လီဗာပူးတိုက်စစ်က ၁၆ နှစ်အတွင်း အဆိုးဆုံး အနေအထားအဖြစ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် ယာဂင်ကလော့ပ်က ပြတ်သားတဲ့ ဦးတည်ချက်တွေကို စတင် ရေးဆွဲလာခဲ့ပြီဖြစ်ပါတယ်။

ကလော့ပ်က ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ကိစ္စတွေကို မေ့ထားလိုက်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရင်အောင်မြင်အောင် ကြိုးစားဖို့ သတိပေးခဲ့တယ်။ ပရိသတ်တွေက အသင်းနိုင်ပွဲ ပျောက်ဆုံးနေတာအတွက် စိတ်ပျက်နေကြမယ်ဆိုတာ သိပေမယ့် စိတ်ရှည်ပေးဖို့အပြင် အသင်းသားတွေကို အရာအားလုံး ပေးဆပ် ကစားဖို့ သတိပေးချက်တွေ ထုတ်ပြောလာခဲ့ပါတယ်။

ကလော့ပ်က ‘ ဒါကို ကျနော် အမြဲတမ်း နားလည်ပါတယ်။ ရမှတ် ၉၇ မှတ်နဲ့ အမှတ်ပေးဇယားမှာ ဒုတိယနေရာက ရပ်တည်ခဲ့တည်းက ချန်ပီယံလိဂ်ဝင်ဖို့ သေချာမှ ဆုဖလား အနိုင်ရဖို့ စဉ်းစားရမယ်ဆိုတာကို သိခဲ့တယ်။ ကျနော် အလုပ်ကို ကျနော် သိပါတယ်။ ဘာကို လုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်။

ချန်ပီယံလိဂ်အတွက် ဝင်ခွင့် အောင်မြင်ဖို့ လိုပါတယ်။ အဲ့တာက ဘယ်လောက်ခက်တယ် ဆိုတာကိုလည်း နားလည်ပါတယ်။ ခင်ဗျားတို့ မှန်ပါတယ်။ ဒီရာသီက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ရဖို့တောင် ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ဘောလုံးပရိသတ်ဆိုတာက ကမ္ဘာပေါ်မှာ စိတ်မရှည်ဆုံး မျိုးစိတ်တွေထဲ ပါဝင်သူတွေပါ။ သူတို့က ပွဲတိုင်းကို အနိုင်ရချင်မှာပါပဲ။

ကျနော်ကလည်း သူတို့နဲ့ ခြားနား မနေပါဘူး။ ဒါပေမယ့်လို့ ခက်ခဲတဲ့ အခိုက်အတန့်တွေအကြောင်းနဲ့ ဘောလုံးအကြောင်း နားလည်ဖို့တွေအတွက် ကျနော်က ဒီအလုပ်မှာ လုံလောက်အောင် အချိန်အကြာကြီး ရှိနေခဲ့သူပါ။ နောက်ပြီး အခု ရင်ဆိုင်နေရတဲ့ ကာလက ကျနော်ဘဝရဲ့ အခက်ခဲဆုံး ကာလ မဟုတ်သေးသလို အဲ့လိုဖြစ်ဖို့တောင် မနီးစပ်သေးပါဘူး။ ကျနေ်ာတို့ စိတ်ရှည်ရပါမယ်။

ကျနေ်ာတို့ ရမှတ်တွေရှိထားတယ်၊ ရမှတ်အတွက် တိုက်ခိုက်ပေးမယ့် အသင်းရှိတယ်။ ဒါက အလုပ်ပါပဲ။ အဲ့တာကို ကျနေ်ာတို့ လုပ်ရပါမယ်။ ‘ငါတို့တော့ ချန်ပီယံမဖြစ်နိုင်တော့ဘူး၊ ပျော်စရာလည်း မကောင်းတော့ဘူးဆိုပြီး’ စိတ်လျော့ရမျာ မဟုတ်ပါဘူူ။ အဲ့လို အခြေအနေ လုံးဝ မဟုတ်ပါဘူး။ အရာအားလုံးအတွက် ကျနေ်ာတို့ တိုက်ခိုက်ရပါမယ်။ ဒါကို ဒီညမှာ ကျနော် မြင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေပဲ ကျနေ်ာတို့ လိုပါတယ် ‘ လို့ ဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးမရတာ ၃၄၈ မိနစ်ထိ ရှိလာခဲ့ပါပြီ။ ယာဂင်ကလော့ပ်က ရာသီကုန်မှ မြင်ရမယ့် ဆုဖလားချန်ပီယံဖြစ်ဖို့ထက် လက်ရှိ ရင်ဆိုင်နေရတဲ့ သွင်းဂိုး ပြဿနာ၊ စွမ်းဆောင်ရည် ပြဿနာကိုပဲ ဖြေရှင်းဖို့ ဦးတည်သွားဖို့ ရှိနေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္က ၁၆ ႏွစ္အတြင္း အဆိုးဆံုး အေနအထားအျဖစ္ ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ေနာက္ ယာဂင္ကေလာ့ပ္က ျပတ္သားတဲ့ ဦးတည္ခ်က္ေတြကို စတင္ ေရးဆြဲလာခဲ့ျပီျဖစ္ပါတယ္။

ကေလာ့ပ္က ခ်န္ပီယံဘြဲ႔ကို ကာကြယ္ဖို႔ကိစၥေတြကို ေမ့ထားလိုက္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အရင္ေအာင္ျမင္ေအာင္ ၾကိဳးစားဖို႔ သတိေပးခဲ့တယ္။ ပရိသတ္ေတြက အသင္းႏုိင္ပြဲ ေပ်ာက္ဆံုးေနတာအတြက္ စိတ္ပ်က္ေနၾကမယ္ဆိုတာ သိေပမယ့္ စိတ္ရွည္ေပးဖို႔အျပင္ အသင္းသားေတြကို အရာအားလံုး ေပးဆပ္ ကစားဖို႔ သတိေပးခ်က္ေတြ ထုတ္ေျပာလာခဲ့ပါတယ္။

ကေလာ့ပ္က ‘ ဒါကို က်ေနာ္ အျမဲတမ္း နားလည္ပါတယ္။ ရမွတ္ ၉၇ မွတ္နဲ႔ အမွတ္ေပးဇယားမွာ ဒုတိယေနရာက ရပ္တည္ခဲ့တည္းက ခ်န္ပီယံလိဂ္ဝင္ဖို႔ ေသခ်ာမွ ဆုဖလား အႏုိင္ရဖို႔ စဥ္းစားရမယ္ဆိုတာကို သိခဲ့တယ္။ က်ေနာ္ အလုပ္ကို က်ေနာ္ သိပါတယ္။ ဘာကို လုပ္ရမယ္ဆိုတာကိုလည္း သိပါတယ္။

ခ်န္ပီယံလိဂ္အတြက္ ဝင္ခြင့္ ေအာင္ျမင္ဖို႔ လိုပါတယ္။ အဲ့တာက ဘယ္ေလာက္ခက္တယ္ ဆိုတာကိုလည္း နားလည္ပါတယ္။ ခင္ဗ်ားတို႔ မွန္ပါတယ္။ ဒီရာသီက ထိပ္ဆံုး ၄ သင္း ဝင္ခြင့္ရဖို႔ေတာင္ ခက္ခဲမယ္ဆိုတာ ေသခ်ာပါတယ္။ ေဘာလံုးပရိသတ္ဆိုတာက ကမၻာေပၚမွာ စိတ္မရွည္ဆံုး မ်ိဳးစိတ္ေတြထဲ ပါဝင္သူေတြပါ။ သူတို႔က ပြဲတိုင္းကို အႏုိင္ရခ်င္မွာပါပဲ။

က်ေနာ္ကလည္း သူတို႔နဲ႔ ျခားနား မေနပါဘူး။ ဒါေပမယ့္လို႔ ခက္ခဲတဲ့ အခိုက္အတန္႔ေတြအေၾကာင္းနဲ႔ ေဘာလံုးအေၾကာင္း နားလည္ဖို႔ေတြအတြက္ က်ေနာ္က ဒီအလုပ္မွာ လံုေလာက္ေအာင္ အခ်ိန္အၾကာၾကီး ရွိေနခဲ့သူပါ။ ေနာက္ျပီး အခု ရင္ဆိုင္ေနရတဲ့ ကာလက က်ေနာ္ဘဝရဲ႕ အခက္ခဲဆံုး ကာလ မဟုတ္ေသးသလို အဲ့လိုျဖစ္ဖို႔ေတာင္ မနီးစပ္ေသးပါဘူး။ က်ေန္ာတို႔ စိတ္ရွည္ရပါမယ္။

က်ေန္ာတို႔ ရမွတ္ေတြရွိထားတယ္၊ ရမွတ္အတြက္ တိုက္ခိုက္ေပးမယ့္ အသင္းရွိတယ္။ ဒါက အလုပ္ပါပဲ။ အဲ့တာကို က်ေန္ာတို႔ လုပ္ရပါမယ္။ ‘ငါတို႔ေတာ့ ခ်န္ပီယံမျဖစ္ႏုိင္ေတာ့ဘူး၊ ေပ်ာ္စရာလည္း မေကာင္းေတာ့ဘူးဆိုျပီး’ စိတ္ေလ်ာ့ရမ်ာ မဟုတ္ပါဘူူ။ အဲ့လို အေျခအေန လံုးဝ မဟုတ္ပါဘူး။ အရာအားလံုးအတြက္ က်ေန္ာတို႔ တုိက္ခိုက္ရပါမယ္။ ဒါကို ဒီညမွာ က်ေနာ္ ျမင္ခဲ့ပါတယ္။ ဒီတိုက္ခုိက္မႈေတြပဲ က်ေန္ာတို႔ လိုပါတယ္ ‘ လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ သြင္းဂိုးမရတာ ၃၄၈ မိနစ္ထိ ရွိလာခဲ့ပါျပီ။ ယာဂင္ကေလာ့ပ္က ရာသီကုန္မွ ျမင္ရမယ့္ ဆုဖလားခ်န္ပီယံျဖစ္ဖို႔ထက္ လက္ရွိ ရင္ဆိုင္ေနရတဲ့ သြင္းဂိုး ျပႆနာ၊ စြမ္းေဆာင္ရည္ ျပႆနာကိုပဲ ေျဖရွင္းဖို႔ ဦးတည္သြားဖို႔ ရွိေနျပီျဖစ္ပါတယ္။