၂၀၁၉ မှာ လီဗာပူးအသင်းက နယ်သာလန်ကလပ် PEC Zwolle ကနေ ပေါင် ၁.၃ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ နယ်သာလန်သား ခံစစ်သမား ဗန်ဒန်ဘတ်ချ်ဟာ အင်္ဂလန်မြေမှာ စတင် အသားကျလာခဲ့ပြီဖြစ်ပါတယ်။
မနှစ်တုန်းက စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခွင့်ရခဲ့သလို ၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဗန်ဒန်ဘတ်ချ်ဟာ မျှော်လင့်ထားသလို စွမ်းဆောင်ရည်တွေ မပြနိုင်ခဲ့ပါဘူး။ နယ်မြေသစ်မှာ ခြားနားတဲ့ ကစားဟန်တွေအောက် လေ့လာသင်ယူရင်း တိုးတက်မှုရှာခဲ့ရတဲ့ ဗန်ဒန်ဘတ်ချ်ဟာ စီနီယာအဆင့်အတွက် အဆင်မပြေသေးဘူးဆိုတာကို နည်းပြအဖွဲ့က နားလည်ခဲ့တယ်။
ဒါကြောင့်လည်း ဒီရာသီမှာတော့ သူကို ယူ-၂၃ အသင်းသားအဖြစ် သက်သက်မှတ်မှတ်ထားကာ လူငယ်အသင်းမှာပဲ လေ့ကျင့်ရေး ပွဲကစားစေခဲ့ပါတယ်။ ဘယ်ရီ လွီတက်ရဲ့အသင်းမှာ ဗန်ဒန်ဘတ်ချ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခိုင်မာလာခြင်းနဲ့အတူ တိုးတက်မှုတွေ ပြန်ရလာခဲ့ပြီး ယုံကြည်မှုတွေလည်း တိုးပွားလာခဲ့ပါတယ်။
တနင်္လာနေ့က အဲဗာတန်ကို ၁-၁ သရေကျတဲ့ လူငယ်ပွဲမှာတော့ ဗန်ဒန်ဘတ်ချ်ဟာ ပွဲရဲ့ အကောင်းဆုံး ခြေစွမ်းတင် မဟုတ်ဘဲ အသင်းဖော်ဖြစ်တဲ့ ကိုမတ်တီယိုကိုပါ သူနဲ့အတူ အသားကျအောင် ကူညီကာ ကစားပေးနိုင်စွမ်းတွေ ပြသခဲ့တယ်။
ဘယ်ရီ လွီတက်က “ ဆပ်က သိပ်ကို ထူးချွန်ပါတယ်။ သူက ခံစစ်ကာကွယ်မှုမှာ ထူးချွန်သလို ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုမှာလည်း ကစားနိုင်တယ်။ ကျနော်တို့ ဆပ်ကနေ အများကြီး လုပ်လို့ရတယ်။
သူက ကျနေ်ာတို့အတွက် အတော်လေး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေလည်း ပြသနေတယ်။ ယုံကြည်မှုက သိပ်ကောင်းနေပြီး သိပ်ကောင်းတဲ့ တည်ငြိမ်မှုအဆင့်မှာ ကစားနေတာပါ။ ဆပ်က သွေးအေးတယ်၊ သူ့ရဲ့ တည်ငြိမ်မှုလည်း အသင်းဖော် ဘီလီကို ပွဲတွေမှာ အကောင်းဆုံး ကစားနိုင်ဖို့ အကူအညီ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ၁၉ နှစ်သား ခံစစ်မှူး ဆပ် ဗန်ဒန်ဘတ်ချ်ကို စီနီယာအဆင့် အတွေ့အကြုံတွေအတွက် အစီအစဉ်တွေ လုပ်ပေးဖို့ စဉ်းစားနေပါတယ်။ အခုဆိုရင် ဆပ်ကို ခေါ်ယူဖို့ ဂျာမနီ၊ ဆွစ်ဇလန်က ကလပ်တွေကလည်း ချိတ်ဆက်နေတယ် ဒါပေမယ့် လီဗာပူးဘက်ကတော့ သူ့ကို ချန်ပီယံရှစ်ကလပ် တစ်သင်းထံ အငှားပို့လိုနေတယ်။
အင်္ဂလန်လိဂ်ရဲ့ ကလပ်တစ်သင်းမှာပဲ စီနီယာအဆင့်ပွဲတွေအတွက် ကြိုးစားခွင့်ရမယ်ဆိုရင် ဆပ်ရဲ့ တိုးတက်မှုအတွက်ကော၊ လာမယ့်ရာသီ လီဗာပူးအတွက် အသုံးချဖို့ပါ ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်လာမယ်လို့ အသင်းဘက်က တွက်ဆနေကြပါတယ်။
ZAWGYI
၂၀၁၉ မှာ လီဗာပူးအသင်းက နယ်သာလန်ကလပ် PEC Zwolle ကနေ ပေါင် ၁.၃ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ နယ်သာလန်သား ခံစစ်သမား ဗန်ဒန်ဘတ်ခ်ျဟာ အင်္ဂလန်မြေမှာ စတင် အသားကျလာခဲ့ပြီဖြစ်ပါတယ်။
မနှစ်တုန်းက စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခွင့်ရခဲ့သလို ၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဗန်ဒန်ဘတ်ခ်ျဟာ မျှော်လင့်ထားသလို စွမ်းဆောင်ရည်တွေ မပြနိုင်ခဲ့ပါဘူး။ နယ်မြေသစ်မှာ ခြားနားတဲ့ ကစားဟန်တွေအောက် လေ့လာသင်ယူရင်း တိုးတက်မှုရှာခဲ့ရတဲ့ ဗန်ဒန်ဘတ်ခ်ျဟာ စီနီယာအဆင့်အတွက် အဆင်မပြေသေးဘူးဆိုတာကို နည်းပြအဖွဲ့က နားလည်ခဲ့တယ်။
တနင်္လာနေ့က အဲဗာတန်ကို ၁-၁ သရေကျတဲ့ လူငယ်ပွဲမှာတော့ ဗန်ဒန်ဘတ်ခ်ျဟာ ပွဲရဲ့ အကောင်းဆုံး ခြေစွမ်းတင် မဟုတ်ဘဲ အသင်းဖော်ဖြစ်တဲ့ ကိုမတ်တီယိုကိုပါ သူနဲ့အတူ အသားကျအောင် ကူညီကာ ကစားပေးနိုင်စွမ်းတွေ ပြသခဲ့တယ်။