လီဗာပူးနဲ့ ဘိုင်ယန်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျာမာန်သား ကွင်းလယ်လူဟောင်း ဟားမန်းက ဒီရာသီ လီဗာပူးအသစ်ခေါ်ယူထားတဲ့ သီယာဂိုရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ သဘောမတွေ့ကြောင်း ထုတ်ပြောခဲ့ပါပြီ။

လီဗာပူးကစားသမားဟောင်းက အသင်းဟာ ကောင်တာတိုက်စစ်ကို အဓိက ကစားတဲ့ အသင်းဖြစ်ပြီး ကွင်းလယ်လူတွေက ဘောလုံးရလာခဲ့ရင် မာနေးနဲ့ ဆာလာလို တောင်ပံသမားတွေကို ခပ်မြန်မြန် ဘောလုံးပေးတဲ့ အသင်းဖြစ်တယ်။ သီယာဂိုကတော့ ဘောလုံးရလာခဲ့ရင် တန်းမပေးဘဲ ကိုင်ထားကာ ကစားကွက် ခင်းကျင်းလိုတတ်သူဖြစ်ကြောင်း ထောက်ပြပါတယ်။

သီယာဂိုက ကစားသမားကောင်းဖြစ်ပေမယ့် ခြားနားတဲ့ ကစားဟန်ကို ကောင်တာတိုက်စစ် အသင်းထဲ ထည့်ခဲ့ချိန်မှာ အံမဝင်မှုတွေ ဖြစ်လာရတယ်လို့ ဟားမန်းက သုံးသပ်ခဲ့တယ်။

ဟားမန်းက ” သီယာဂိုက နှေးသွားအောင် လုပ်နေပြီး လီဗာပူးကစားလိုတဲ့ နည်းလမ်းအတိုင်း ကစားပေးနေတာ မဟုတ်ပါဘူး။ အတိတ်တုန်းက လီဗာပူးက လှုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပြီး သီယာဂိုလို စကေးကောင်းတဲ့ သူမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် လီဗာပူးရဲ့ ကွင်းလယ်လူတွေက မာနေးနဲ့ ဆာလာတို့ကို ဘောလုံးပေးနိုင်ပါတယ်။

တောင်ပံသမားတွေက ဘောလုံးကို ခပ်စောစောရရင် ခပ်မြန်မြန် ပြေးထွက်မှုတွေ လုပ်နိုင်တယ်။ သူတို့က ရပ်တန့်ရ ခက်ခဲတဲ့ ကစားသမားတွေပါ။

လီဗာပူးကို သီယာဂို ရောက်လာချိန်မှာ အားလုံးက သူ့အကြောင်းတွေ ပြောနေခဲ့တယ်။ ချယ်ဆီးနဲ့ပွဲမှာ ဒုတိယပိုင်း သူဝင်ကစားခဲ့ပြီး အဲ့တုန်းက ချယ်ဆီးက ၁၀ ယောက်ကျန်နဲ့ ကစားနေတာပါ။ နယူးကာဆယ်ပွဲ နောက်ဆုံး ၂၅ မိနစ်မှာ သီယာဂို ဝင်လာတယ်ဆိုပေမယ့် နယူးကာဆယ်က သက်လုံကျနေခဲ့ပြီး လူတိုင်းက သီယာဂို သိပ်ကောင်းတယ် ပြောကြတယ်။

သီယာဂိုက သိပ်ကောင်းတဲ့ စကေးရှိ ကစားသမားပါ။ ဒါပေမယ့် မြူနစ်မှာ လူတိုင်းက သီယာဂိုက ပွဲထွက်လူစာရင်းမှာ ထိပ်ဆုံးက ပါရသင့်သူလို့ မပြောကြပါဘူး။ နောက်ပြီး သီယာဂိုက ခြားနားတဲ့ ဘောလုံးကစားဟန်ကို ကစားသူဖြစ်ပြီး သူက ပိုင်ဆိုင်မှုနဲ့ ကစားရတာကို ပိုကြိုက်ပါတယ်။

လီဗာပူးက ပိုင်ဆိုင်မှု မရှိချိန်မှာ ဘောလုံးကို ခပ်မြန်မြန် ရယူပြီး တိုက်စစ် အမြန်ကစားရာမှာ ကောင်းတဲ့ အသင်းပါ။ သီယာဂိုက အဲ့လို ကစားသမား မဟုတ်ပါဘူး။ ဒီတော့ သူ ပိုပြီး ကစားခွင့် ရလာချိန်မှာ လီဗာပူးရဲ့ ကစားဟန်ကို ဘယ်လို ပြောင်းလဲစေမလဲဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဘိုင္ယန္အသင္းေတြမွာ ကစားခဲ့တဲ့ ဂ်ာမာန္သား ကြင္းလယ္လူေဟာင္း ဟားမန္းက ဒီရာသီ လီဗာပူးအသစ္ေခၚယူထားတဲ့ သီယာဂိုရဲ႕ ေျခစြမ္းနဲ႔ ပက္သက္လို႔ သေဘာမေတြ႔ေၾကာင္း ထုတ္ေျပာခဲ့ပါျပီ။

လီဗာပူးကစားသမားေဟာင္းက အသင္းဟာ ေကာင္တာတိုက္စစ္ကို အဓိက ကစားတဲ့ အသင္းျဖစ္ျပီး ကြင္းလယ္လူေတြက ေဘာလံုးရလာခဲ့ရင္ မာေနးနဲ႔ ဆာလာလို ေတာင္ပံသမားေတြကို ခပ္ျမန္ျမန္ ေဘာလံုးေပးတဲ့ အသင္းျဖစ္တယ္။ သီယာဂိုကေတာ့ ေဘာလံုးရလာခဲ့ရင္ တန္းမေပးဘဲ ကိုင္ထားကာ ကစားကြက္ ခင္းက်င္းလိုတတ္သူျဖစ္ေၾကာင္း ေထာက္ျပပါတယ္။

သီယာဂိုက ကစားသမားေကာင္းျဖစ္ေပမယ့္ ျခားနားတဲ့ ကစားဟန္ကို ေကာင္တာတိုက္စစ္ အသင္းထဲ ထည့္ခဲ့ခ်ိန္မွာ အံမဝင္မႈေတြ ျဖစ္လာရတယ္လို႔ ဟားမန္းက သံုးသပ္ခဲ့တယ္။

ဟားမန္းက ” သီယာဂိုက ေႏွးသြားေအာင္ လုပ္ေနျပီး လီဗာပူးကစားလိုတဲ့ နည္းလမ္းအတုိင္း ကစားေပးေနတာ မဟုတ္ပါဘူး။ အတိတ္တုန္းက လီဗာပူးက လႈပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္လူေတြကို ပိုင္ဆိုင္ထားျပီး သီယာဂိုလို စေကးေကာင္းတဲ့ သူမ်ိဳး မရွိခဲ့ဘူး။ ဒါေပမယ့္ လီဗာပူးရဲ႕ ကြင္းလယ္လူေတြက မာေနးနဲ႔ ဆာလာတို႔ကို ေဘာလံုးေပးႏုိင္ပါတယ္။

ေတာင္ပံသမားေတြက ေဘာလံုးကို ခပ္ေစာေစာရရင္ ခပ္ျမန္ျမန္ ေျပးထြက္မႈေတြ လုပ္ႏုိင္တယ္။ သူတို႔က ရပ္တန္႔ရ ခက္ခဲတဲ့ ကစားသမားေတြပါ။

လီဗာပူးကို သီယာဂို ေရာက္လာခ်ိန္မွာ အားလံုးက သူ႔အေၾကာင္းေတြ ေျပာေနခဲ့တယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာ ဒုတိယပိုင္း သူဝင္ကစားခဲ့ျပီး အဲ့တုန္းက ခ်ယ္ဆီးက ၁၀ ေယာက္က်န္နဲ႔ ကစားေနတာပါ။ နယူးကာဆယ္ပြဲ ေနာက္ဆံုး ၂၅ မိနစ္မွာ သီယာဂို ဝင္လာတယ္ဆိုေပမယ့္ နယူးကာဆယ္က သက္လံုက်ေနခဲ့ျပီး လူတိုင္းက သီယာဂို သိပ္ေကာင္းတယ္ ေျပာၾကတယ္။

သီယာဂိုက သိပ္ေကာင္းတဲ့ စေကးရွိ ကစားသမားပါ။ ဒါေပမယ့္ ျမဴနစ္မွာ လူတိုင္းက သီယာဂိုက ပြဲထြက္လူစာရင္းမွာ ထိပ္ဆံုးက ပါရသင့္သူလို႔ မေျပာၾကပါဘူး။ ေနာက္ျပီး သီယာဂိုက ျခားနားတဲ့ ေဘာလံုးကစားဟန္ကို ကစားသူျဖစ္ျပီး သူက ပိုင္ဆိုင္မႈနဲ႔ ကစားရတာကို ပိုၾကိဳက္ပါတယ္။

လီဗာပူးက ပိုင္ဆိုင္မႈ မရွိခ်ိန္မွာ ေဘာလံုးကို ခပ္ျမန္ျမန္ ရယူျပီး တိုက္စစ္ အျမန္ကစားရာမွာ ေကာင္းတဲ့ အသင္းပါ။ သီယာဂိုက အဲ့လို ကစားသမား မဟုတ္ပါဘူး။ ဒီေတာ့ သူ ပိုျပီး ကစားခြင့္ ရလာခ်ိန္မွာ လီဗာပူးရဲ႕ ကစားဟန္ကို ဘယ္လို ေျပာင္းလဲေစမလဲဆိုတာက စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ ” လို႔ ဆိုသြားခဲ့ပါတယ္။