို ရင္ဆိုင္ေနရတာျဖစ္တယ္။

သို႔ေပမယ့္ စိတ္ပ်က္ အားငယ္ေနဖို႔ မလိုဘဲ ကြင္းထဲမွာ အေကာင္းဆံုး စြမ္းေဆာင္ၾကဖို႔ ရပ္တန္႔မေနဘဲ လက္က်န္ ေဘာလံုးရာသီအတြင္း ႏုိင္ပြဲေတြ ျပန္ရွာဖို႔လည္း ဟန္ဒါဆန္က တိုက္တြန္းပါတယ္။

အသင္းေခါင္းေဆာင္က “ စြမ္းေဆာင္ရည္က ကုန္ခဲ့တဲ့ အပတ္ေတြတုန္းကလို အဆင့္မွာ မရွိဘူးဆိုတာကို က်ေနာ္တုိ႔ သိပါတယ္။ ဒါေပမယ့္ အသင္းေဖာ္ေတြက က်ေန္ာတို႔ ဆက္သြားရမယ္၊ တိုးတက္လာဖို႔ ဆက္ျပီး ၾကိဳးစားရမယ္ဆိုတာ သိပါတယ္။

ဒီရာသီက အားလံုးအတြက္ ထူးဆန္းတဲ့ ေဘာလံုးရာသီပါ။ က်ေန္ာတို႔ ရပ္တန္႔သြားမွာ မဟုတ္ပါဘူး ဆက္ျပီး ၾကိဳးစားသြားမွာပါ။ ဒီကေန႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ေကာင္းပါတယ္။ က်ေန္ာတို႔ လုပ္ႏုိင္တာ ကြင္းထဲမွာ ကိုယ္လုပ္ႏုိင္တာ အားလံုးကို ၾကိဳးစားေပးဖို႔ပါ။

က်ေန္ာတို႔ စိတ္ေလ်ာ့လိုက္လို႔ မပါဘူး က်ေန္ာတို႔ ႏုိင္ခ်င္တယ္၊ အႏိုင္ရဖို႔လည္း အေကာင္းဆံုး ၾကိဳးစားလိုတယ္ ဒါေပမယ့္ ကံမေကာင္းစြာပဲ သြင္းဂိုး မရခဲ့ပါဘူး။ ခရီးရွည္ၾကီး က်န္ေနပါေသးတယ္။ ရမွတ္ေတြ အမ်ားၾကီးအတြက္ ကစားရဦးမွာပါ။ အဆံုးထိ က်ေန္ာတို႔ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။