ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲမရထားသလို ၃ ပွဲဆက် တိုက်စစ်က ဂိုးမသွင်းနိုင်တဲ့ လီဗာပူးဟာ ကြားပွဲအဖြစ် ဘန်လေကို အန်ဖီးကွင်းမှာ ထပ်မံ ဧည့်ခံမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ စွမ်းဆောင်ရည် ဆက်တိုက် ကျဆင်းနေပြီး ယူနိုက်တက်ပွဲမှာတော့ ခံစစ်နဲ့ ကွင်းလယ် ကစားပုံ မဆိုးလှပေမယ့် အဆုံးသတ်ပိုင်းမှာ ရုန်းကန်နေရဆဲဖြစ်တယ်။ သီယာဂို အပါအဝင် အဓိက တိုက်စစ်သမားတွေ ကြံ့ခိုင်မှု ကောင်းမွန်နေလို့ ဘန်လေပွဲမှာတော့ တိုက်စစ်က အဖြေပြန်ရှာတွေ့မယ်လို့ ခန့်မှန်းရတယ်။

ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ၂၀၂၁ မှာ ဘန်လေးအသင်း ကစားနေပုံက ကောင်းပါတယ်။ ဒါပေမယ့်လို့ နောက်ဆုံး နှစ်ပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ ဝက်ဟမ်းပွဲတွေကို အရေးနိမ့်ထားတဲ့ သူတို့က အန်ဖီးမှာလည်း လီဗာပူးထံက ရမှတ် ရယူသွားနိုင်မယ်ဆိုတာ မြင်ရဖို့က ခက်ခဲပါတယ်။

သူတို့က လီဗာပူးကို ဂိုးဘက်ခြမ်း နှစ်ခုလုံးမှာ ခက်ခဲသွားအောင် လုပ်ဆောင်မှာပါ။ ဗန်ဒိုက် ဒဏ်ရာရသွားပြီးတဲ့နောက် ပထမဆုံး ကစားရတဲ့ အောက်တိုဘာလတုန်းက အန်ဖီးပွဲမှာဆိုရင် ရှက်ဖီးက လီဗာပူးဧရိယာထဲမှာ အခွင့်အရေးတွေ အတော်လေး ရခဲ့ပါတယ်။ ဘန်လေကလည်း တူညီတဲ့ စမ်းသပ်မှုတွေကို လုပ်ဆောင်လာဖို့ ရှိပါတယ်။

ဘန်လေက လီဗာပူးကစားသမားတွေ သူ့တို့ကို ကျော်ဖြတ်ရ ခက်ခဲအောင်လည်း ကြိုးစားပါလိမ့်မယ်။ လူတွေက လီဗာပူးတိုက်စစ်သမားတွေက အကောင်းဆုံး ပုံစံမှာ ရှိမနေဘူးဆိုတာကို စတင်ကာ သတိထားမိနေကြပါပြီ။ ဒါပေမယ့်လို့ တိုက်စစ်သမားတွေကို ထောက်ပံ့ပေးနေတဲ့ ပုံစံတွေကလည်း ကွာဟချက် ရှိနေပါတယ်။

ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့က ဗဟိုခံစစ်မှာ ကောင်းမွန်နေတယ် ဆိုပေမယ့် တိုက်စစ်သုံးယောက်အတွက် သူတို့ရဲ့ ကွင်းလယ်က လုပ်ပေးနိုင်မှုတွေက ဆိုးဆိုးရွားရွား လိုအပ်မှုတွေ ရှိနေတယ်။ လီဗာပူး ကစားပုံက အရမ်းဆိုးနေတာလို့တော့ မထင်ဘူး။ သူတို့က ၅ ပွဲဆက် နိုင်ပွဲပျောက်မှုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ ဘန်လေပွဲက ၂-၁ ရလဒ် ထွက်ပေါ်မယ်လို့ လော်ရိုးက ခန့်မှန်းသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ေနာက္ဆံုး ၄ ပြဲဆက္ ႏုိင္ပြဲမရထားသလို ၃ ပြဲဆက္ တိုက္စစ္က ဂိုးမသြင္းႏုိင္တဲ့ လီဗာပူးဟာ ၾကားပြဲအျဖစ္ ဘန္ေလကို အန္ဖီးကြင္းမွာ ထပ္မံ ဧည့္ခံမွာ ျဖစ္ပါတယ္။

လီဗာပူးဟာ စြမ္းေဆာင္ရည္ ဆက္တိုက္ က်ဆင္းေနျပီး ယူႏုိက္တက္ပြဲမွာေတာ့ ခံစစ္နဲ႔ ကြင္းလယ္ ကစားပံု မဆိုးလွေပမယ့္ အဆံုးသတ္ပိုင္းမွာ ရုန္းကန္ေနရဆဲျဖစ္တယ္။ သီယာဂို အပါအဝင္ အဓိက တိုက္စစ္သမားေတြ ၾကံ႕ခိုင္မႈ ေကာင္းမြန္ေနလို႔ ဘန္ေလပြဲမွာေတာ့ တိုက္စစ္က အေျဖျပန္ရွာေတြ႔မယ္လို႔ ခန္႔မွန္းရတယ္။

ဘီဘီစီမွ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ၂၀၂၁ မွာ ဘန္ေလးအသင္း ကစားေနပံုက ေကာင္းပါတယ္။ ဒါေပမယ့္လို႔ ေနာက္ဆံုး ႏွစ္ပြဲျဖစ္တဲ့ ယူႏုိက္တက္နဲ႔ ဝက္ဟမ္းပြဲေတြကို အေရးနိမ့္ထားတဲ့ သူတို႔က အန္ဖီးမွာလည္း လီဗာပူးထံက ရမွတ္ ရယူသြားႏုိင္မယ္ဆိုတာ ျမင္ရဖို႔က ခက္ခဲပါတယ္။

သူတို႔က လီဗာပူးကို ဂိုးဘက္ျခမ္း ႏွစ္ခုလံုးမွာ ခက္ခဲသြားေအာင္ လုပ္ေဆာင္မွာပါ။ ဗန္ဒိုက္ ဒဏ္ရာရသြားျပီးတဲ့ေနာက္ ပထမဆံုး ကစားရတဲ့ ေအာက္တိုဘာလတုန္းက အန္ဖီးပြဲမွာဆိုရင္ ရွက္ဖီးက လီဗာပူးဧရိယာထဲမွာ အခြင့္အေရးေတြ အေတာ္ေလး ရခဲ့ပါတယ္။ ဘန္ေလကလည္း တူညီတဲ့ စမ္းသပ္မႈေတြကို လုပ္ေဆာင္လာဖို႔ ရွိပါတယ္။

ဘန္ေလက လီဗာပူးကစားသမားေတြ သူ႔တို႔ကို ေက်ာ္ျဖတ္ရ ခက္ခဲေအာင္လည္း ၾကိဳးစားပါလိမ့္မယ္။ လူေတြက လီဗာပူးတိုက္စစ္သမားေတြက အေကာင္းဆံုး ပံုစံမွာ ရွိမေနဘူးဆိုတာကို စတင္ကာ သတိထားမိေနၾကပါျပီ။ ဒါေပမယ့္လို႔ တိုက္စစ္သမားေတြကို ေထာက္ပံ့ေပးေနတဲ့ ပံုစံေတြကလည္း ကြာဟခ်က္ ရွိေနပါတယ္။

ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔က ဗဟိုခံစစ္မွာ ေကာင္းမြန္ေနတယ္ ဆိုေပမယ့္ တိုက္စစ္သံုးေယာက္အတြက္ သူတို႔ရဲ႔ ကြင္းလယ္က လုပ္ေပးႏုိင္မႈေတြက ဆိုးဆိုးရြားရြား လိုအပ္မႈေတြ ရွိေနတယ္။ လီဗာပူး ကစားပံုက အရမ္းဆိုးေနတာလို႔ေတာ့ မထင္ဘူး။ သူတို႔က ၅ ပြဲဆက္ ႏုိင္ပြဲေပ်ာက္မႈမ်ိဳး ျဖစ္လာမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ ဘန္ေလပြဲက ၂-၁ ရလဒ္ ထြက္ေပၚမယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားပါတယ္။