လီဗာပူးတိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်က ဆာလာဟာ ဒီနောက်ပိုင်းမှာ ပိုမို တစ်ကိုယ်ကောင်းဆန်လာနေပြီး သူက ရွှေဖိနပ်ဆုအတွက်ပဲ အာရုံစိုက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဂျာမနီသတင်းထောက် Christian Falk က ဘိုင်ယန်ခံစစ်သမား အလာဘာကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ရေပန်းစားနေပေမယ့် လီဗာပူးဘက်ကလည်း ကြိုးစားဆဲ အနေအထားဖြစ်ကြောင်း ထုတ်ပြောပါတယ်။

လီဗာပူးနဲ့ ဘန်လေပွဲကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒင်းက တာဝန်ယူမှာဖြစ်ပြီး VAR ဒိုင်အဖြစ်တော့ လီမာဆန်က တာယန်ယူသွားပါမယ်။

နွေမှာ လီဗာပူးက ဝိုက်နယ်ဒမ် ထွက်ခွာသွားမှာဖြစ်ကာ အသင်းက ဗဟိုခံစစ်မှူး တစ်ဦးကို သေချာပေါက် ခေါ်ယူအားဖြည့်ဖို့ စီစဉ်ထားတယ်လို့ The Times က ဖော်ပြပါတယ်။

လီဗာပူးအသင်းက ဆာလာ၊ မာနေး၊ ဖာဘင်ညိုနဲ့ ဗန်ဒိုက်တို့ကို အလောတကြီး စာချုပ်သစ်တွေ ပေးမှာ မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်နေဆဲလို့ သိရပါတယ်။

ယူနိုက်တက်ပွဲမှာ ဖာမင်နိုဟာ ဝေဖန်မှုတွေ အများကြီး ရခဲ့ပေမယ့် အခွင့်အရေး မရခဲ့တာ မဟုတ်ဘဲ ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းကို သူလွဲချော်ခဲ့တာအတွက် အံ့သြမိတယ်လို့ ကလော့ပ်က ဝန်ခံပါတယ်။

ပဲလေစ့်ကို ၇-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ ပွဲအပြီး လီဗာပူး ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ မီနာမီနိုကို တစ်မိနစ်တောင် ကစားခွင့် မပေးတဲ့အပေါ် ပရိသတ်တွေက မေးခွန်း ထုတ်လာခဲ့ကြပါပြီ။

လီဗာပူးနဲ့ ဘိုင်ယန်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျာမာန်သား ကွင်းလယ်လူဟောင်း ဟားမန်းက ဒီရာသီ လီဗာပူးအသစ်ခေါ်ယူထားတဲ့ သီယာဂိုဟာ အသင်းရဲ့ ပိုင်ဆိုင်မှု အသားပေး ကစားရာမှာ အံဝင်သူဖြစ်ပြီး ကောင်တာတိုက်စစ် အနေအထားအတွက် သက်ရောက်မှု နည်းနေသေးတယ်လို့ ထောက်ပြပါတယ်။

လီဗာပူးကွင်းလယ်လူ သီယာဂိုက အသင်းရဲ့ ရမှတ်တွေ အပြည့် မယူနိုင်တဲ့ အနေအထားအတွက် အသင်းဖော်တွေကလည်း ကျေနပ် အားရမှု မရှိပါဘူးလို့ ဝန်ခံပါတယ်။ ဇယားထိပ်ကို ပြန်ရောက်လိုတယ်ဆိုရင် အကောင်းဆုံးတွေ လုပ်နိုင်စွမ်း ရှိရမယ်လို့ သူက ဆိုခဲ့ပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး နောက်တစ်ကြိမ် ထုတ်ပြောခဲ့ပြီဖြစ်ကာ အားလုံးက ကလပ်ရဲ့ လက်ထဲမှာပါလို့ ထုတ်ပြောပြန်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္း မိုက္ကယ္အိုဝင္က ဆာလာဟာ ဒီေနာက္ပိုင္းမွာ ပိုမို တစ္ကိုယ္ေကာင္းဆန္လာေနျပီး သူက ေရႊဖိနပ္ဆုအတြက္ပဲ အာရံုစိုက္ေနတယ္လို႔ ေဝဖန္ခဲ့ပါတယ္။

ဂ်ာမနီသတင္းေထာက္ Christian Falk က ဘိုင္ယန္ခံစစ္သမား အလာဘာကို ရီးရဲလ္မက္ဒရစ္က ေခၚယူဖို႔ ေရပန္းစားေနေပမယ့္ လီဗာပူးဘက္ကလည္း ၾကိဳးစားဆဲ အေနအထားျဖစ္ေၾကာင္း ထုတ္ေျပာပါတယ္။

လီဗာပူးနဲ႔ ဘန္ေလပြဲကို ကြင္းလယ္ဒိုင္အျဖစ္ မိုက္ဒင္းက တာဝန္ယူမွာျဖစ္ျပီး VAR ဒိုင္အျဖစ္ေတာ့ လီမာဆန္က တာယန္ယူသြားပါမယ္။

ေႏြမွာ လီဗာပူးက ဝိုက္နယ္ဒမ္ ထြက္ခြာသြားမွာျဖစ္ကာ အသင္းက ဗဟိုခံစစ္မွဴး တစ္ဦးကို ေသခ်ာေပါက္ ေခၚယူအားျဖည့္ဖို႔ စီစဥ္ထားတယ္လို႔ The Times က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းက ဆာလာ၊ မာေနး၊ ဖာဘင္ညိဳနဲ႔ ဗန္ဒိုက္တို႔ကို အေလာတၾကီး စာခ်ဳပ္သစ္ေတြ ေပးမွာ မဟုတ္ဘဲ အေျခအေနကို ေစာင့္ၾကည့္ေနဆဲလို႔ သိရပါတယ္။

ယူႏုိက္တက္ပြဲမွာ ဖာမင္ႏိုဟာ ေဝဖန္မႈေတြ အမ်ားၾကီး ရခဲ့ေပမယ့္ အခြင့္အေရး မရခဲ့တာ မဟုတ္ဘဲ ဂိုးရႏုိင္တဲ့ အခြင့္အေရးေကာင္းကို သူလြဲေခ်ာ္ခဲ့တာအတြက္ အံ့ၾသမိတယ္လို႔ ကေလာ့ပ္က ဝန္ခံပါတယ္။

ပဲေလစ့္ကို ၇-၀ ျဖင့္ ဂိုးျပတ္ အႏုိင္ရခဲ့ ပြဲအျပီး လီဗာပူး ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲ ၄ ပြဲမွာ မီနာမီႏိုကို တစ္မိနစ္ေတာင္ ကစားခြင့္ မေပးတဲ့အေပၚ ပရိသတ္ေတြက ေမးခြန္း ထုတ္လာခဲ့ၾကပါျပီ။

လီဗာပူးနဲ႔ ဘိုင္ယန္အသင္းေတြမွာ ကစားခဲ့တဲ့ ဂ်ာမာန္သား ကြင္းလယ္လူေဟာင္း ဟားမန္းက ဒီရာသီ လီဗာပူးအသစ္ေခၚယူထားတဲ့ သီယာဂိုဟာ အသင္းရဲ႕ ပိုင္ဆုိင္မႈ အသားေပး ကစားရာမွာ အံဝင္သူျဖစ္ျပီး ေကာင္တာတိုက္စစ္ အေနအထားအတြက္ သက္ေရာက္မႈ နည္းေနေသးတယ္လို႔ ေထာက္ျပပါတယ္။

လီဗာပူးကြင္းလယ္လူ သီယာဂိုက အသင္းရဲ႕ ရမွတ္ေတြ အျပည့္ မယူႏုိင္တဲ့ အေနအထားအတြက္ အသင္းေဖာ္ေတြကလည္း ေက်နပ္ အားရမႈ မရွိပါဘူးလို႔ ဝန္ခံပါတယ္။ ဇယားထိပ္ကို ျပန္ေရာက္လိုတယ္ဆိုရင္ အေကာင္းဆံုးေတြ လုပ္ႏုိင္စြမ္း ရွိရမယ္လို႔ သူက ဆိုခဲ့ပါတယ္။

လီဗာပူးတိုက္စစ္သမား ဆာလာက သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေနာက္တစ္ၾကိမ္ ထုတ္ေျပာခဲ့ျပီျဖစ္ကာ အားလံုးက ကလပ္ရဲ႕ လက္ထဲမွာပါလို႔ ထုတ္ေျပာျပန္ပါတယ္။