ရလဒ်တွေ မကောင်းဖြစ်နေတဲ့ လီဗာပူးက ပွဲကြီးတွေ ရောက်မလာသေးခင်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အဖြစ် ဘန်လေကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ရလဒ်တွေ ပြန်တက်လာဖို့ နိုင်ပွဲတွေ ပြန်ရဖို့ လိုအပ်နေပြီး ဒါရဲ့ အစဟာ ဘန်လေပွဲဖြစ်လာမယ်လို့ အိုဝင်က မျှော်လင့်နေတယ်။ ဒီအပတ်မှာ အသင်းကောင်းအချို့ ထိပ်တိုက်တွေ့နေကြတာဖြစ်လို့ နိုင်ပွဲ ပြန်ယူနိုင်မယ်ဆိုရင် လီဗာပူးက အဆင့် ၄ နေရာကနေ အထက်ကို တက်လာဖို့ အခွင့်အရေး ရှိမှာဖြစ်တယ်။

ဒီပွဲမှာ ခံစစ်မှူး မာတစ် ပြန်ပါမယ်လို့ သိထားရပေမယ့် တိုက်စစ်သမား ဂျိုတာ ပါဝင်နိုင်ဦးမှာတော့ မဟုတ်ပါဘူး။ အဲ့တာကလွဲရင် ထူးထူးခြားခြား ဒဏ်ရာ ပြဿနာ မရှိတာ ဖြစ်ပါတယ်။

အိုဝင်က ” ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ သီတင်းပတ်အကုန်ပွဲဟာ လီဗာပူးအတွက် စိတ်ပျက်စရာတွေကို ချန်ခဲ့ပါလိမ့်မယ်။ ၃ ပွဲဆက်တိုက် ဂိုးမရသေးတာကြောင့် ဘန်လေကို ရင်ဆိုင်ကစားရမယ့်ပွဲမှာ ယာဂင်ကလော့ပ်အတွက် စိုးရိမ်စရာတွေ ဖြစ်နေလိမ့်မယ်။ ဒီပွဲမှာ စုဖွဲ့မှု ကောင်းမွန်နေသင့်တာကို အားလုံး သိကြပါတယ်။

လီဗာပူးက စိတ်ရှည်ဖို့ လိုပါမယ်။ ဒါပေမယ့်လို့ သူတို့မှာ ရှိတဲ့ အရည်အချင်းတွေကို ကွင်းထဲမှာ ထုတ်ပြပေမယ့် နောက်ထပ် ဂိုးမရှိ သရေပွဲ ထပ်ဖြစ်မယ်ဆိုရင်တော့ အံ့သြမိမှာပါပဲ။ ကျနော်ရဲ့ စိတ်ထဲမှာတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ လီဗာပူးက အနိုင်ရသွားပါလိမ့်မယ် ” ဆိုပြီး သုံးသပ်သွားခဲ့တယ်။

လီဗာပူးနဲ့ ဘန်လေပွဲမှာ အိမ်ရှင်က တစ်ဂိုးတည်းသော သွင်းဂိုးဖြင့် ကပ်နိုင်သွားမယ်လို့လည်း အိုဝင်က ခန့်မှန်းသွားပါတယ်။

ZAWGYI

ရလဒ္ေတြ မေကာင္းျဖစ္ေနတဲ့ လီဗာပူးက ပြဲၾကီးေတြ ေရာက္မလာေသးခင္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၉) အျဖစ္ ဘန္ေလကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ရလဒ္ေတြ ျပန္တက္လာဖို႔ ႏုိင္ပြဲေတြ ျပန္ရဖို႔ လိုအပ္ေနျပီး ဒါရဲ႕ အစဟာ ဘန္ေလပြဲျဖစ္လာမယ္လို႔ အိုဝင္က ေမွ်ာ္လင့္ေနတယ္။ ဒီအပတ္မွာ အသင္းေကာင္းအခ်ိဳ႔ ထိပ္တိုက္ေတြ႔ေနၾကတာျဖစ္လို႔ ႏုိင္ပြဲ ျပန္ယူႏုိင္မယ္ဆိုရင္ လီဗာပူးက အဆင့္ ၄ ေနရာကေန အထက္ကို တက္လာဖို႔ အခြင့္အေရး ရွိမွာျဖစ္တယ္။

ဒီပြဲမွာ ခံစစ္မွဴး မာတစ္ ျပန္ပါမယ္လို႔ သိထားရေပမယ့္ တိုက္စစ္သမား ဂ်ိဳတာ ပါဝင္ႏုိင္ဦးမွာေတာ့ မဟုတ္ပါဘူး။ အဲ့တာကလြဲရင္ ထူးထူးျခားျခား ဒဏ္ရာ ျပႆနာ မရွိတာ ျဖစ္ပါတယ္။

အိုဝင္က ” ယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့ သီတင္းပတ္အကုန္ပြဲဟာ လီဗာပူးအတြက္ စိတ္ပ်က္စရာေတြကို ခ်န္ခဲ့ပါလိမ့္မယ္။ ၃ ပြဲဆက္တိုက္ ဂိုးမရေသးတာေၾကာင့္ ဘန္ေလကို ရင္ဆိုင္ကစားရမယ့္ပြဲမွာ ယာဂင္ကေလာ့ပ္အတြက္ စိုးရိမ္စရာေတြ ျဖစ္ေနလိမ့္မယ္။ ဒီပြဲမွာ စုဖြဲ႔မႈ ေကာင္းမြန္ေနသင့္တာကို အားလံုး သိၾကပါတယ္။

လီဗာပူးက စိတ္ရွည္ဖို႔ လိုပါမယ္။ ဒါေပမယ့္လို႔ သူတို႔မွာ ရွိတဲ့ အရည္အခ်င္းေတြကို ကြင္းထဲမွာ ထုတ္ျပေပမယ့္ ေနာက္ထပ္ ဂိုးမရွိ သေရပြဲ ထပ္ျဖစ္မယ္ဆိုရင္ေတာ့ အံ့ၾသမိမွာပါပဲ။ က်ေနာ္ရဲ႕ စိတ္ထဲမွာေတာ့ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ လီဗာပူးက အႏုိင္ရသြားပါလိမ့္မယ္ ” ဆိုျပီး သံုးသပ္သြားခဲ့တယ္။

လီဗာပူးနဲ႔ ဘန္ေလပြဲမွာ အိမ္ရွင္က တစ္ဂိုးတည္းေသာ သြင္းဂိုးျဖင့္ ကပ္ႏုိင္သြားမယ္လို႔လည္း အိုဝင္က ခန္႔မွန္းသြားပါတယ္။