လီဗာပူးတိုက်စစ်သမား ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး နောက်တစ်ကြိမ် ထုတ်ပြောခဲ့ပြီဖြစ်ကာ အားလုံးက ကလပ်ရဲ့ လက်ထဲမှာပါလို့ ထုတ်ပြောပြန်ပါတယ်.

၂၀၁၈ မှာ လီဗာပူးအသင်းကို ပြောင်းလာပြီးနောက် ပထမဆုံး ဘောလုံးရာသီမှာတင် သွင်းဂိုး ၄၄ ဂိုး သွင်းယူခဲ့တဲ့ ဆာလာဟာ ဒီရာသီမှာလည်း သွင်းဂိုး ၁၇ ဂိုး ရယူထားသူပါ။ သူဟာ ပြီးခဲ့တဲ့ စပိန်သတင်းစာနဲ့ အင်တာဗျူးမှာ အငြင်းပွားဖွယ် မှတ်ချက်တွေကို ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့လို လုပ်လာခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ် နွေမှာ ကုန်ဆုံးမယ့် စာချုပ်သက်တမ်းပြီးလို့ လီဗာပူးမှာ ဆက်နေဖြစ်မလားက သူ ရွေးချယ်နိုင်တဲ့ ကိစ္စဆိုတာထက် အသင်းဘက်က ကမ်းလှမ်းမှုလုပ်ဦးမှ ရမှာပါဆိုတဲ့ သဘောကို ဆာလာက ထပ်ပြောလာပါတယ်။

ဆာလာက ” ကျနော် မသိပါဘူး။ အကယ်လို့ ကျနော်ကို မေးလာရင်တော့ ကျနော် ရှိနိုင်သလောက် အချိန်အကြာကြီး အသင်းမှာ ဆက်ရှိနေချင်ပါတယ်။ ဒါပေမယ့် ကျနော် ပြောခဲ့သလိုပဲ အားလုံးက ကလပ်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

လီဗာပူးအတွက် နောက်ဆုံးကစားပေးရတဲ့ မိနစ်အထိ ကျနော်ကတော့ အမြဲတမ်း ပေးဆပ်ကစားသွားမှာပါ။ ကျနော် ရနိုင်သလောက် ဆုဖလားတွေ အများကြီးကိုလည်း အနိုင်ရလိုပါတယ်။ ကျနော်ကို ချစ်ခင်မှုတွေ အချိန်တိုင်း ပြသပေးသူတွေအတွက် ရာနှုန်းပြည့် ကြိုးစားပေးလိုပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာဘင်ညိုနဲ့ ဗန်ဒိုက်တို့ဟာ အသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်တွေလောက်ပဲ ကျန်ရှိနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူတို့ကို သက်တမ်းတိုးဖို့ အသင်းဘက်က စတင်လာခြင်း မရှိသေးဘဲ အခြေအနေ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလာက သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေနာက္တစ္ၾကိမ္ ထုတ္ေျပာခဲ့ျပီျဖစ္ကာ အားလံုးက ကလပ္ရဲ႕ လက္ထဲမွာပါလို႔ ထုတ္ေျပာျပန္ပါတယ္.

၂၀၁၈ မွာ လီဗာပူးအသင္းကို ေျပာင္းလာျပီးေနာက္ ပထမဆံုး ေဘာလံုးရာသီမွာတင္ သြင္းဂိုး ၄၄ ဂိုး သြင္းယူခဲ့တဲ့ ဆာလာဟာ ဒီရာသီမွာလည္း သြင္းဂိုး ၁၇ ဂိုး ရယူထားသူပါ။ သူဟာ ျပီးခဲ့တဲ့ စပိန္သတင္းစာနဲ႔ အင္တာဗ်ဴးမွာ အျငင္းပြားဖြယ္ မွတ္ခ်က္ေတြကို ေပးခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ အဲ့လို လုပ္လာျခင္း မရွိပါဘူး။

၂၀၂၃ ခုႏွစ္ ေႏြမွာ ကုန္ဆံုးမယ့္ စာခ်ဳပ္သက္တမ္းျပီးလို႔ လီဗာပူးမွာ ဆက္ေနျဖစ္မလားက သူ ေရြးခ်ယ္ႏုိင္တဲ့ ကိစၥဆိုတာထက္ အသင္းဘက္က ကမ္းလွမ္းမႈလုပ္ဦးမွ ရမွာပါဆိုတဲ့ သေဘာကို ဆာလာက ထပ္ေျပာလာပါတယ္။

ဆာလာက ” က်ေနာ္ မသိပါဘူး။ အကယ္လို႔ က်ေနာ္ကို ေမးလာရင္ေတာ့ က်ေနာ္ ရွိႏုိင္သေလာက္ အခ်ိန္အၾကာၾကီး အသင္းမွာ ဆက္ရွိေနခ်င္ပါတယ္။ ဒါေပမယ့္ က်ေနာ္ ေျပာခဲ့သလိုပဲ အားလံုးက ကလပ္ရဲ႕ လက္ထဲမွာပဲ ရွိပါတယ္။

လီဗာပူးအတြက္ ေနာက္ဆံုးကစားေပးရတဲ့ မိနစ္အထိ က်ေနာ္ကေတာ့ အျမဲတမ္း ေပးဆပ္ကစားသြားမွာပါ။ က်ေနာ္ ရႏုိင္သေလာက္ ဆုဖလားေတြ အမ်ားၾကီးကိုလည္း အႏုိင္ရလိုပါတယ္။ က်ေနာ္ကို ခ်စ္ခင္မႈေတြ အခ်ိန္တိုင္း ျပသေပးသူေတြအတြက္ ရာႏႈန္းျပည့္ ၾကိဳးစားေပးလိုပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဖာဘင္ညိဳနဲ႔ ဗန္ဒိုက္တို႔ဟာ အသင္းနဲ႔ ၂ ႏွစ္ခြဲ စာခ်ဳပ္ေတြေလာက္ပဲ က်န္ရွိေနၾကသူေတြ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ သူတို႔ကို သက္တမ္းတိုးဖို႔ အသင္းဘက္က စတင္လာျခင္း မရွိေသးဘဲ အေျခအေန ေစာင့္ဆိုင္းေနဆဲ ျဖစ္ပါတယ္။