အင်္ဂလန်လက်ရွေးစင် တိုက်စစ်သမား ဒန်နီအင့်ဟာ ဒီနွေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး စိန့်နဲ့ စာချုပ်သစ်ကိစ္စကို ဆိုင်းငံ့ထားကာ သူ့ရလာမယ့် အခွင့်အရေးကို စောင့်ဖို့ ပြင်ဆင်နေပါတယ်။

The Telegraph မှ အကြီးတန်း သတင်းထောက် Sam Wallace က မနှစ်ကရာသီ ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်းယူခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားက စိန့်ရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်လာနိုင်တယ်။ ဒီရာသီမှာ ဆောက်သမ်တန်အတွက် ၁၄ ပွဲအတွင်း ၇ ဂိုး သွင်းထားတဲ့ အင့်ကို စိန့်ဘက်က ၄ နှစ် သက်တမ်းတိုးစာချုပ် ပေးမယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့်လို့ စိန့်ဟာ ကစားသမားရဲ့ လုပ်ခကို ပေးချေဖို့က သူတို့အသင်းရဲ့ စံချိန်တင် လုပ်ခ ဖြစ်မယ့်အပြင် လုပ်ခပိုင်း အကန့်အသတ်လည်း ရှိလာလို့ ဈေးကွက် နောက်တစ်ကြိမ် ဖွင့်တဲ့အခါ ရောင်းထုတ်သွားဖို့ကို ဦးတည်လာနိုင်တာပါ။

မန်နေဂျာ ဟက်ဆန်ဟက် ကိုယ်တိုင်က စာချုပ်သစ် သဘောတူညီမှုရမယ်ဆိုရင် သိပ်ကောင်းမှာဖြစ်ပေမယ့် အင့်က လက်မှတ်မထိုးဘဲ စိန်ခေါ်မှုသစ်တွေအတွက် ထွက်ခွာသွားရင်လည်း လက်ခံပေးရမယ့် သဘော ပြောဆိုလာတယ်။

၂၀၁၅ မှာ လီဗာပူးအသင်းနဲ့ လက်မှတ်ထိုးခဲ့ပေပမယ့် ပထမဆုံး ရာသီမှာပဲ ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တယ်။ နောက်ထပ် ၁၃ လ အကြာမှာ ဒုတိယမြောက် ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။ ဒါကြောင့် ၂၀၁၇ မှာတော့ လီဗာပူးက သူ့ကို ဆောက်သမ်တန်ထံ ၂ ရာသီ အငှားဖြင့် အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းကာ ရောင်းထုတ်ခဲ့ခြင်းဖြစ်တယ်။

သူ့ကို ပြန်ခေါ်ယူမယ်ဆိုရင် လီဗာပူးဘက်က အသာရနိုင်မလား မသိရသေးပေမယ့် ယူနိုက်တက်၊ မန်စီးတီးအပြင် တိုက်စစ်ပိုင်း အားဖြည့်ဖို့ ရည်ရွယ်ချက်ရှိလာတဲ့ လီဗာပူးကပါ အင့်ကို ပြန်လည် စိတ်ဝင်စားလာနေပါတယ်။

ဒီရာသီအကုန်မှာ ဆောက်သမ်တန်နဲ့ အင့်ကြား စာချုပ်က ၁ နှစ်ပဲ ကျန်မှာဖြစ်ပြီး ကစားသမားက လီဗာပူးမဟုတ်တဲ့ အခြားအသင်းကို ပြောင်းမယ်ဆိုရင်တော့ မာဆေးဆိုဒ်အသင်းဟာ ကစားသမား ရောင်းချမှုရဲ့ ရာခိုင်းနှုန်း အချို့ကို အကျိုးခံစားခွင့် ရှိနေမှာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္လက္ေရြးစင္ တိုက္စစ္သမား ဒန္နီအင့္ဟာ ဒီေႏြမွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ကလပ္အသင္းတစ္သင္းထံ ေျပာင္းေရႊ႔မွာျဖစ္ျပီး စိန္႔နဲ႔ စာခ်ဳပ္သစ္ကိစၥကို ဆိုင္းငံ့ထားကာ သူ႔ရလာမယ့္ အခြင့္အေရးကို ေစာင့္ဖို႔ ျပင္ဆင္ေနပါတယ္။

The Telegraph မွ အၾကီးတန္း သတင္းေထာက္ Sam Wallace က မႏွစ္ကရာသီ ျပိဳင္ပြဲစံု ၂၅ ဂိုး သြင္းယူခဲ့တဲ့ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားက စိန္႔ရဲ႕ လုပ္ခအမ်ားဆံုး ကစားသမားျဖစ္လာႏုိင္တယ္။ ဒီရာသီမွာ ေဆာက္သမ္တန္အတြက္ ၁၄ ပြဲအတြင္း ၇ ဂိုး သြင္းထားတဲ့ အင့္ကို စိန္႔ဘက္က ၄ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးမယ္လို႔ ေဖာ္ျပပါတယ္။

ဒါေပမယ့္လို႔ စိန္႔ဟာ ကစားသမားရဲ႕ လုပ္ခကို ေပးေခ်ဖို႔က သူတို႔အသင္းရဲ႕ စံခ်ိန္တင္ လုပ္ခ ျဖစ္မယ့္အျပင္ လုပ္ခပိုင္း အကန္႔အသတ္လည္း ရွိလာလို႔ ေစ်းကြက္ ေနာက္တစ္ၾကိမ္ ဖြင့္တဲ့အခါ ေရာင္းထုတ္သြားဖို႔ကို ဦးတည္လာႏုိင္တာပါ။

မန္ေနဂ်ာ ဟက္ဆန္ဟက္ ကိုယ္တိုင္က စာခ်ဳပ္သစ္ သေဘာတူညီမႈရမယ္ဆိုရင္ သိပ္ေကာင္းမွာျဖစ္ေပမယ့္ အင့္က လက္မွတ္မထိုးဘဲ စိန္ေခၚမႈသစ္ေတြအတြက္ ထြက္ခြာသြားရင္လည္း လက္ခံေပးရမယ့္ သေဘာ ေျပာဆိုလာတယ္။

၂၀၁၅ မွာ လီဗာပူးအသင္းနဲ႔ လက္မွတ္ထိုးခဲ့ေပပမယ့္ ပထမဆံုး ရာသီမွာပဲ ျပင္းထန္တဲ့ ဒဏ္ရာ ရခဲ့တယ္။ ေနာက္ထပ္ ၁၃ လ အၾကာမွာ ဒုတိယေျမာက္ ဒဏ္ရာရရွိခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ ၂၀၁၇ မွာေတာ့ လီဗာပူးက သူ႔ကို ေဆာက္သမ္တန္ထံ ၂ ရာသီ အငွားျဖင့္ အျပီးသတ္ ဝယ္ယူခြင့္ ထည့္သြင္းကာ ေရာင္းထုတ္ခဲ့ျခင္းျဖစ္တယ္။

သူ႔ကို ျပန္ေခၚယူမယ္ဆိုရင္ လီဗာပူးဘက္က အသာရႏုိင္မလား မသိရေသးေပမယ့္ ယူႏုိက္တက္၊ မန္စီးတီးအျပင္ တိုက္စစ္ပိုင္း အားျဖည့္ဖို႔ ရည္ရြယ္ခ်က္ရွိလာတဲ့ လီဗာပူးကပါ အင့္ကို ျပန္လည္ စိတ္ဝင္စားလာေနပါတယ္။

ဒီရာသီအကုန္မွာ ေဆာက္သမ္တန္နဲ႔ အင့္ၾကား စာခ်ဳပ္က ၁ ႏွစ္ပဲ က်န္မွာျဖစ္ျပီး ကစားသမားက လီဗာပူးမဟုတ္တဲ့ အျခားအသင္းကို ေျပာင္းမယ္ဆိုရင္ေတာ့ မာေဆးဆိုဒ္အသင္းဟာ ကစားသမား ေရာင္းခ်မႈရဲ႕ ရာခိုင္းႏႈန္း အခ်ိဳ႔ကို အက်ိဳးခံစားခြင့္ ရွိေနမွာျဖစ္ပါတယ္။