လီဗာပူး တိုက်စစ်သမားဟောင်း ဂျွန်ဘမ်းက ယူနိုက်တက်ပွဲမှာ သီယာဂိုနဲ့ တိုက်စစ်သမား သုံးယောက် ပေါင်းဖက်မှုက လိုအပ်ချက်ရှိနေဆဲ ကာလမှာပဲ ရှိနေသေးတယ်လို့ ထုတ်ပြောပါတယ်။

ပထမပိုင်းအတွင်း ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် အကောင်းဆုံး ကစားသမားက သီယာဂိုဖြစ်ခဲ့တယ်။ သူ့ရဲ့ ဘောလုံး ကိုင်ထားမှုနဲ့ ဖြန့်ဝေမှုတွေက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ကောင်တာပုံစံ တိုက်စစ်ကစားဖို့ကို ပိုမို အားသန်တဲ့ လီဗာပူး တိုက်စစ်သမားတွေက သူတို့ တွဲဘက်နေကျ မဟုတ်တဲ့ ကွင်းလယ် ပံ့ပိုးမှုမှာ အသားကျဖို့ ရုန်းကန်ခဲ့ရတာပါ။

အထူးသဖြင့် မြန်နှုန်းနဲ့ တိုက်စစ်ကစားတဲ့ မာနေး၊ ဆာလာတို့ဟာ သီယာဂိုနဲ့ ရှာကွီရီထံက ဘောလုံး လက်ခံယူဖို့ တိုက်စစ်က စောင့်ကစားရတဲ့ အနေအထားမှာ ဟန်ချက်ညီစွာ ကစားနိုင်ဖို့ လိုအပ်ချက် ရှိနေဆဲဖြစ်ပါတယ်။

ဂျွန်ဘမ်းက “ ပထမပိုင်းမှာ သီယာဂိုက အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ပွဲကို မောင်းနှင်ပေးခဲ့တယ်။ သူ့ရဲ့ မောင်းနှင်မှုက တိုက်စစ် သုံးယောက်အတွက် အကူအညီဖြစ်ခဲ့တယ်လို့ မထင်ပါဘူး။

ဟန်ဒါဆန်နဲပ ဖာဘင်ညိုတို့ ကွင်းလယ်မှာ ကစားတုန်းကဆိုရင် သူတို့က ဘောလုံးကို ခပ်မြန်မြန်ပေးကြတယ်။ ပြေးနှုန်းကောင်းတဲ့ တိုက်စစ်သမားတွေထံ တိုက်ရိုက် ဘောလုံးပေးမှုနဲ့အတူ တိုက်စစ်ကို စတင်ကြတယ်။ သီယာဂိုကကျတော့ ပွဲကို နှေးသွားအောင် ထိန်းထားသလို ဖြစ်နေခဲ့တယ်။

ကျပ်တည်းတဲ့ နေရာတွေမှာ သီယာဂိုက ပွဲကို နှေးသွားအောင် လုပ်လိုက်တဲ့အခါ မာနေးနဲ့ ဆာလာတို့က ခြေမပေါ်းတော့ပါဘူး။ ဒီတော့ ကျနေ်ာတို့က စနစ်သစ်ကို စတင် အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အလုပ် မဖြစ်သေးပါဘူး။

ကျနော်ရဲ့ အမြင်မှာတော့ လီဗာပူးက မန်စီးတီးနဲ့အတူ လိဂ်ကို အနိုင်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တယ်။

ZAWGYI

လီဗာပူး တိုက္စစ္သမားေဟာင္း ဂၽြန္ဘမ္းက ယူႏုိက္တက္ပြဲမွာ သီယာဂိုနဲ႔ တိုက္စစ္သမား သံုးေယာက္ ေပါင္းဖက္မႈက လိုအပ္ခ်က္ရွိေနဆဲ ကာလမွာပဲ ရွိေနေသးတယ္လို႔ ထုတ္ေျပာပါတယ္။

ပထမပိုင္းအတြင္း ပြဲကို ထိန္းခ်ဳပ္ကစားႏုိင္ခဲ့တဲ့ လီဗာပူးအသင္းအတြက္ အေကာင္းဆံုး ကစားသမားက သီယာဂိုျဖစ္ခဲ့တယ္။ သူ႔ရဲ႕ ေဘာလံုး ကိုင္ထားမႈနဲ႔ ျဖန္႔ေဝမႈေတြက အေတာ္ေလး ေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ေကာင္တာပံုစံ တိုက္စစ္ကစားဖို႔ကို ပိုမို အားသန္တဲ့ လီဗာပူး တိုက္စစ္သမားေတြက သူတို႔ တြဲဘက္ေနက် မဟုတ္တဲ့ ကြင္းလယ္ ပံ့ပိုးမႈမွာ အသားက်ဖို႔ ရုန္းကန္ခဲ့ရတာပါ။

အထူးသျဖင့္ ျမန္ႏႈန္းနဲ႔ တိုက္စစ္ကစားတဲ့ မာေနး၊ ဆာလာတို႔ဟာ သီယာဂိုနဲ႔ ရွာကီြရီထံက ေဘာလံုး လက္ခံယူဖို႔ တိုက္စစ္က ေစာင့္ကစားရတဲ့ အေနအထားမွာ ဟန္ခ်က္ညီစြာ ကစားႏုိင္ဖို႔ လိုအပ္ခ်က္ ရွိေနဆဲျဖစ္ပါတယ္။

ဂၽြန္ဘမ္းက “ ပထမပိုင္းမွာ သီယာဂိုက အေကာင္းဆံုး ကစားသမားျဖစ္ခဲ့ျပီး ပြဲကို ေမာင္းႏွင္ေပးခဲ့တယ္။ သူ႔ရဲ႕ ေမာင္းႏွင္မႈက တိုက္စစ္ သံုးေယာက္အတြက္ အကူအညီျဖစ္ခဲ့တယ္လို႔ မထင္ပါဘူး။

ဟန္ဒါဆန္နဲပ ဖာဘင္ညိဳတို႔ ကြင္းလယ္မွာ ကစားတုန္းကဆိုရင္ သူတို႔က ေဘာလံုးကို ခပ္ျမန္ျမန္ေပးၾကတယ္။ ေျပးႏႈန္းေကာင္းတဲ့ တိုက္စစ္သမားေတြထံ တိုက္ရိုက္ ေဘာလံုးေပးမႈနဲ႔အတူ တိုက္စစ္ကို စတင္ၾကတယ္။ သီယာဂိုကက်ေတာ့ ပြဲကို ေႏွးသြားေအာင္ ထိန္းထားသလို ျဖစ္ေနခဲ့တယ္။

က်ပ္တည္းတဲ့ ေနရာေတြမွာ သီယာဂိုက ပြဲကို ေႏွးသြားေအာင္ လုပ္လိုက္တဲ့အခါ မာေနးနဲ႔ ဆာလာတို႔က ေျခမေပၚးေတာ့ပါဘူး။ ဒီေတာ့ က်ေန္ာတို႔က စနစ္သစ္ကို စတင္ အသံုးျပဳေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာ အလုပ္ မျဖစ္ေသးပါဘူး။

က်ေနာ္ရဲ႕ အျမင္မွာေတာ့ လီဗာပူးက မန္စီးတီးနဲ႔အတူ လိဂ္ကို အႏုိင္ဖို႔ ေရပန္းအစားဆံုး အသင္းအျဖစ္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တယ္။