လီဗာပူးတိုက်စစ်မှူးဟောင်းကြီး ပီတာခရော့ချ်က ညက ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ လီဗာပူး တိုက်စစ်မှူး ဖာမီနိုရဲ့ ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေကို သတိထားဖို့ လိုပြီလို့ ထောက်ပြသွားခဲ့ပါတယ်။ လီဗာပူးရဲ့ လက်နက်ကောင်း ဖြစ်တဲ့ တိုက်စစ်ကလည်း ဂိုးပေါက် မတွေ့တာ ပွဲ ဆက် နေခဲ့ပြီ ဖြစ်ပါတယ်။

ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အဓိက အသင်းသားတွေ စီနီယာ ကစားသမားတွေ များစွာ လက်လွှတ်ထားရတဲ့ လီဗာပူးဟာ တိုက်စစ်မှာတော့ ဆာလက်၊ ဖာမီနိုနဲ့ မာနေးတို့ သုံးဦးလုံး ကြံ့ခိုင်မှု အပြည့် ရှိနေပါတယ်။ ဒါပေမယ့် နာမည်ကျော်ခဲ့တာ ဆာ၊ ဖာ၊ မာ တိုက်စစ် အတွဲဟာ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ ဘာမှ ဖြစ်မြောက်အောင် မလှုပ်ရှားနိုင်တော့ဘဲ ကျည်မပါတဲ့ သေနတ် တစ်လက်လို ပြိုင်ဘက်တွေကို မခြိမ်းခြောက်နိုင်တော့ပါဘူး။

ပရီးမီးယားလိဂ် ရွှေဖိနပ် ဆုတွေ ဆွတ်ခူးဖူးပြီး အဓိက ဂိုးသွင်းရှင်တွေ ဖြစ်တဲ့ ဆာလက်၊ မာနေးတို့ကို မေးခွန်းထုတ်မှုတွေ ပိုများကြပေမယ့် ပီတာခရော့ချ်ကတော့ ဖာမီနို အနေအထားကလည်း စိုးရိမ်စရာ ဖြစ်ကြောင်း သုံးသပ် ထောက်ပြလာခဲ့တာပါ။ ဂျိုတာ နာ မသွားခင်ကလည်း ဖာမီနိုဟာ သူ့ ပွဲထွက်ခွင့် နေရာကို ပေါ်တူဂီသားထံ လွှဲပေးထားခဲ့ရပါသေးတယ်။

” ဒီတနင်္ဂနွေက ပွဲကတော့ တော်တော် ကြည့်ရခက်ပါတယ်။ ဒါပေမယ့် ကျနော့်ကို အချက်ပေးသံလို ဖြစ်ခဲ့တာက ဂိုးရှေ့မှာ အခွင့်အရေးတွေ ဖြုန်းတီးနေခဲ့တဲ့ ရော်ဘတ်တို ဖာမီနိုပါပဲ။ ပြီးခဲ့တဲ့လ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ သူ ပြန်တောက်ပလာတော့ ပြန် အဆင်ပြေပြီ ထင်ခဲ့ပေမယ့် သူရော အသင်းအတွက်ရော အဆင်မပြေသေးပါဘူး။ ” လို့ ခရော့ချ်က ပြောဆိုခဲ့ပါတယ်။

ဖာမီနိုဟာ ဒီရာသီ သွင်း ၅ ဂိုးသာ ရှိသေးပြီး အသက် ၂၉ နှစ် အရွယ် ဘရာဇီးသား တိုက်စစ်မှူးဟာ ခရစ္စတ်ကာလမတိုင်ခင်က ခြေစွမ်းကောင်းတွေ ပြန်ရပြီ ထင်ခဲ့ရပေမယ့် ပြန်လည် မှေးမှိန်လာပြန်တာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးတိုက္စစ္မွဴးေဟာင္းၾကီး ပီတာခေရာ့ခ်္က ညက ယူနိုက္တက္နဲ႕ ဂိုးမရွိ သေရပြဲ အျပီးမွာ လီဗာပူး တိုက္စစ္မွဴး ဖာမီနိုရဲ႕ ဂိုးေရွ႕မွာ ျဖဳန္းတီးမႈေတြကို သတိထားဖို႔ လိုျပီလို႔ ေထာက္ျပသြားခဲ့ပါတယ္။ လီဗာပူးရဲ႕ လက္နက္ေကာင္း ျဖစ္တဲ့ တိုက္စစ္ကလည္း ဂိုးေပါက္ မေတြ႔တာ ပြဲ ဆက္ ေနခဲ့ျပီ ျဖစ္ပါတယ္။

ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနတာေၾကာင့္ အဓိက အသင္းသားေတြ စီနီယာ ကစားသမားေတြ မ်ားစြာ လက္လႊတ္ထားရတဲ့ လီဗာပူးဟာ တိုက္စစ္မွာေတာ့ ဆာလက္၊ ဖာမီနိုနဲ႕ မာေနးတို႔ သံုးဦးလံုး ၾကံ႕ခိုင္မႈ အျပည့္ ရွိေနပါတယ္။ ဒါေပမယ့္ နာမည္ေက်ာ္ခဲ့တာ ဆာ၊ ဖာ၊ မာ တိုက္စစ္ အတြဲဟာ ျပိဳင္ဘက္ ဂိုးဧရိယာထဲမွာ ဘာမွ ျဖစ္ေျမာက္ေအာင္ မလႈပ္ရွားနုိင္ေတာ့ဘဲ က်ည္မပါတဲ့ ေသနတ္ တစ္လက္လို ျပိဳင္ဘက္ေတြကို မျခိမ္းေျခာက္နုိင္ေတာ့ပါဘူး။

ပရီးမီးယားလိဂ္ ေရႊဖိနပ္ ဆုေတြ ဆြတ္ခူးဖူးျပီး အဓိက ဂိုးသြင္းရွင္ေတြ ျဖစ္တဲ့ ဆာလက္၊ မာေနးတို႔ကို ေမးခြန္းထုတ္မႈေတြ ပိုမ်ားၾကေပမယ့္ ပီတာခေရာ့ခ်္ကေတာ့ ဖာမီနို အေနအထားကလည္း စိုးရိမ္စရာ ျဖစ္ေၾကာင္း သံုးသပ္ ေထာက္ျပလာခဲ့တာပါ။ ဂ်ိဳတာ နာ မသြားခင္ကလည္း ဖာမီနိုဟာ သူ႔ ပြဲထြက္ခြင့္ ေနရာကို ေပၚတူဂီသားထံ လႊဲေပးထားခဲ့ရပါေသးတယ္။

” ဒီတနဂၤေႏြက ပြဲကေတာ့ ေတာ္ေတာ္ ၾကည့္ရခက္ပါတယ္။ ဒါေပမယ့္ က်ေနာ့္ကို အခ်က္ေပးသံလို ျဖစ္ခဲ့တာက ဂိုးေရွ႕မွာ အခြင့္အေရးေတြ ျဖဳန္းတီးေနခဲ့တဲ့ ေရာ္ဘတ္တို ဖာမီနိုပါပဲ။ ျပီးခဲ့တဲ့လ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ သူ ျပန္ေတာက္ပလာေတာ့ ျပန္ အဆင္ေျပျပီ ထင္ခဲ့ေပမယ့္ သူေရာ အသင္းအတြက္ေရာ အဆင္မေျပေသးပါဘူး။ ” လို႔ ခေရာ့ခ်္က ေျပာဆိုခဲ့ပါတယ္။

ဖာမီနိုဟာ ဒီရာသီ သြင္း ၅ ဂိုးသာ ရွိေသးျပီး အသက္ ၂၉ နွစ္ အရြယ္ ဘရာဇီးသား တိုက္စစ္မွဴးဟာ ခရစၥတ္ကာလမတိုင္ခင္က ေျခစြမ္းေကာင္းေတြ ျပန္ရျပီ ထင္ခဲ့ရေပမယ့္ ျပန္လည္ ေမွးမွိန္လာျပန္တာ ျဖစ္ပါတယ္။