လီဗာပူးကွင်းလယ်လူ သီယာဂိုက အသင်းရဲ့ ရမှတ်တွေ အပြည့် မယူနိုင်တဲ့ အနေအထားအတွက် အသင်းဖော်တွေကလည်း ကျေနပ် အားရမှု မရှိပါဘူးလို့ ဝန်ခံပါတယ်။

ဒါပေမယ့်လို့ ဘောလုံးမှာက စိတ်ဓါတ်ပိုင်း အမြင့်ကာလနဲ့ အနိမ့်ကာလတွေ ရှိတတ်ပြီး ဒီအခြေအနေကနေ ကျော်လွှားကာ ယုံကြည်မှုတွေ ပြန်ရယူဖို့က အရေးကြီးတယ်လို့ တိုက်တွန်းခဲ့တယ်။ ဇယားထိပ်ကို ပြန်ရောက်လိုတယ်ဆိုရင် အကောင်းဆုံးတွေ လုပ်နိုင်စွမ်း ရှိရမယ်လို့ သူက မြင်ပါတယ်။

သီယာဂိုက ” အခွင့်အရေးတွေကို သွင်းဂိုးတွေအဖြစ် မလုပ်နိုင်တဲ့အခါ ကျနေ်ာတို့ မကျေနပ်ပါဘူး။ ကျနေ်ာတို့ရဲ့ အနည်းငယ် ကျဆင်းနေတဲ့ ယုံကြည်မှုတွေ ပြန်ရလာနေပြီး အဲ့ကြောင့်ပဲ ပွဲတွေက အပြောင်းအလဲ ရှိနေတာပါ။

ဘောလုံးမှာ စိတ်ဓါတ် သိပ်ကောင်းနေတဲ့ အချိန်နဲ့ ကျဆင်းနေတဲ့ အချိန်တွေရှိပြီး ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းပါပဲ။ အနိုင်မရဘူးဆိုရင် ကျနေ်ာတို့က အားရကျေနပ်မှု မရှိဘူး။ ပထမပိုင်းမှာ ကျနေ်ာတို သိပ်ကောင်းခဲ့ပြီး ဒုတိယပိုင်းကတော့ ၅၀-၅၀ ပါပဲ။

ကျနေ်ာတို့ရဲ့ အချို့ စွမ်းဆောင်ရည် အပေါ်မှာတော့ ကျေနပ်ပါတယ်။ ပွဲတွေမှာ ကျနေ်ာတို့ လုပ်ပြနိုင်ခဲ့တဲ့ အပိုင်းတွေအပေါ်မှာပေါ့။ ဒါပေမယ့်လို့ ဇယားထိပ်ကို ပြန်ရောက်ဖို့ဆိုရင် ကျနေ်ာတို့က ပိုကောင်းကောင်း လုပ်ရပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆာလာက ၁၃ ဂိုး၊ မာနေးက ၆ ဂိုးနဲ့ ဖာမင်နို၊ ဂျိုတာတို့က ၅ ဂိုးစီ သွင်းထားကြတာပါ။ အခြားသော အသင်းသားတွေထဲမှာ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် သီယာဂိုက သွင်းဂိုးအတွက် ဘယ်သူ ဘယ်သူက တာဝန်ယူရမယ်ဆိုတာထက် ထိရောက်တဲ့ အခွင့်အရေး ဖန်တီးပေးမှုဖြင့် အားလုံး ဂိုးသွင်းနိုင်အောင် ကူညီပေးဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။

” တိုက်စစ်သမားတွေကို ကြည့်လိုက်ပါ။ ကျနော် ပြောတာ အဓိက တိုက်စစ်သမားတွေတင် မဟုတ်ဘူး။ ကျနော်တို့မှာ အိုရီဂီ၊ ရှာကွီရီနဲ့ တာကီတို့လည်း ရှိပါတယ်။ ကစားသမားတွေ အများကြီးက ဂိုးတွေ သွင်းနိုင်တယ်။ ကွင်းလယ်လူတွေလည်း ဂိုးသွင်းနိုင်တယ်၊ ခံစစ်သမားတွေလည်း ဂိုးသွင်းနိုင်ပါတယ်။

သူတို့အားလုံး ဂိုးသွင်းဖို့ဆိုတာ ထိရောက်တဲ့ ဖန်တီးနိုင်မှုတွေနဲ့အတူ အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ဖို့အပေးမှာပဲ မူတည်ပါတယ် ” လို့ သီယာဂိုက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုက အသင္းရဲ႕ ရမွတ္ေတြ အျပည့္ မယူႏုိင္တဲ့ အေနအထားအတြက္ အသင္းေဖာ္ေတြကလည္း ေက်နပ္ အားရမႈ မရွိပါဘူးလို႔ ဝန္ခံပါတယ္။

ဒါေပမယ့္လို႔ ေဘာလံုးမွာက စိတ္ဓါတ္ပိုင္း အျမင့္ကာလနဲ႔ အနိမ့္ကာလေတြ ရွိတတ္ျပီး ဒီအေျခအေနကေန ေက်ာ္လႊားကာ ယံုၾကည္မႈေတြ ျပန္ရယူဖို႔က အေရးၾကီးတယ္လို႔ တိုက္တြန္းခဲ့တယ္။ ဇယားထိပ္ကို ျပန္ေရာက္လိုတယ္ဆိုရင္ အေကာင္းဆံုးေတြ လုပ္ႏုိင္စြမ္း ရွိရမယ္လို႔ သူက ျမင္ပါတယ္။

သီယာဂိုက ” အခြင့္အေရးေတြကို သြင္းဂိုးေတြအျဖစ္ မလုပ္ႏုိင္တဲ့အခါ က်ေန္ာတို႔ မေက်နပ္ပါဘူး။ က်ေန္ာတို႔ရဲ႕ အနည္းငယ္ က်ဆင္းေနတဲ့ ယံုၾကည္မႈေတြ ျပန္ရလာေနျပီး အဲ့ေၾကာင့္ပဲ ပြဲေတြက အေျပာင္းအလဲ ရွိေနတာပါ။

ေဘာလံုးမွာ စိတ္ဓါတ္ သိပ္ေကာင္းေနတဲ့ အခ်ိန္နဲ႔ က်ဆင္းေနတဲ့ အခ်ိန္ေတြရွိျပီး ဒါက ကစားပြဲရဲ႕ အစိတ္အပိုင္းပါပဲ။ အႏုိင္မရဘူးဆိုရင္ က်ေန္ာတို႔က အားရေက်နပ္မႈ မရွိဘူး။ ပထမပိုင္းမွာ က်ေန္ာတို သိပ္ေကာင္းခဲ့ျပီး ဒုတိယပိုင္းကေတာ့ ၅၀-၅၀ ပါပဲ။

က်ေန္ာတို႔ရဲ႕ အခ်ိဳ႔ စြမ္းေဆာင္ရည္ အေပၚမွာေတာ့ ေက်နပ္ပါတယ္။ ပြဲေတြမွာ က်ေန္ာတို႔ လုပ္ျပႏုိင္ခဲ့တဲ့ အပိုင္းေတြအေပၚမွာေပါ့။ ဒါေပမယ့္လို႔ ဇယားထိပ္ကို ျပန္ေရာက္ဖို႔ဆိုရင္ က်ေန္ာတို႔က ပိုေကာင္းေကာင္း လုပ္ရပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ ဆာလာက ၁၃ ဂိုး၊ မာေနးက ၆ ဂိုးနဲ႔ ဖာမင္ႏို၊ ဂ်ိဳတာတို႔က ၅ ဂိုးစီ သြင္းထားၾကတာပါ။ အျခားေသာ အသင္းသားေတြထဲမွာ တစ္ဂိုးထက္ ပိုသြင္းႏုိင္တဲ့သူ မရွိပါဘူး။ ဒါေပမယ့္ သီယာဂိုက သြင္းဂိုးအတြက္ ဘယ္သူ ဘယ္သူက တာဝန္ယူရမယ္ဆိုတာထက္ ထိေရာက္တဲ့ အခြင့္အေရး ဖန္တီးေပးမႈျဖင့္ အားလုံး ဂိုးသြင္းႏုိင္ေအာင္ ကူညီေပးဖို႔က ပိုအေရးၾကီးတယ္လို႔ ျမင္ပါတယ္။

” တိုက္စစ္သမားေတြကို ၾကည့္လိုက္ပါ။ က်ေနာ္ ေျပာတာ အဓိက တိုက္စစ္သမားေတြတင္ မဟုတ္ဘူး။ က်ေနာ္တုိ႔မွာ အိုရီဂီ၊ ရွာကီြရီနဲ႔ တာကီတို႔လည္း ရွိပါတယ္။ ကစားသမားေတြ အမ်ားၾကီးက ဂိုးေတြ သြင္းႏုိင္တယ္။ ကြင္းလယ္လူေတြလည္း ဂိုးသြင္းႏုိင္တယ္၊ ခံစစ္သမားေတြလည္း ဂိုးသြင္းႏုိင္ပါတယ္။

သူတို႔အားလံုး ဂိုးသြင္းဖို႔ဆိုတာ ထိေရာက္တဲ့ ဖန္တီးႏုိင္မႈေတြနဲ႔အတူ အခြင့္အေရးေကာင္းေတြ ဖန္တီးေပးႏုိင္ဖို႔အေပးမွာပဲ မူတည္ပါတယ္ ” လို႔ သီယာဂိုက ဆိုသြားခဲ့တာ ျဖစ္ပါတယ္။