လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ပထမပိုင်းအတွင်း ပွဲပြီးရမယ့် အချိန်ထက် ခပ်စောစော အဆုံးသတ်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်လို့ အိုဝင်နဲ့ ပေါလ်စခိုးတို့ အကြေအလည် ဖြစ်ခဲ့ကြပါတယ်။

နှစ်ဦးလုံးက တနင်္ဂနွေနေ့ ပရိုဂရမ်ဖြစ်တဲ့ Premier League Productions မှာ ပါဝင်ဆွေးနွေးခဲ့တာပါ။ သူတို့ နှစ်ဦးက ပွဲကို ခပ်စောစော သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပက်သက်လို့ သဘောမညီခဲ့ကြပါဘူး။

ပထမပိုင်း ပွဲပြီးခရာ မှုတ်ခဲ့ချိန်မှာ မာနေးက ကောင်တာပြန်ဆင်တဲ့ အနေအထားဖြစ်ပြီး ကွင်းလယ်ဒိုင် ပေါလ်တီရာနေးက ပွဲကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့တယ်။ အိုဝင်က ဘောလုံးပွဲတွေမှာ ဒီလို အခိုက်အတန့်ကောင်းတွေမှာ ရပ်နားစေတာက ပုံမှန်မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကာ စခိုးကတော့ ပြည့်လို့ မှုတ်တာပဲလေလို့ တုန့်ပြန်ခဲ့တယ်။

ပေါလ်စခိုးက “ အချိန်ပြည့်လို့ ဝီစီကို မှုတ်ခဲ့တာပါ ” လို့ မှတ်ချက်ပေးခြင်းကို အိုဝင်က “ ဟုတ်တာပေါ့။ ဒါပေမယ့် ကွင်းထဲမှာ အခွင့်အရေးရှိနေရင် ဝီစီကို ချက်ခြင်းမှုတ်ဖို့ လိုအပ်လို့လား ” တုန့်ပြန်ခဲ့တယ်။

သူတို့နှစ်ဦးနဲ့အတူ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သူက ဝီစီမှုတ်ချိန်မှာ ပွဲပြီးဖို ၅ စက္ကန့်လိုသေးတယ်လို့ အိုဝင်နဲ့ စခိုးကို ပြောပြခဲ့တယ်။ အဲ့အချိန်မှ စခိုးက “ တကယ်လားဟ? အင် အဲ့လောက်ဆိုရင်တော့ အပြောင်းအလဲ ဖြစ်နိုင်တယ် ” လို့ ပွဲကို စောစောသိမ်းလိုက်တာက မဖြစ်သင့်ဘူးဆိုတာကို ဝန်ခံခဲ့တယ်။

ဆက်ပြီး အိုဝင်ကပဲ “ အချိန်ပြည့်နေပြီဆိုရင်တောင် ဘောလုံးက ဧရိယာနား ရောက်နေရင် ဘောလုံးက ကျော်ဖြတ်သွားခဲ့ပြီဆိုရင် ပေးကစားရမှာပဲလေ ” လို့ ဆိုခဲ့တယ်။

စခိုးက “ အချိန်ပြည့်ပြီဆိုရင်တော့ ဝီစီ မှုတ်ရမှာပဲပေါ့ မိုက်ကယ်ရာ။ အဲ့နေရာမှာ ရှိနေတာနဲ့ အမြဲတမ်းတော့ ဘယ်ခွင့်ပြုပေးလို့ရမလဲ ” လို့ ငြင်းချက်ထုတ်ခဲ့တယ်။

အိုဝင်ကလည်း “ ဘောလုံးက ဒီလိုပဲလေ။ အခွင့်အရေးရှိနေတုန်း ဒိုင်လူကြီးက ဝီစီမှုတ်တယ်ဆိုတာက.. ” ဆိုကာ ကွင်းလယ်ဒိုင်ရဲ့ အပြုအမှုက လက်မခံနိုင်စရာပါဆိုတဲ့ သဘောကို ထပ်ပြီး ပြောခဲ့ပြန်တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၆% ထိ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ်ထိ လုပ်ခဲ့ပေမယ့် ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ကာ အဆုံးသတ်ပိုင်းအတွင်း ကြိုးစားမှုပိုင်းတွေက ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ ပထမပိုင္းအတြင္း ပြဲျပီးရမယ့္ အခ်ိန္ထက္ ခပ္ေစာေစာ အဆံုးသတ္ခဲ့တဲ့ ကိစၥနဲ႔ ပက္သက္လို႔ အိုဝင္နဲ႔ ေပါလ္စခိုးတို႔ အေၾကအလည္ ျဖစ္ခဲ့ၾကပါတယ္။

ႏွစ္ဦးလံုးက တနဂၤေႏြေန႔ ပရိုဂရမ္ျဖစ္တဲ့ Premier League Productions မွာ ပါဝင္ေဆြးေႏြးခဲ့တာပါ။ သူတို႔ ႏွစ္ဦးက ပြဲကို ခပ္ေစာေစာ သိမ္းခဲ့တဲ့ ကိစၥနဲ႔ ပက္သက္လို႔ သေဘာမညီခဲ့ၾကပါဘူး။

ပထမပိုင္း ပြဲျပီးခရာ မႈတ္ခဲ့ခ်ိန္မွာ မာေနးက ေကာင္တာျပန္ဆင္တဲ့ အေနအထားျဖစ္ျပီး ကြင္းလယ္ဒိုင္ ေပါလ္တီရာေနးက ပြဲကို ရပ္နားဖို႔ ဆံုးျဖတ္ခဲ့တယ္။ အိုဝင္က ေဘာလံုးပြဲေတြမွာ ဒီလို အခိုက္အတန္႔ေကာင္းေတြမွာ ရပ္နားေစတာက ပံုမွန္မဟုတ္ဘူးလို႔ မွတ္ခ်က္ေပးခဲ့ကာ စခိုးကေတာ့ ျပည့္လို႔ မႈတ္တာပဲေလလို႔ တုန္႔ျပန္ခဲ့တယ္။

ေပါလ္စခိုးက “ အခ်ိန္ျပည့္လို႔ ဝီစီကို မႈတ္ခဲ့တာပါ ” လို႔ မွတ္ခ်က္ေပးျခင္းကို အိုဝင္က “ ဟုတ္တာေပါ့။ ဒါေပမယ့္ ကြင္းထဲမွာ အခြင့္အေရးရွိေနရင္ ဝီစီကို ခ်က္ျခင္းမႈတ္ဖို႔ လိုအပ္လို႔လား ” တုန္႔ျပန္ခဲ့တယ္။

သူတို႔ႏွစ္ဦးနဲ႔အတူ အစီအစဥ္ တင္ဆက္သူအျဖစ္ ပါဝင္ခဲ့သူက ဝီစီမႈတ္ခ်ိန္မွာ ပြဲျပီးဖို ၅ စကၠန္႔လိုေသးတယ္လို႔ အိုဝင္နဲ႔ စခိုးကို ေျပာျပခ့ဲတယ္။ အဲ့အခ်ိန္မွ စခိုးက “ တကယ္လားဟ? အင္ အဲ့ေလာက္ဆိုရင္ေတာ့ အေျပာင္းအလဲ ျဖစ္ႏုိင္တယ္ ” လို႔ ပြဲကို ေစာေစာသိမ္းလိုက္တာက မျဖစ္သင့္ဘူးဆိုတာကို ဝန္ခံခဲ့တယ္။

ဆက္ျပီး အိုဝင္ကပဲ “ အခ်ိန္ျပည့္ေနျပီဆိုရင္ေတာင္ ေဘာလံုးက ဧရိယာနား ေရာက္ေနရင္ ေဘာလံုးက ေက်ာ္ျဖတ္သြားခဲ့ျပီဆိုရင္ ေပးကစားရမွာပဲေလ ” လို႔ ဆိုခဲ့တယ္။

စခိုးက “ အခ်ိန္ျပည့္ျပီဆိုရင္ေတာ့ ဝီစီ မႈတ္ရမွာပဲေပါ့ မိုက္ကယ္ရာ။ အဲ့ေနရာမွာ ရွိေနတာနဲ႔ အျမဲတမ္းေတာ့ ဘယ္ခြင့္ျပဳေပးလို႔ရမလဲ ” လို႔ ျငင္းခ်က္ထုတ္ခဲ့တယ္။

အိုဝင္ကလည္း “ ေဘာလံုးက ဒီလိုပဲေလ။ အခြင့္အေရးရွိေနတုန္း ဒိုင္လူၾကီးက ဝီစီမႈတ္တယ္ဆိုတာက.. ” ဆိုကာ ကြင္းလယ္ဒိုင္ရဲ႕ အျပဳအမႈက လက္မခံႏုိင္စရာပါဆိုတဲ့ သေဘာကို ထပ္ျပီး ေျပာခဲ့ျပန္တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ေဘာလံုးပိုင္ဆိုင္မႈ ၆၆% ထိ ရွိခဲ့ျပီး ဂိုးေပါက္ ျခိမ္းေျခာက္မႈ ၁၇ ၾကိမ္ထိ လုပ္ခဲ့ေပမယ့္ ၃ ၾကိမ္သာ ဂိုးေပါက္တည့္ခဲ့ကာ အဆံုးသတ္ပိုင္းအတြင္း ၾကိဳးစားမႈပိုင္းေတြက ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တာပဲ ျဖစ္ပါတယ္။