လီဗာပူးအသင်းမှာ ရှိနေတဲ့ ပြဿနာက ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ လီဗာပူးရဲ့ တိုက်စစ်ဖြစ်တယ်လို့ မန်နေဂျာဟောင်း ဆောင်းနက်နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းတို့က စကိုင်းစပေါ့ ဆွေးနွေးခန်းမှာ သုံးသပ်ခဲ့ကြပါတယ်။

လီဗာပူးတိုက်စစ်ဟာ ပဲလေစ့်ကို ၇ ဂိုးပြတ် အနိုင်ရပြီးတည်းက ပုံစံကောင်း ပျောက်ကွယ်နေခ့တာပါ။ အဆုံးသတ်ပိုင်းမှာ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် စိတ်ပိုင်းဖြတ်နိုင်မှုနဲ့ တွဲဘက် လုပ်နိုင်စွမ်းတွေမှာ ကျရိပ်ပြနေတာက သိသာလှပါတယ်။ ဒါကို သာမာန် ဘောလုံးပရိသတ်တွေတောင် မြင်နိုင်စွမ်းရှိတဲ့ထိ တိုက်စစ်က လိုအပ်ချက် များနေပါတယ်။

ဆောင်းနက်က ‘ လီဗာပူးပရိသတ်တစ်ယောက် အနေနဲ့ အသင်း ဘယ်နေရာတွေမှာ မှားနေလဲဆိုတာကို ကြည့်မယ်ဆိုရင် တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။ သူတို့က တောက်ပနေခြင်း မရှိသလို အကောင်းဆုံး လှုပ်ရှားမှုတွေ မမြင်ရဘူး။

ဖာမင်နိုရဲ့ ပွဲရဲ့ အခြေအနေ အများအပြားမှာ ပါဝင်ပေးနိုင်ခြင်း မရှိဘူး။ ဆာလာက ရှောကို မကျော်နိုင်တာက အရင် မြင်တွေ့နေကျ ဆာလာလို ပုံစံ မဟုတ်ဘူး။ ဒီဂီယာက ကာကွယ်မှုတောင် အများကြီး မလုပ်ခဲ့ရပါဘူး။ လီဗာပူးက ဘာကိုမှ ထူးထူးချွန်ချွန် မလုပ်နိုင်ခဲ့တာပါ။ ခံစစ်သမားတွေကို ဘယ်သူကမှ မခြိမ်းခြောက်နိုင်ဘူး။ ဆာလာက တစ်ပွဲလုံး ခြေစွမ်း ပျောက်နေခဲ့တယ် ‘ လို့ ဝေဖန်ခဲ့တယ်။

တွဲဘက် သုံးသပ်သူဖြစ်တဲ့ ရွိုင်ကိန်းကတော့ လီဗာပူးက ကစားပုံ ညံ့တယ်လို့ ပြောမရကြောင်း ဆိုပါတယ်။ သူက ‘ လီဗာပူး ကစားသွားတာ ဆိုးတယ်တော့ မင်းမပြောပါနဲ့ သူတို့ အကောင်းဆုံးပုံစံမှာတော့ ရှိမနေပါဘူး ‘ လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးခံစစ်မှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်အပြင် မာတစ်တို့ မပါနိုင်ပေမယ့် ခံစစ်ကစားပုံက ညံ့ဖျင်းနေတာမျိုးတော့ မရှိပါဘူး။ ကွင်းလယ်မှာ ပြန်ပါလာကြတဲ့ သီယာဂိုနဲ့ ရှာကွီရီတို့ကလည်း အကောင်းဆုံး ကစားခဲ့တယ်။ ဒါပေမယ့် သူတို့ ခြေကျလာချိန်မှာ ပြိုင်ဘက်က ပြန်လည် ဖိအားပေးလာခဲ့တယ်။

ဆောင်းနက်ကပဲ ‘ ယာယီကစားသွားတဲ့ ခံစစ်မှူးနှစ်ဦးက ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်မှာ သီယာဂိုနဲ့ ပွဲကစားခွင့်တွေ သိပ်မရထားတဲ့ ရှာကွီရီတို့ကို ထည့်သုံးခဲ့ပြီး ကစားပုံ ကောင်းမွန်ခဲ့တယ်။ သီယေဂို ခြေစွမ်း မပြနိုင်တော့ချိန်မှာ ယူနိုက်တက်က ပြန်ပြီး ထိုးဖောက်လာခဲ့တယ် ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းမွာ ရွိေနတဲ့ ျပႆနာက ပရီးမီးယားလိဂ္ ၃ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနတဲ့ လီဗာပူးရဲ႕ တိုက္စစ္ျဖစ္တယ္လို႔ မန္ေနဂ်ာေဟာင္း ေဆာင္းနက္နဲ႔ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ကိန္းတို႔က စကိုင္းစေပါ့ ေဆြးေႏြးခန္းမွာ သံုးသပ္ခဲ့ၾကပါတယ္။

လီဗာပူးတိုက္စစ္ဟာ ပဲေလစ့္ကို ၇ ဂိုးျပတ္ အႏုိင္ရျပီးတည္းက ပံုစံေကာင္း ေပ်ာက္ကြယ္ေနခ့တာပါ။ အဆံုးသတ္ပိုင္းမွာ လံုေလာက္တဲ့ အခြင့္အေရးေတြ ရခဲ့ေပမယ့္ စိတ္ပိုင္းျဖတ္ႏိုင္မႈနဲ႔ တြဲဘက္ လုပ္ႏုိင္စြမ္းေတြမွာ က်ရိပ္ျပေနတာက သိသာလွပါတယ္။ ဒါကို သာမာန္ ေဘာလံုးပရိသတ္ေတြေတာင္ ျမင္ႏုိင္စြမ္းရွိတဲ့ထိ တိုက္စစ္က လိုအပ္ခ်က္ မ်ားေနပါတယ္။

ေဆာင္းနက္က ‘ လီဗာပူးပရိသတ္တစ္ေယာက္ အေနနဲ႔ အသင္း ဘယ္ေနရာေတြမွာ မွားေနလဲဆိုတာကို ၾကည့္မယ္ဆိုရင္ တိုက္စစ္ပိုင္းပဲ ျဖစ္ပါတယ္။ သူတို႔က ေတာက္ပေနျခင္း မရွိသလို အေကာင္းဆံုး လႈပ္ရွားမႈေတြ မျမင္ရဘူး။

ဖာမင္ႏိုရဲ႕ ပြဲရဲ႕ အေျခအေန အမ်ားအျပားမွာ ပါဝင္ေပးႏုိင္ျခင္း မရွိဘူး။ ဆာလာက ေရွာကို မေက်ာ္ႏုိင္တာက အရင္ ျမင္ေတြ႔ေနက် ဆာလာလို ပံုစံ မဟုတ္ဘူး။ ဒီဂီယာက ကာကြယ္မႈေတာင္ အမ်ားၾကီး မလုပ္ခဲ့ရပါဘူး။ လီဗာပူးက ဘာကုိမွ ထူးထူးခၽြန္ခၽြန္ မလုပ္ႏုိင္ခဲ့တာပါ။ ခံစစ္သမားေတြကို ဘယ္သူကမွ မျခိမ္းေျခာက္ႏုိင္ဘူး။ ဆာလာက တစ္ပြဲလံုး ေျခစြမ္း ေပ်ာက္ေနခဲ့တယ္ ‘ လို႔ ေဝဖန္ခဲ့တယ္။

တြဲဘက္ သံုးသပ္သူျဖစ္တဲ့ ရိြဳင္ကိန္းကေတာ့ လီဗာပူးက ကစားပံု ညံ့တယ္လို႔ ေျပာမရေၾကာင္း ဆိုပါတယ္။ သူက ‘ လီဗာပူး ကစားသြားတာ ဆိုးတယ္ေတာ့ မင္းမေျပာပါနဲ႔ သူတို႔ အေကာင္းဆံုးပံုစံမွာေတာ့ ရွိမေနပါဘူး ‘ လို႔ မွတ္ခ်က္ေပးခ့ဲတယ္။

လီဗာပူးခံစစ္မွာ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္အျပင္ မာတစ္တို႔ မပါႏုိင္ေပမယ့္ ခံစစ္ကစားပံုက ညံ့ဖ်င္းေနတာမ်ိဳးေတာ့ မရွိပါဘူး။ ကြင္းလယ္မွာ ျပန္ပါလာၾကတဲ့ သီယာဂိုနဲ႔ ရွာကီြရီတို႔ကလည္း အေကာင္းဆံုး ကစားခဲ့တယ္။ ဒါေပမယ့္ သူတို႔ ေျခက်လာခ်ိန္မွာ ျပိဳင္ဘက္က ျပန္လည္ ဖိအားေပးလာခဲ့တယ္။

ေဆာင္းနက္ကပဲ ‘ ယာယီကစားသြားတဲ့ ခံစစ္မွဴးႏွစ္ဦးက ေကာင္းေကာင္းလုပ္ႏုိင္ခဲ့ပါတယ္။ ကြင္းလယ္မွာ သီယာဂိုနဲ႔ ပြဲကစားခြင့္ေတြ သိပ္မရထားတဲ့ ရွာကီြရီတို႔ကို ထည့္သံုးခဲ့ျပီး ကစားပံု ေကာင္းမြန္ခဲ့တယ္။ သီေယဂို ေျခစြမ္း မျပႏုိင္ေတာ့ခ်ိန္မွာ ယူႏုိက္တက္က ျပန္ျပီး ထိုးေဖာက္လာခဲ့တယ္ ‘ လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။