လီဗာပူးအသင်းဟာ ဒီနွေမှာ ကိုစတက်ကို ခေါ်ယူအပြီး ဈေးကွက်ထဲ ဝင်လှုပ်ရှားမှု တိတ်ဆိတ်နေရင်းကပဲ သီယာဂိုနဲ့ ဂျိုတာတို့ကို ဆက်တိုက် ခေါ်ယူသွားခဲ့ပါတယ်။

သီယာဂိုကို ခေါ်ယူမှုက လီဗာပူးကွင်းလယ်မှာ မတူညီတဲ့ စကေးတွေကို ပေါင်းထည့်လိုခဲ့တာကြောင့်ဖြစ်သလို ဂျိုတာကို ခေါ်ယူခဲ့တာကတော့ အသင်းရဲ့ တိုးတက်မှုနဲ့ ပြိုင်ဘက်တွေရဲ့ တိုးတက်မှုကြား ကွာဟမှုမရှိစေဖို့ဖြစ်ပါတယ်။ The Times သတင်းထောက် Paul Joyce က အခုလို ထုတ်ဖော်ခဲ့တယ်။

Paul Joyce က ” ဖာမင်နိုရဲ့ အားထုတ်မှုကနေ အကျိုးအမြတ်ရမှု လျော့နည်းလာမယ်ဆိုတာကို ကလော့ပ်နဲ့ မိုက်ကယ်အတ်ဝပ်က ကြိုမြင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့က ဂျိုတာအတွက် ပေါင် ၄၁ သန်း ကုန်ကျမယ့် ခေါ်ယူမှုကို လှုပ်ရှားဖို့ ဆွေးနွေးပြီး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ” လို့ ဖော်ပြခဲ့တယ်။

ဒီရာသီဟာ ကိုဗစ်ကပ်ဘေးကြားက ဘောလုံးပွဲတွေကို ယှဉ်ပြိုင်နေခြင်းဖြစ်တယ်။ ကစားသမားတွေရဲ့ စိတ်ခံစားချက်နဲ့ ပွဲအပေါ်မှာ အာရုံစူးစိုက်မှုဟာ ယခင်ရာသီတွေနဲ့ ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား ကစားသမားတွေရဲ့ ရင်တွင်းခံစားချက်တွေက ဘယ်လိုလဲဆိုတာကို ကလော့ပ်တို့ပဲ သိမယ့် အနေအထားဖြစ်တယ်။

ကလော့ပ်က ” ကမ္ဘာအကောင်းဆုံး ကစားသမားကို ခေါ်ယူခဲ့ရင်တောင်မှ ချက်ခြင်း အလုပ်ဖြစ်မယ်လို့ မဆိုလိုပါဘူး။ အထိုင်ကျဖို့ အချိန်လိုပါတယ်။ အသင်းကို ရောက်လာပြီး ပွဲတွေအကြောင်း အားလုံးသိဖို့ဆိုရင် နည်းနည်းတော့ အချိန်ယူရပြီး ရုန်းကန်ရမှုတွေ ရှိမှာပါပဲ။

တစ်ခါတလေမှာ ကစားသမားတွေအတွက် အချိန်လိုတယ်။ အားလုံး နေသားကျလာမယ့် အနေအထား ရောက်လာဖို့ အချိန်တစ်ခုတော့လိုတယ်။ ဒီအတွက် ကျနော် မလောပါဘူး အားလုံး အံဝင်သွားမှာပါ။

ကျနော် သဘောကျတဲ့ ကစားသမားက ကိုယ်ဘာသာ ယုံကြည်ချက်ရှိရမယ် ဒါပေမယ့်လို့ အသင်းဖော်တွေ မရှိပါဘဲ ပွဲတွေမှာ ကိုယ်က ဘာကိုမှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်ရမယ်။ ဒီလို ကစားသမားကို ကျနော်အသင်းက လိုအပ်ပါတယ် ” လို့ ရော်ဘီဖော်လာနဲ့ ဆွေးနွေးမှုမှာ ထည့်ပြောခဲ့ပါတယ်။

ကလော့ပ် ပြောတဲ့ ကစားသမားမျိုးက ဒီရာသီ အသစ်ခေါ်ယူထားတဲ့ ဂျိုတာလို ကစားသမားမျိုးဆိုတာ မြင်သာပါတယ်။ ဂျိုတာဟာ ကိုယ်ဘာသာ ယုံကြည်မှုရှိတယ် နောက်ပြီး သူက အသင်းဖော်တွေရဲ့ ပံ့ပိုးပေးမှုကလည်း သူတိုးတက်ဖို့ အကျိုးဖြစ်တယ်ဆိုတာကို နားလည်တယ်။ ဒါကပဲ လီဗာပူးအသိုင်းအဝိုင်မှာ ဂျိုတာကို တွန်းတင်ပေးပြီး မျှော်လင့်လာရခြင်းရဲ့ အဓိက အချက်ပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ကိုစတက္ကို ေခၚယူအျပီး ေစ်းကြက္ထဲ ဝင္လႈပ္ရွားမႈ တိတ္ဆိတ္ေနရင္းကပဲ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို ဆက္တိုက္ ေခၚယူသြားခဲ့ပါတယ္။

သီယာဂိုကို ေခၚယူမႈက လီဗာပူးကြင္းလယ္မွာ မတူညီတဲ့ စေကးေတြကို ေပါင္းထည့္လိုခဲ့တာေၾကာင့္ျဖစ္သလို ဂ်ိဳတာကို ေခၚယူခဲ့တာကေတာ့ အသင္းရဲ႕ တိုးတက္မႈနဲ႔ ျပိဳင္ဘက္ေတြရဲ႕ တိုးတက္မႈၾကား ကြာဟမႈမရွိေစဖို႔ျဖစ္ပါတယ္။ The Times သတင္းေထာက္ Paul Joyce က အခုလို ထုတ္ေဖာ္ခဲ့တယ္။

Paul Joyce က ” ဖာမင္ႏိုရဲ႕ အားထုတ္မႈကေန အက်ိဳးအျမတ္ရမႈ ေလ်ာ့နည္းလာမယ္ဆိုတာကို ကေလာ့ပ္နဲ႔ မိုက္ကယ္အတ္ဝပ္က ၾကိဳျမင္ခဲ့ၾကတယ္။ ဒါေၾကာင့္ပဲ သူတို႔က ဂ်ိဳတာအတြက္ ေပါင္ ၄၁ သန္း ကုန္က်မယ့္ ေခၚယူမႈကို လႈပ္ရွားဖို႔ ေဆြးေႏြးျပီး လုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္ပါတယ္။ ” လို႔ ေဖာ္ျပခဲ့တယ္။

ဒီရာသီဟာ ကိုဗစ္ကပ္ေဘးၾကားက ေဘာလံုးပြဲေတြကို ယွဥ္ျပိဳင္ေနျခင္းျဖစ္တယ္။ ကစားသမားေတြရဲ႕ စိတ္ခံစားခ်က္နဲ႔ ပြဲအေပၚမွာ အာရံုစူးစိုက္မႈဟာ ယခင္ရာသီေတြနဲ႔ ကြာျခားမႈေတြ ရွိႏုိင္ပါတယ္။ အထူးသျဖင့္ ႏုိင္ငံျခားသား ကစားသမားေတြရဲ႕ ရင္တြင္းခံစားခ်က္ေတြက ဘယ္လိုလဲဆိုတာကို ကေလာ့ပ္တို႔ပဲ သိမယ့္ အေနအထားျဖစ္တယ္။

ကေလာ့ပ္က ” ကမၻာအေကာင္းဆံုး ကစားသမားကို ေခၚယူခဲ့ရင္ေတာင္မွ ခ်က္ျခင္း အလုပ္ျဖစ္မယ္လို႔ မဆိုလိုပါဘူး။ အထိုင္က်ဖို႔ အခ်ိန္လိုပါတယ္။ အသင္းကို ေရာက္လာျပီး ပြဲေတြအေၾကာင္း အားလံုးသိဖို႔ဆိုရင္ နည္းနည္းေတာ့ အခ်ိန္ယူရျပီး ရုန္းကန္ရမႈေတြ ရွိမွာပါပဲ။

တစ္ခါတေလမွာ ကစားသမားေတြအတြက္ အခ်ိန္လိုတယ္။ အားလံုး ေနသားက်လာမယ့္ အေနအထား ေရာက္လာဖို႔ အခ်ိန္တစ္ခုေတာ့လိုတယ္။ ဒီအတြက္ က်ေနာ္ မေလာပါဘူး အားလံုး အံဝင္သြားမွာပါ။

က်ေနာ္ သေဘာက်တဲ့ ကစားသမားက ကိုယ္ဘာသာ ယံုၾကည္ခ်က္ရွိရမယ္ ဒါေပမယ့္လို႔ အသင္းေဖာ္ေတြ မရွိပါဘဲ ပြဲေတြမွာ ကိုယ္က ဘာကိုမွ လုပ္ႏုိင္မွာ မဟုတ္ဘူးဆိုတာကိုလည္း နားလည္ရမယ္။ ဒီလို ကစားသမားကို က်ေနာ္အသင္းက လိုအပ္ပါတယ္ ” လို႔ ေရာ္ဘီေဖာ္လာနဲ႔ ေဆြးေႏြးမႈမွာ ထည့္ေျပာခဲ့ပါတယ္။

ကေလာ့ပ္ ေျပာတဲ့ ကစားသမားမ်ိဳးက ဒီရာသီ အသစ္ေခၚယူထားတဲ့ ဂ်ိဳတာလို ကစားသမားမ်ိဳးဆိုတာ ျမင္သာပါတယ္။ ဂ်ိဳတာဟာ ကိုယ္ဘာသာ ယံုၾကည္မႈရွိတယ္ ေနာက္ျပီး သူက အသင္းေဖာ္ေတြရဲ႕ ပံ့ပိုးေပးမႈကလည္း သူတိုးတက္ဖို႔ အက်ိဳးျဖစ္တယ္ဆိုတာကို နားလည္တယ္။ ဒါကပဲ လီဗာပူးအသိုင္းအဝိုင္မွာ ဂ်ိဳတာကို တြန္းတင္ေပးျပီး ေမွ်ာ္လင့္လာရျခင္းရဲ႕ အဓိက အခ်က္ပဲ ျဖစ္ပါလိမ့္မယ္။