‘El Nino’ လို့ ချစ်စနို ခေါ်ဝေါ်ကြတဲ့ စပိန်တိုက်စစ်သမား ဖာနန်ဒို တောရက်စ်က သူ့ရဲ့ ခန္ဓာကိုယ်ပုံစံ အပြောင်းအလဲကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ရာက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ကစားသမားဘဝ အနားယူပြီးနောက် တောရက်စ် Gym ကစားနေတဲ့ ပုံတွေနဲ့ ဘော်ဒီထွက်လာတာတွေကို ပရိသတ်တွေ သတိပြုမိကြပေမယ့် အခုလောက် သေချာ မြင်ခဲ့ရခြင်း မရှိပါဘူး။ အက်သလက်တီကို အရန်အသင်းရဲ့ နည်းပြဟာ လော့ဒေါင်းကာလမှာ မာဆယ်တွေ တက်လာဖို့ စတင် ကြိုးစားလာခဲ့တာဖြစ်တယ်။

လွန်ခဲ့တဲ့ ၁၈ လက ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ကာ နည်းပြလောကထဲ ဝင်ရောက်လာပြီဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ကစားသမားဟောင်းက AW8 အဖွဲ့ရဲ့ အရှေ့တောင်အာရှ သံတမန်အဖြစ် တာဝန်ယူခဲ့ပြီဖြစ်တယ်။ အဆိုပါ တာဝန်ယူမှု ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ရာက သူ့ရဲ့ တောင့်တင်းတဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို ပရိသတ်တွေ မြင်လာခဲ့ကြတာပါ။

တောရက်စ်ရဲ့ ပရိသတ်တွေက ပုံမှန် မြင်တွေ့နေကျ မဟုတ်တဲ့ ကစားသမားဟောင်းရဲ့ ဘော်ဒီကို ကြည့်ပြီး အံ့အားသင့်ခဲ့ကြတယ်။ လီဗာပူးပရိသတ်တွေကဆိုရင် အိုထရတ်ဖိုဒ့်မှာ တောရက်စ်ရဲ့ နောက်ကောက်ချခံခဲ့ရတဲ့ ဗီဒစ်ကို ဒီတစ်ကြိမ် တောရက်စ်ရဲ့ ဗီဒီယို ကြည့်စေခဲ့ရင် မယုံနိုင်တာကြောင့် နောက်တစ်ကြိမ် ဖင်ထိုင်ကျလိမ့်မယ်လို့ ဟာသလုပ်ခဲ့ကြပါတယ်။

တောရက်စ်ဟာ အက်သလက်တီကိုကနေ ထွက်ခွာပြီးနောက် ဂျပန်လိဂ်မှာ သွားရောက် ကစားခဲ့ပါတယ်။ အဲ့နောက်မှာ သူက ယူအီးအက်ဖ်အေ နည်းပြ လိုင်စင်အတွက် တက်ရောက်မှုတွေ လုပ်ခဲ့ကာ အခုဆိုရင် တီကို အရန်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေပါပြီ။

ကစားသမားဘဝ တိုက်စစ်သမားအဖြစ် ကစားခဲ့တဲ့ တောရက်စ်ဟာ ထူးချွန်တဲ့ နည်းစနစ်ပိုင်း အမြင်ရှိသူလို့ သူနဲ့အတူ သင်တန်းတက်ခဲ့တဲ့ ကစားသမားတွေက ဖွင့်ဟထားကြတယ်။ အနာဂတ်မှာ မန်နေဂျာတစ်ယောက်အဖြစ် သူ့ရဲ့ အရည်အချင်းကို ထပ်ပြသနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

‘El Nino’ လို႔ ခ်စ္စႏို ေခၚေဝၚၾကတဲ့ စပိန္တိုက္စစ္သမား ဖာနန္ဒို ေတာရက္စ္က သူ႔ရဲ႕ ခႏၶာကိုယ္ပံုစံ အေျပာင္းအလဲကို အင္စတာဂရမ္မွာ ေဖာ္ျပခဲ့ရာက ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ကစားသမားဘဝ အနားယူျပီးေနာက္ ေတာရက္စ္ Gym ကစားေနတဲ့ ပံုေတြနဲ႔ ေဘာ္ဒီထြက္လာတာေတြကို ပရိသတ္ေတြ သတိျပဳမိၾကေပမယ့္ အခုေလာက္ ေသခ်ာ ျမင္ခဲ့ရျခင္း မရွိပါဘူး။ အက္သလက္တီကို အရန္အသင္းရဲ႕ နည္းျပဟာ ေလာ့ေဒါင္းကာလမွာ မာဆယ္ေတြ တက္လာဖို႔ စတင္ ၾကိဳးစားလာခဲ့တာျဖစ္တယ္။

လြန္ခဲ့တဲ့ ၁၈ လက ကစားသမားဘဝက အနားယူခဲ့ျပီျဖစ္ကာ နည္းျပေလာကထဲ ဝင္ေရာက္လာျပီျဖစ္တဲ့ အသက္ ၃၆ ႏွစ္အရြယ္ ကစားသမားေဟာင္းက AW8 အဖြဲ႔ရဲ႕ အေရွ႔ေတာင္အာရွ သံတမန္အျဖစ္ တာဝန္ယူခဲ့ျပီျဖစ္တယ္။ အဆိုပါ တာဝန္ယူမႈ ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ခဲ့ရာက သူ႔ရဲ႕ ေတာင့္တင္းတဲ့ ၾကြက္သားေတြနဲ႔ ခႏၶာကိုယ္ကို ပရိသတ္ေတြ ျမင္လာခဲ့ၾကတာပါ။

ေတာရက္စ္ရဲ႕ ပရိသတ္ေတြက ပံုမွန္ ျမင္ေတြ႔ေနက် မဟုတ္တဲ့ ကစားသမားေဟာင္းရဲ႕ ေဘာ္ဒီကို ၾကည့္ျပီး အံ့အားသင့္ခဲ့ၾကတယ္။ လီဗာပူးပရိသတ္ေတြကဆိုရင္ အိုထရတ္ဖိုဒ့္မွာ ေတာရက္စ္ရဲ႕ ေနာက္ေကာက္ခ်ခံခဲ့ရတဲ့ ဗီဒစ္ကို ဒီတစ္ၾကိမ္ ေတာရက္စ္ရဲ႕ ဗီဒီယို ၾကည့္ေစခဲ့ရင္ မယံုႏုိင္တာေၾကာင့္ ေနာက္တစ္ၾကိမ္ ဖင္ထိုင္က်လိမ့္မယ္လို႔ ဟာသလုပ္ခဲ့ၾကပါတယ္။

ေတာရက္စ္ဟာ အက္သလက္တီကိုကေန ထြက္ခြာျပီးေနာက္ ဂ်ပန္လိဂ္မွာ သြားေရာက္ ကစားခဲ့ပါတယ္။ အဲ့ေနာက္မွာ သူက ယူအီးအက္ဖ္ေအ နည္းျပ လိုင္စင္အတြက္ တက္ေရာက္မႈေတြ လုပ္ခဲ့ကာ အခုဆိုရင္ တီကို အရန္အသင္းမွာ နည္းျပအျဖစ္ တာဝန္ယူေနပါျပီ။

ကစားသမားဘဝ တိုက္စစ္သမားအျဖစ္ ကစားခဲ့တဲ့ ေတာရက္စ္ဟာ ထူးခၽြန္တဲ့ နည္းစနစ္ပိုင္း အျမင္ရွိသူလို႔ သူနဲ႔အတူ သင္တန္းတက္ခဲ့တဲ့ ကစားသမားေတြက ဖြင့္ဟထားၾကတယ္။ အနာဂတ္မွာ မန္ေနဂ်ာတစ္ေယာက္အျဖစ္ သူ႔ရဲ႕ အရည္အခ်င္းကို ထပ္ျပသႏုိင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။