ဂျပန်တိုက်စစ်သမား တာကူမီ မီနာမီနိုဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ပဲလေစ့်ကို အနိုင်ရတဲ့ ခရစ္စမတ်မတိုင်ခင် အမှတ်ပေးပွဲမှာ သွင်းယူခဲ့တယ်။

ပရီးမီးယားလိဂ်မှာ ချီးကျူးသံ သောသောညံခဲ့တဲ့ အဆိုပါပွဲမှာ တာကီက အရေးပါတဲ့ နေရာက ခြေစွမ်းပြခဲ့တယ်။ ဒါပေမယ့်လို့ ၇-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ အဆိုပါပွဲအပြီး လီဗာပူးက ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၄ နေရာထိ ကျဆင်းလာခဲ့ပါတယ်။

နောက်ပြီး အဆိုပါ ၄ ပွဲလုံးမှာ မီနာမီနိုက ပွဲကစားခွင့် ၁ မိနစ်တောင် မရတော့ဘူး။ အသက် ၂၆ နှစ်အရွယ် ကစားသမားက ဒဏ်ရာပြဿနာ မရှိသလို၊ ကြံ့ခိုင်မှုမှာလည်း ပြဿနာ မရှိတာကို လေ့ကျင့်ရေးမှာ သူပါဝင်နိုင်မှုတွေအရ မြင်နိုင်တယ်။ ဒါပေမယ့်လို့ သူ့ကို လုံးဝ ထုတ်သုံးလာခြင်း မရှိတော့တာက အံ့သြစရာ အခြေအနေဖြစ်ပါတယ်။

မီနာမီနိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲချိန် ၂၈၀ မိနစ်ပဲ ကစားထားရတယ်။ ဒဏ်ရာ ပြဿနာတွေ များနေတဲ့ လီဗာပူးအသင်းမှာ ကြံ့ခိုင်မှု ကောင်းနေတဲ့ မီနာမီနို ပါဝင်ရချိန်တွေကလည်း ပွဲချိန် ၈၃ မိနစ်နဲ့ အဲ့နောက်ပိုင်း မိနစ်တွေမှာသာ ဖြစ်ပါတယ်။

ကြားရက်က အက်ဖ်အေပွဲဖြစ်တဲ့ အက်စတွန်ဗီလာပွဲမှာ မီနာမီနို ပြန်ပါနိုင်ခဲ့ပေမယ့် သူက ခြေစွမ်းကောင်းတွေ မပြသနိုင်ဘူး။ ဒါပေမယ့်လည်း ဝိုက်နယ်ဒမ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့တယ်။

မီနာမီနိုဟာ လီဗာပူးအတွက် ကစားပေးခွင့်တွေ ရလာချိန်မှာလည်း ကွင်းလယ်တိုက်စစ်၊ တောင်ပံတိုက်စစ်တွေမှာ ကစားပေးနေရပြီး အခုချိန်ထိ သူ့ရဲ့ အကောင်းဆုံး နေရာကို ကလော့ပ်က စီစဉ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ နေရာစုံ ကစားနိုင်ခြင်းကလည်း သူ့ကို လီဗာပူးက ခေါ်ယူခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။

လီဗာပူးတိုက်စစ်က သွင်းဂိုးအတွက် ရုန်းကန်ရမှုတွေ ရှိလာနေသလို ဖာမင်နိုကလည်း ပုံမှန်ခြေစွမ်းမှာ ရှိမနေဘူး။ ယူနိုက်တက်ပွဲမှာတော့ ဖာမင်နိုနေရာ အစားဝင်ဖို့ ကလော့ပ်က အိုရီဂီကို ရွေးချယ်ခဲ့ပြီး ဘယ်ဂျီယံသားရဲ့ ပွဲဆက်ပြတ်မှုက မီနာမီနိုထက်တောင် ပိုဆိုးသေးတဲ့ အနေအထားဖြစ်တယ်။

ပဲလေစ့်နဲ့ပွဲမှာ မီနာမီနိုက တိုက်စစ်ပိုင်း တစ်နေရာအတွက် ပါဝင်ပေးခဲ့ပြီး ဖာမင်နိုက ကွင်းလယ်ကို ဆင်းကစားကူခဲ့ကာ မာနေးက ညာခြမ်းက ပွဲထွက်ခဲ့တယ်။ သူတို့အားလုံး ဂိုးသွင်းနိုင်ခဲ့ပြီး လူစားဝင် ကစားသမားအဖြစ် ဆာလာ ပါဝင်လာချိန်မှာ ဂိုးတွေရဖို့ ပိုမို လွယ်ကူလာခဲ့တယ်။

ဒီနောက်ပိုင်း လီဗာပူးတိုက်စစ် သွင်းဂိုးရဖို့ ခက်ခဲနေချိန်မှာ မီနာမီနို လုံးဝ ပါဝင်ခွင့်မရခဲ့ဘဲ ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲအပြင် အက်ဖ်အေပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ပွဲတွေမှာ သူပါဝင် ကစားခွင့် ရမလားဆိုတာက အမေးများတဲ့ မေးခွန်းတစ်ခု ဖြစ်နေခဲ့ပါတယ်။

ZAWGYI

ဂ်ပန္တိုက္စစ္သမား တာကူမီ မီနာမီႏိုဟာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုး ပရီးမီးယားလိဂ္သြင္းဂိုးကို ပဲေလစ့္ကို အႏုိင္ရတဲ့ ခရစၥမတ္မတိုင္ခင္ အမွတ္ေပးပြဲမွာ သြင္းယူခဲ့တယ္။

ပရီးမီးယားလိဂ္မွာ ခ်ီးက်ဴးသံ ေသာေသာညံခဲ့တဲ့ အဆိုပါပြဲမွာ တာကီက အေရးပါတဲ့ ေနရာက ေျခစြမ္းျပခဲ့တယ္။ ဒါေပမယ့္လို႔ ၇-၀ ျဖင့္ ဂိုးျပတ္ အႏုိင္ရခဲ့ အဆိုပါပြဲအျပီး လီဗာပူးက ပရီးမီးယားလိဂ္ပြဲ ၄ ပြဲမွာ ၁ ဂိုးပဲ သြင္းႏုိင္ခဲ့ကာ အမွတ္ေပးဇယား အဆင့္ ၄ ေနရာထိ က်ဆင္းလာခဲ့ပါတယ္။

ေနာက္ျပီး အဆိုပါ ၄ ပြဲလံုးမွာ မီနာမီႏိုက ပြဲကစားခြင့္ ၁ မိနစ္ေတာင္ မရေတာ့ဘူး။ အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားက ဒဏ္ရာျပႆနာ မရွိသလို၊ ၾကံ႔ခိုင္မႈမွာလည္း ျပႆနာ မရွိတာကို ေလ့က်င့္ေရးမွာ သူပါဝင္ႏုိင္မႈေတြအရ ျမင္ႏုိင္တယ္။ ဒါေပမယ့္လို႔ သူ႔ကို လံုးဝ ထုတ္သံုးလာျခင္း မရွိေတာ့တာက အံ့ၾသစရာ အေျခအေနျဖစ္ပါတယ္။

မီနာမီႏိုဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပြဲခ်ိန္ ၂၈၀ မိနစ္ပဲ ကစားထားရတယ္။ ဒဏ္ရာ ျပႆနာေတြ မ်ားေနတဲ့ လီဗာပူးအသင္းမွာ ၾကံ႔ခိုင္မႈ ေကာင္းေနတဲ့ မီနာမီႏို ပါဝင္ရခ်ိန္ေတြကလည္း ပြဲခ်ိန္ ၈၃ မိနစ္နဲ႔ အ့ဲေနာက္ပိုင္း မိနစ္ေတြမွာသာ ျဖစ္ပါတယ္။

ၾကားရက္က အက္ဖ္ေအပြဲျဖစ္တဲ့ အက္စတြန္ဗီလာပြဲမွာ မီနာမီႏို ျပန္ပါႏုိင္ခဲ့ေပမယ့္ သူက ေျခစြမ္းေကာင္းေတြ မျပသႏုိင္ဘူး။ ဒါေပမယ့္လည္း ဝိုက္နယ္ဒမ္ရဲ႕ သြင္းဂိုးအတြက္ ဖန္တီးမႈ လုပ္ေပးႏုိင္ခဲ့တယ္။

မီနာမီႏိုဟာ လီဗာပူးအတြက္ ကစားေပးခြင့္ေတြ ရလာခ်ိန္မွာလည္း ကြင္းလယ္တိုက္စစ္၊ ေတာင္ပံတိုက္စစ္ေတြမွာ ကစားေပးေနရျပီး အခုခ်ိန္ထိ သူ႔ရဲ႕ အေကာင္းဆံုး ေနရာကို ကေလာ့ပ္က စီစဥ္ေပးႏုိင္ျခင္း မရွိေသးပါဘူး။ ေနရာစံု ကစားႏုိင္ျခင္းကလည္း သူ႔ကို လီဗာပူးက ေခၚယူခဲ့ျခင္းရဲ႕ အဓိက အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

လီဗာပူးတိုက္စစ္က သြင္းဂိုးအတြက္ ရုန္းကန္ရမႈေတြ ရွိလာေနသလို ဖာမင္ႏိုကလည္း ပံုမွန္ေျခစြမ္းမွာ ရွိမေနဘူး။ ယူႏုိက္တက္ပြဲမွာေတာ့ ဖာမင္ႏိုေနရာ အစားဝင္ဖို႔ ကေလာ့ပ္က အိုရီဂီကို ေရြးခ်ယ္ခဲ့ျပီး ဘယ္ဂ်ီယံသားရဲ႕ ပြဲဆက္ျပတ္မႈက မီနာမီႏိုထက္ေတာင္ ပိုဆိုးေသးတဲ့ အေနအထားျဖစ္တယ္။

ပဲေလစ့္နဲ႔ပြဲမွာ မီနာမီႏိုက တိုက္စစ္ပိုင္း တစ္ေနရာအတြက္ ပါဝင္ေပးခဲ့ျပီး ဖာမင္ႏိုက ကြင္းလယ္ကို ဆင္းကစားကူခဲ့ကာ မာေနးက ညာျခမ္းက ပြဲထြက္ခဲ့တယ္။ သူတို႔အားလံုး ဂိုးသြင္းႏုိင္ခဲ့ျပီး လူစားဝင္ ကစားသမားအျဖစ္ ဆာလာ ပါဝင္လာခ်ိန္မွာ ဂိုးေတြရဖို႔ ပိုမို လြယ္ကူလာခဲ့တယ္။

ဒီေနာက္ပိုင္း လီဗာပူးတိုက္စစ္ သြင္းဂိုးရဖို႔ ခက္ခဲေနခ်ိန္မွာ မီနာမီႏို လံုးဝ ပါဝင္ခြင့္မရခဲ့ဘဲ ဘန္ေလနဲ႔ ပရီးမီးယားလိဂ္ပြဲအျပင္ အက္ဖ္ေအပြဲအျဖစ္ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္ပြဲေတြမွာ သူပါဝင္ ကစားခြင့္ ရမလားဆိုတာက အေမးမ်ားတဲ့ ေမးခြန္းတစ္ခု ျဖစ္ေနခဲ့ပါတယ္။